
အက်စ်တွန်ဗီလာအတွက် ပွဲဦးထွက်မှာတင် ဗီလာအတွက်
ချေပဂိုးသွင်းပေးခဲ့တဲ့ ကော်တင်ဟို ကြောင့် ဗီလာပရိသတ်တွေ
အရမ်း ကိုကျေနပ်နေကြရုံသာမက မန်ယူရမယ့် ၃ မှတ်ကို
ငြင်းပယ်နိုင်ခဲ့တဲ့အတွက်လည်း
လီဗာပူး ပရိသတ်တွေပျော်ရွှင် နေကြတယ်လို့ သိရပါတယ်။
ကော်တင်ဟို ဟာ ၂၀၁၈ တုန်းကလီဗာပူးကနေ
ပေါင် ၁၄၂ သန်းနဲ့ ဘာစီလိုနာကိုပြောင်းသွားသူ ဖြစ်ပြီး
နောက်ဆုံးမှာ ဗီလာကို အငှားနဲ့ပြန်ရောက်လာကာ
ပရီးမီးယားလိဂ်ကိုပြန်ခြေချနိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာဗီလာက မန်ယူကို အိမ်ကွင်းမှာ ၂-၁ နဲ့ရှုံးနေချိန်ဖြစ်တဲ့
ပွဲချိန် ၆၈ မိနစ်မှာလူစားဝင်လာတာဖြစ်ပြီး
သူဝင်လာပြီး ၁၃ မိနစ်အကြာမှာတင် ချေပဂိုးကိုသွင်းယူပေးခဲ့တာပါ။
ဒီဂိုးဟာ ဗီလာကိုတစ်မှတ်ရရှိစေခဲ့လို့ အဖိုးတန်ချေပဂိုးဖြစ်ခဲ့တဲ့အပြင်
ပရီးမီးယားလိဂ်ကိုပြန် လာပြီးနောက် ပထမဆုံးပွဲမှာတင်
ဂိုးသွင်းနိုင်ခဲ့တာဖြစ်လို့ အားလုံးအတွက်
အမှတ်တရရှိစေမယ့်ဂိုးလည်းဖြစ်ခဲ့ပါတယ်။
ကော် တင်ဟို ရဲ့ကစားပုံဟာဗီလာကို အများကြီးအကျိုးရှိစေခဲ့ပြီး
သူဝင်လာပြီး ၁၀ မိနစ်အကြာမှာတင် ဂျာကော့ဘ်ရမ်းဆေး က
ချေပ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ကော်တင်ဟိုအတွက်ဂိုးကိုလည်း
ရမ်းဆေးကဘဲဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ဘရာဇီးသားကော်တင်ဟိုနဲ့ လီဗာပူးမှာကစားဖော်ဟောင်းတွေဖြစ်ခဲ့သေးတဲ့
တောင်ပံကစာသမားလူးဝစ်ဂါစီယာက တွစ်တာက နေ”
ပရီးမီးယားလိဂ်ကနေပြန်လည်ကြိုဆိုပါတယ် ကော်တင်ဟို။
ကျေးဇူးလည်းတင်ပါတယ်။ တစ်ကြိမ်နီလိုက်ပြီးရင်
အမြဲတမ်း အနီပါဘဲ” လို့ ပို့စ်တင်ခဲ့ပါတယ်။
နောက်ထပ်လီဗာပူးပရိသတ်တစ်ဦးရဲ့ပို့စ်တစ်ခုမှာ”
ပရီးမီးယားလိဂ်မှာ ကော်တင်ဟိုခြေစွမ်း ပြနိုင်ရဲ့သားနဲ့
သူဘာကြောင့်စွန့်သွားတာလဲမသိဘူး”၊
နောက်တစ်ဦးကလည်း” ကော်တင်ဟိုက ကမ္ဘာ့အဆင့်ကစားသမားပါ။
ဘာစီလိုနာမှာသူမအောင်မြင်ခဲ့တာဟာ သူ့ခြေစွမ်းကြောင့်ဆိုတာထက်
စီမံခန့်ခွဲမှုအမှားတွေကြောင့်သာဖြစ်တယ်” လို့ဆိုခဲ့ကြ ပါတယ်။
ကော်တင်ဟိုဟာ လီဗာပူးနဲ့နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၇-၁၈ ရဲ့
ရာသီပထမပိုင်းမှာ ၁၃ ပွဲကစားပြီး ၇ ဂိုးသွင်းကာ ၆ ဂိုးဖန်တီးခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၈ ဆောင်းရာသီဈေးကွက်ထဲမှာ
ဘာစီလိုနာကိုပြောင်းသွားတာဖြစ်ပါတယ်။
zawgyi
ေကာ္တင္ဟိုဂိုးသြင္းႏိုင္လို႔ ဗီလာထက္ လီဗာပူးပရိသတ္ေတြပိုကဲေန
အက္စ္တြန္ဗီလာအတြက္ ပြဲဦးထြက္မွာတင္ ဗီလာအတြက္
ေခ်ပဂိုးသြင္းေပးခဲ့တဲ့ ေကာ္တင္ဟို ေၾကာင့္ ဗီလာပရိသတ္ေတြ
အရမ္း ကိုေက်နပ္ေနၾက႐ုံသာမက မန္ယူရမယ့္ ၃ မွတ္ကို
ျငင္းပယ္ႏိုင္ခဲ့တဲ့အတြက္လည္း
လီဗာပူး ပရိသတ္ေတြေပ်ာ္႐ႊင္ ေနၾကတယ္လို႔ သိရပါတယ္။
ေကာ္တင္ဟို ဟာ ၂၀၁၈ တုန္းကလီဗာပူးကေန
ေပါင္ ၁၄၂ သန္းနဲ႔ ဘာစီလိုနာကိုေျပာင္းသြားသူ ျဖစ္ၿပီး
ေနာက္ဆုံးမွာ ဗီလာကို အငွားနဲ႔ျပန္ေရာက္လာကာ
ပရီးမီးယားလိဂ္ကိုျပန္ေျခခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။
သူဟာဗီလာက မန္ယူကို အိမ္ကြင္းမွာ ၂-၁ နဲ႔ရႈံးေနခ်ိန္ျဖစ္တဲ့
ပြဲခ်ိန္ ၆၈ မိနစ္မွာလူစားဝင္လာတာျဖစ္ၿပီး
သူဝင္လာၿပီး ၁၃ မိနစ္အၾကာမွာတင္ ေခ်ပဂိုးကိုသြင္းယူေပးခဲ့တာပါ။
ဒီဂိုးဟာ ဗီလာကိုတစ္မွတ္ရရွိေစခဲ့လို႔ အဖိုးတန္ေခ်ပဂိုးျဖစ္ခဲ့တဲ့အျပင္
ပရီးမီးယားလိဂ္ကိုျပန္ လာၿပီးေနာက္ ပထမဆုံးပြဲမွာတင္
ဂိုးသြင္းႏိုင္ခဲ့တာျဖစ္လို႔ အားလုံးအတြက္
အမွတ္တရရွိေစမယ့္ဂိုးလည္းျဖစ္ခဲ့ပါတယ္။
ေကာ္ တင္ဟို ရဲ႕ကစားပုံဟာဗီလာကို အမ်ားႀကီးအက်ိဳးရွိေစခဲ့ၿပီး
သူဝင္လာၿပီး ၁၀ မိနစ္အၾကာမွာတင္ ဂ်ာေကာ့ဘ္ရမ္းေဆး က
ေခ်ပ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ေကာ္တင္ဟိုအတြက္ဂိုးကိုလည္း
ရမ္းေဆးကဘဲဖန္တီးေပးခဲ့တာျဖစ္ပါတယ္။
ဘရာဇီးသားေကာ္တင္ဟိုနဲ႔ လီဗာပူးမွာကစားေဖာ္ေဟာင္းေတြျဖစ္ခဲ့ေသးတဲ့
ေတာင္ပံကစာသမားလူးဝစ္ဂါစီယာက တြစ္တာက ေန”
ပရီးမီးယားလိဂ္ကေနျပန္လည္ႀကိဳဆိုပါတယ္ ေကာ္တင္ဟို။
ေက်းဇူးလည္းတင္ပါတယ္။ တစ္ႀကိမ္နီလိုက္ၿပီးရင္
အၿမဲတမ္း အနီပါဘဲ” လို႔ ပို႔စ္တင္ခဲ့ပါတယ္။
ေနာက္ထပ္လီဗာပူးပရိသတ္တစ္ဦးရဲ႕ပို႔စ္တစ္ခုမွာ”
ပရီးမီးယားလိဂ္မွာ ေကာ္တင္ဟိုေျခစြမ္း ျပႏိုင္ရဲ႕သားနဲ႔
သူဘာေၾကာင့္စြန႔္သြားတာလဲမသိဘူး”၊
ေနာက္တစ္ဦးကလည္း” ေကာ္တင္ဟိုက ကမာၻ႔အဆင့္ကစားသမားပါ။
ဘာစီလိုနာမွာသူမေအာင္ျမင္ခဲ့တာဟာ သူ႔ေျခစြမ္းေၾကာင့္ဆိုတာထက္
စီမံခန႔္ခြဲမႈအမွားေတြေၾကာင့္သာျဖစ္တယ္” လို႔ဆိုခဲ့ၾက ပါတယ္။
ေကာ္တင္ဟိုဟာ လီဗာပူးနဲ႔ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၇-၁၈ ရဲ႕
ရာသီပထမပိုင္းမွာ ၁၃ ပြဲကစားၿပီး ၇ ဂိုးသြင္းကာ ၆ ဂိုးဖန္တီးခဲ့သူျဖစ္ပါတယ္။
ဒါေပမယ့္ ၂၀၁၈ ေဆာင္းရာသီေဈးကြက္ထဲမွာ ဘာစီလိုနာကိုေျပာင္းသြားတာျဖစ္ပါတယ္။