
ထောင်ပေါင်းများစွာသောလီဗာပူးပရိသတ်များဟာအန်ဖီးလ်ကွင်းတွင်
မနေ့တုန်းကမြို့ခံပြိုင်ဘက်အဲဗာတန်အသင်းရဲ့နည်းပြရာထူးမှ
ထုတ်ပယ်ခြင်းခံရတဲ့ရာဖေးလ်ဘင်နီတက်ဇ်ရဲ့အမည်ကို
သံပြိုင်အော်ဟစ်ခဲ့ကြပါတယ်။
အဲဗာတန်ဟာတန်းဆင်းဇုန်တွင်ရုန်းကန်နေရတဲ့နော့ဝှစ်ချ်ကိုရှုံးနိမ့်ပြီးနောက်
ဘင်နီတက်ဇ်ကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။
အဲဗာတန်ဟာစက်တင်ဘာလနောက်ပိုင်းတွင်နိုင်ပွဲတစ်ပွဲတည်းသာရယူထားနိုင်ပြီး
တန်ဆင်းဇုန်နှင့်၆မှတ်အကွာသို့ရောက်နေပါတယ်။
အဲဒီလို ရလဒ်ဆိုးရွားမှုနဲ့အတူ ဘင်နီတက်ဇ်
ရာထူးမှထုတ်ပယ်ခံရမှုက အံ့ဩစရာဖြစ်မနေပါဘူး။
အဲဗာတန်ရဲ့ မြိုခံပြိုင်ဘက်ဖြစ်တဲ့ လီဗာပူးအသင်းကို
လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဘင်နီတက်ဇ်ဟာ ကိုင်တွယ်ခဲ့ပြီး
ချန်ပီယံလိဂ်ဖလားအပါအဝင် အောင်မြင်မှုတွေ ရရှိခဲ့တဲ့
ဂန္တဝင်နည်းပြတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်မို့ အဲဗာတန်အသင်းမှာ ရလဒ်မကောင်းအောင်
ဘင်နီတက်ဇ်များ တမင်လုပ်နေတာလားဆိုပြီး
လီဗာပူးပရိသတ်တွေကတော့ အေးဂျင့်ရာဖာဟု
သူတို့ရဲ့ နည်းပြဟောင်းကြီးကို ကင်ပွန်းတပ်နာမည်ပေးခဲ့ကြပါတယ်။
“မစ်ရှင်ကတော့ ပြီးမြောက်သွားပါပြီ အေးဂျင့်ရာဖာ” ..
“အေးဂျင့်ရာဖာ အိမ်ကို ပြန်လို့ရပါပြီ အလုပ်ပြီးမြောက်ပါပြီ “
“သင်လုပ်ပေးခဲ့တာတွေအတွက် ကျွန်တော်တို့မေ့မှာမဟုတ်ပါဘူး “
“ရာဖာက ဒီဂ်နေးကို ရောင်းချလိုက်တယ် ဘာလို့လဲဆိုတော့
သူရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အဲဗာတန် ပေးနိုင်အောင်လို့ပါ။”
“အဲဗာတန်မှာ ရာဖာ ဘယ်တော့မှ အဆုံးသတ်ကောင်းမှာမဟုတ်ပါဘူး
သူက ထိပ်တန်းလျိုဝှက်အေးဂျင့် တစ်ယောက် ဖြစ်ခဲ့ပါတယ်။”
စသဖြင့် လီဗာပူးပရိသတ်တွေကတော့ နောက်ပြောင်ကာ မှတ်ချက်ပြုခဲ့ကြပါတယ်။
zawgyi
လီဗာပူး ပရိသတ္မ်ား ေလွာင္ေျပာင္တာခံလိုက္ရတဲ့ အလုပ္ထုတ္ခံရတဲ့ ဘင္နီတက္ဇ္
ေထာင္ေပါင္းမ်ားစြာေသာလီဗာပူးပရိသတ္မ်ားဟာအန္ဖီးလ္ကြင္းတြင္
မေန႔တုန္းကၿမိဳ႕ခံၿပိဳင္ဘက္အဲဗာတန္အသင္းရဲ႕နည္းျပရာထူးမွ
ထုတ္ပယ္ျခင္းခံရတဲ့ရာေဖးလ္ဘင္နီတက္ဇ္ရဲ႕အမည္ကို
သံၿပိဳင္ေအာ္ဟစ္ခဲ့ၾကပါတယ္။
အဲဗာတန္ဟာတန္းဆင္းဇုန္တြင္႐ုန္းကန္ေနရတဲ့ေနာ့ဝွစ္ခ်္ကိုရႈံးနိမ့္ၿပီးေနာက္
ဘင္နီတက္ဇ္ကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။
အဲဗာတန္ဟာစက္တင္ဘာလေနာက္ပိုင္းတြင္ႏိုင္ပြဲတစ္ပြဲတည္းသာရယူထားႏိုင္ၿပီး
တန္ဆင္းဇုန္ႏွင့္၆မွတ္အကြာသို႔ေရာက္ေနပါတယ္။
အဲဒီလို ရလဒ္ဆိုး႐ြားမႈနဲ႔အတူ ဘင္နီတက္ဇ္
ရာထူးမွထုတ္ပယ္ခံရမႈက အံ့ဩစရာျဖစ္မေနပါဘူး။
အဲဗာတန္ရဲ႕ ၿမိဳခံၿပိဳင္ဘက္ျဖစ္တဲ့ လီဗာပူးအသင္းကို
လြန္ခဲ့တဲ့ ၆ႏွစ္ခန႔္က ဘင္နီတက္ဇ္ဟာ ကိုင္တြယ္ခဲ့ၿပီး
ခ်န္ပီယံလိဂ္ဖလားအပါအဝင္ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့
ဂႏၲဝင္နည္းျပတစ္ဦး ျဖစ္ခဲ့ပါတယ္။
ဒါေၾကာင့္မို႔ အဲဗာတန္အသင္းမွာ ရလဒ္မေကာင္းေအာင္
ဘင္နီတက္ဇ္မ်ား တမင္လုပ္ေနတာလားဆိုၿပီး
လီဗာပူးပရိသတ္ေတြကေတာ့ ေအးဂ်င့္ရာဖာဟု
သူတို႔ရဲ႕ နည္းျပေဟာင္းႀကီးကို ကင္ပြန္းတပ္နာမည္ေပးခဲ့ၾကပါတယ္။
“မစ္ရွင္ကေတာ့ ၿပီးေျမာက္သြားပါၿပီ ေအးဂ်င့္ရာဖာ” ..
“ေအးဂ်င့္ရာဖာ အိမ္ကို ျပန္လို႔ရပါၿပီ အလုပ္ၿပီးေျမာက္ပါၿပီ “
“သင္လုပ္ေပးခဲ့တာေတြအတြက္ ကြၽန္ေတာ္တို႔ေမ့မွာမဟုတ္ပါဘူး “
“ရာဖာက ဒီဂ္ေနးကို ေရာင္းခ်လိုက္တယ္ ဘာလို႔လဲဆိုေတာ့
သူရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို အဲဗာတန္ ေပးႏိုင္ေအာင္လို႔ပါ။”
“အဲဗာတန္မွာ ရာဖာ ဘယ္ေတာ့မွ အဆုံးသတ္ေကာင္းမွာမဟုတ္ပါဘူး
သူက ထိပ္တန္းလ်ိဳဝွက္ေအးဂ်င့္ တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။”
စသျဖင့္ လီဗာပူးပရိသတ္ေတြကေတာ့ ေနာက္ေျပာင္ကာ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။