Little Messi လို့ချစ်စနိုးအမည်ပေးခြင်းခံထားရတဲ့ ဇင်အလီဆယ်မန်ကို ခေါ်ယူလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာနောက်အနာဂတ်ရေရှည်ကိုကြည့်ပြီးအသက်၅နှစ်ပြည့်ရုံသာ

ရှိသေးတဲ့ပါရမီရှင်လေးတစ်ဦးကိုခေါ်ယူလိုက်ပါတယ်။ယင်းကလေးလေးဟာ

ဘောလုံးပါရမီထူးချွန်လွန်းတာကြောင့် Little Messi လို့ချစ်စနိုးအမည်ပေးခြင်းခံထားရပါတယ်။

ဇင်အလီဆယ်မန်ဟာသူ့အသက်အရွယ်နဲ့မမျှအောင်ဘောလုံးပါရမီ

ထူးချွန်ထက်မြတ်လွန်းတာကြောင့်အာဆင်နယ်ရဲ့အကယ်ဒမီအကြိုသို့

ပူးပေါင်းခွင့်ရရှိတဲ့အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

အသက် ၅ နှစ်သာရှိသေးတဲ့ ဇင်အလီဆယ်မန်ဟာ သူ့ထက်အသက်နှစ်ဆကြီးတဲ့

ကလေးများနှင့်ယှဉ်ပြိုင်ကစားနိုင်စွမ်းရှိတဲ့ပြင်ပြေးလွှားကျော်ခေါက်နိုင်စွမ်းလည်း

ရှိသူလည်းဖြစ်ပါတယ်။ အာဆင်နယ်ဟာသူ့ကို First Touch Football Academy မှာ

တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ First Touch Football Academy မှ

နည်းပြအော်စတင်ရှိုးဖီးလ်ကဇင်အလီဆယ်မန်တွင်အလားအလာကောင်းစွာရှိကြောင်းဆိုသွားပါတယ်။

ရှိုးဖီးလ်က “အစတုန်းကသူ့ကိုလေးနှစ်၊ငါးနှစ်၊ခြောက်နှစ်ကလေးတွေနဲ့

ကစားခိုင်းတယ်။သူကခေါင်းတလုံးပိုသာနေတယ်။ပုခုံးသာနေတယ်။

သူတို့ထက်လည်းမြန်တယ်။ဘောလုံးကန်တာ၊ပေးတာတွေကလည်းအားလုံးထက်သာနေတယ်။

သူ့အဖေနဲ့စကားပြောကြည့်တော့သူ့အဖေကသူ့ထက်အသက်ကြီးတဲ့သူတွေနဲ့

ကြိုးစားကြည့်ချင်နေတာတွေ့ရတယ်။ကျွန်တော်ကလည်းဘာလို့မစမ်းကြည့်ရမလဲပေါ့၊

သူ့အခြေအနေကြည့်ချင်နေခဲ့တယ်”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ကင်းထောက်စတီဖင်ဒိန်းကလည်းဇေအလီဆယ်မန်မှာ

တစ်နေ့တွင်ထူးချွန်တဲ့ဘောလုံးသမားတစ်ဦးဖြစ်နိုင်ကြောင်းလည်းဆိုသွားပါတယ်။

၎င်းက “ဒီကလေးဟာသူ့အသက်အရွယ်နဲ့မလုပ်နိုင်တဲ့အရာကိုလုပ်နေတယ်။

သူ့ဘောလုံးကန်ပုံကတကယ့်လူကြီးတစ်ယောက်လိုပဲ။ဒီတော့ကျွန်တော့်သူငယ်ချင်းကို

ဖုန်းခေါ်လိုက်တယ်။သူကလည်း ဒီကလေးကလေးနှစ်ပဲရှိသေးတယ်လို့ပြောပါတယ်။

ကျုပ်ကဒီကလေးကို မလုပ်နိုင်စရာမရှိဘူး။နေ့ကလေးထိန်းကျောင်းမှာရှိမနေသင့်ဘူး။

သူ့မိဘတွေနဲ့စကားပြောဖို့ဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက်မှာအခုလိုဖြစ်လာခဲ့ပါတယ်။သူ့ကိုလေ့ကျင့်ခန်းအချို့လုပ်ဖို့ခေါ်ခဲ့တယ်။

သူလည်းကောင်းကောင်းလုပ်ပြတယ်။သူကတစ်ကြိမ်တည်းမဟုတ်ဘူး။

ဆက်တိုက်လုပ်ပြခဲ့တာပါ”လို့ပြောကြားသွားပါတယ်။

ယခုအခါဇေအလီဆယ်မန်ဟာအင်တာစတာဂရမ်မှာနာမည်ကျော်ကြားတဲ့

ကလေးတစ်ဦးဖြစ်နေပြီး Follower ခုနှစ်ထောင်ကျော်ရရှိထားပြီဖြစ်ပါတယ်။

သူ့ရဲ့အောင်မြင်ကျော်ကြားမှုကြောင့်သူ့ရဲ့ပို့စ်ကို ကလေးအဝတ်အစား

ကုမ္ပဏီတစ်ခုကစပွန်ဆာပေးနေပြီဖြစ်ပါတယ်။

zawgyi

Little Messi လို႔ခ်စ္စႏိုးအမည္ေပးျခင္းခံထားရတဲ့ ဇင္အလီဆယ္မန္ကို ေခၚယူလိုက္တဲ့ အာဆင္နယ္

အာဆင္နယ္ဟာေနာက္အနာဂတ္ေရရွည္ကိုၾကည့္ၿပီးအသက္၅ႏွစ္ျပည့္႐ုံသာ

ရွိေသးတဲ့ပါရမီရွင္ေလးတစ္ဦးကိုေခၚယူလိုက္ပါတယ္။ယင္းကေလးေလးဟာ

ေဘာလုံးပါရမီထူးခြၽန္လြန္းတာေၾကာင့္ Little Messi လို႔ခ်စ္စႏိုးအမည္ေပးျခင္းခံထားရပါတယ္။

ဇင္အလီဆယ္မန္ဟာသူ႔အသက္အ႐ြယ္နဲ႔မမွ်ေအာင္ေဘာလုံးပါရမီ

ထူးခြၽန္ထက္ျမတ္လြန္းတာေၾကာင့္အာဆင္နယ္ရဲ႕အကယ္ဒမီအႀကိဳသို႔

ပူးေပါင္းခြင့္ရရွိတဲ့အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

အသက္ ၅ ႏွစ္သာရွိေသးတဲ့ ဇင္အလီဆယ္မန္ဟာ သူ႔ထက္အသက္ႏွစ္ဆႀကီးတဲ့

ကေလးမ်ားႏွင့္ယွဥ္ၿပိဳင္ကစားႏိုင္စြမ္းရွိတဲ့ျပင္ေျပးလႊားေက်ာ္ေခါက္ႏိုင္စြမ္းလည္း

ရွိသူလည္းျဖစ္ပါတယ္။ အာဆင္နယ္ဟာသူ႔ကို First Touch Football Academy မွာ

ေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။ First Touch Football Academy မွ

နည္းျပေအာ္စတင္ရႈိးဖီးလ္ကဇင္အလီဆယ္မန္တြင္အလားအလာေကာင္းစြာရွိေၾကာင္းဆိုသြားပါတယ္။

ရႈိးဖီးလ္က “အစတုန္းကသူ႔ကိုေလးႏွစ္၊ငါးႏွစ္၊ေျခာက္ႏွစ္ကေလးေတြနဲ႔

ကစားခိုင္းတယ္။သူကေခါင္းတလုံးပိုသာေနတယ္။ပုခုံးသာေနတယ္။

သူတို႔ထက္လည္းျမန္တယ္။ေဘာလုံးကန္တာ၊ေပးတာေတြကလည္းအားလုံးထက္သာေနတယ္။

သူ႔အေဖနဲ႔စကားေျပာၾကည့္ေတာ့သူ႔အေဖကသူ႔ထက္အသက္ႀကီးတဲ့သူေတြနဲ႔

ႀကိဳးစားၾကည့္ခ်င္ေနတာေတြ႕ရတယ္။ကြၽန္ေတာ္ကလည္းဘာလို႔မစမ္းၾကည့္ရမလဲေပါ့၊

သူ႔အေျခအေနၾကည့္ခ်င္ေနခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ကင္းေထာက္စတီဖင္ဒိန္းကလည္းေဇအလီဆယ္မန္မွာ

တစ္ေန႔တြင္ထူးခြၽန္တဲ့ေဘာလုံးသမားတစ္ဦးျဖစ္ႏိုင္ေၾကာင္းလည္းဆိုသြားပါတယ္။

၎က “ဒီကေလးဟာသူ႔အသက္အ႐ြယ္နဲ႔မလုပ္ႏိုင္တဲ့အရာကိုလုပ္ေနတယ္။

သူ႔ေဘာလုံးကန္ပုံကတကယ့္လူႀကီးတစ္ေယာက္လိုပဲ။ဒီေတာ့ကြၽန္ေတာ့္သူငယ္ခ်င္းကို

ဖုန္းေခၚလိုက္တယ္။သူကလည္း ဒီကေလးကေလးႏွစ္ပဲရွိေသးတယ္လို႔ေျပာပါတယ္။

က်ဳပ္ကဒီကေလးကို မလုပ္ႏိုင္စရာမရွိဘူး။ေန႔ကေလးထိန္းေက်ာင္းမွာရွိမေနသင့္ဘူး။

သူ႔မိဘေတြနဲ႔စကားေျပာဖို႔ဆုံးျဖတ္ခဲ့တယ္။

အဲဒီေနာက္မွာအခုလိုျဖစ္လာခဲ့ပါတယ္။သူ႔ကိုေလ့က်င့္ခန္းအခ်ိဳ႕လုပ္ဖို႔ေခၚခဲ့တယ္။

သူလည္းေကာင္းေကာင္းလုပ္ျပတယ္။သူကတစ္ႀကိမ္တည္းမဟုတ္ဘူး။

ဆက္တိုက္လုပ္ျပခဲ့တာပါ”လို႔ေျပာၾကားသြားပါတယ္။

ယခုအခါေဇအလီဆယ္မန္ဟာအင္တာစတာဂရမ္မွာနာမည္ေက်ာ္ၾကားတဲ့

ကေလးတစ္ဦးျဖစ္ေနၿပီး Follower ခုႏွစ္ေထာင္ေက်ာ္ရရွိထားၿပီျဖစ္ပါတယ္။

သူ႔ရဲ႕ေအာင္ျမင္ေက်ာ္ၾကားမႈေၾကာင့္သူ႔ရဲ႕ပို႔စ္ကို ကေလးအဝတ္အစား

ကုမၸဏီတစ္ခုကစပြန္ဆာေပးေနၿပီျဖစ္ပါတယ္။