လိုချင်နေသူတွေများပါတယ်ဆိုမှ အစွမ်းထပ်ပြလိုက်ပြန်တဲ့ ဗလာဟိုဗစ်

ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ် ဟာနာပိုလီကို ၅-၂ နဲ့အနိုင်ရခဲ့တဲ့

ကိုပါအီတာလီယာဖလားပွဲစဥ်မှာ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကောင်းမွန်မှုနဲ့

လျင်မြန်မှုကိုပြသပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကအလိုရှိနေတဲ့အပြင် မန်စီးတီးနဲ့ ဂျူဗင်တပ်တို့ကပါ

ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဆာဘီးယားသား ဗလာဟိုဗစ် ဟာဒီပွဲမှာ

သူ့ရဲ့အစွမ်းနဲ့ နာပိုလီနောက်ခံလူ တူအန်ဇီဘီကို အရူးလုပ်ကာ

အဖွင့်ဂိုးကိုလှပစွာသွင်းယူနိုင်ခဲ့တာပါ။

တူအန်ဇီဘီဟာ မန်ယူကနေအငှားလာရောက်ကစားနေသူဖြစ်ပြီး

နာပိုလီအတွင်ပွဲဦးထွက်ပါဝင်ခဲ့ရသူလည်းဖြစ်ပါတယ်။

ဒီပွဲမှာသူခြေစွမ်းပြနိုင်ပေမယ့် ဗလာဟိုဗစ်ရဲ့လှည့်စားမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

ဂိုးဧရိယာထဲမှာ တူအန်ဇီဘီရဲ့လူကပ်ခြင်းကိုခံထားရတဲ့ ဗလာဟိုဗစ် ဆီကို

ကစားဖော် ရီကာဒိုကဘောလုံးပေးပို့ခဲ့ပါတယ်။

ဒါကို ဒီဆားဘီးယားသားက တူအန်ဇီဘီကိုကာပြီး လျင်မြန်စွာကိုယ်ယောင်ပြကာ

ဘယ်ခြေနဲ့ဘောလုံးကိုအနိမ့်ကန်သွင်းခဲ့လို့ ၄၁ မိနစ်မှာ

ဖီအိုရင်တီးနားအဖွင့်ဂိုးရရှိသွားပါတယ်။

သူ့ရဲ့လှည့်စားမှုဟာအံအားသင့်စရာကောင်းလို့ မခွာတမ်းလူကပ်ထားတဲ့

တူအန်ဇီဘီဟာဘယ်လိုမှာတားချိန်မရလိုက်ဘဲဖြစ်သွားတာပါ။

တားမယ်ဆိုရင်လည်း ဖီအိုရင်တီးနားပင်နယ်တီပေးရမယ့်အခြေအနေဖြစ်ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးတဲ့ ဗလာဟိုဗစ် ဟာဒီပွဲမှာဂိုးသွင်းနိုင်ရုံတင်မကဘဲ

သူ့လှုပ်ရှားမှုတွေကလည်းကောင်းမွန်ခဲ့တာကြောင့်

သူ့ကိုအလိုရှိတဲ့အသင်းတွေကို ပိုပြီးအာသာငမ်းငမ်းဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။

သူဟာဒီဂိုးအပါအဝင် ဖီအိုရင်တီးနားအတွက်ဒီရာသီမှာ

၁၉ ဂိုးသွင်းယူထားပြီး ၁၆ ဂိုးက စီးရီးအေမှာရရှိထားတာဖြစ်လို့

ဒီရာသီမှာစွမ်းဆောင်ရည်မြင့်မားတဲ့တိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေပါတယ်။

သူ့ရဲ့အဓိကအရည်အချင်းကတော့ ဂိုးပေါက်ရှေ့မှာအရမ်းကိုမြင်တတ်တာဖြစ်ပါတယ်။

ဒါကြောင့်လည်းသူ့ဂိုးနဲ့ပတ်သက်လို့ ထုံးစံအတိုင်း

တွစ်တာပေါ်မှာချီးကျူးမှုတွေရှိလာခဲ့ပါတယ်။

ဒီပို့စ်တွေကတော့” သူ့ရဲ့ပထမဘောလုံးထိချက်နဲ့

ပြိုင်ဘက်နောက်ခံလူဘာမှလုပ်လို့မရအောင် ဘောလုံးကိုကာထားမှုတွေက

ရူးသွပ်စရာဘဲ” ” လီဝန်ဒေါစကီးလက်သစ်”

” ဗန်နစ္စတယ်ရွိုင်းကိုပြန်အမှတ်ရစေတယ်” အစရှိသဖြင့်

ရေးသားဖော်ပြခဲ့ကြပါတယ်။ ဖီအိုဟာအချိန်ပိုအထိကစားပြီးမှ

၅-၂ နဲ့နိုင်ခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ အတ္တလန္တာနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။

zawgyi

လိုခ်င္ေနသူေတြမ်ားပါတယ္ဆိုမွ အစြမ္းထပ္ျပလိုက္ျပန္တဲ့ ဗလာဟိုဗစ္

ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူဆန္ဗလာဟိုဗစ္ ဟာနာပိုလီကို ၅-၂ နဲ႔အႏိုင္ရခဲ့တဲ့

ကိုပါအီတာလီယာဖလားပြဲစဥ္မွာ သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ေကာင္းမြန္မႈနဲ႔

လ်င္ျမန္မႈကိုျပသၿပီး ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းကအလိုရွိေနတဲ့အျပင္ မန္စီးတီးနဲ႔ ဂ်ဴဗင္တပ္တို႔ကပါ

ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ဆာဘီးယားသား ဗလာဟိုဗစ္ ဟာဒီပြဲမွာ

သူ႔ရဲ႕အစြမ္းနဲ႔ နာပိုလီေနာက္ခံလူ တူအန္ဇီဘီကို အ႐ူးလုပ္ကာ

အဖြင့္ဂိုးကိုလွပစြာသြင္းယူႏိုင္ခဲ့တာပါ။

တူအန္ဇီဘီဟာ မန္ယူကေနအငွားလာေရာက္ကစားေနသူျဖစ္ၿပီး

နာပိုလီအတြင္ပြဲဦးထြက္ပါဝင္ခဲ့ရသူလည္းျဖစ္ပါတယ္။

ဒီပြဲမွာသူေျခစြမ္းျပႏိုင္ေပမယ့္ ဗလာဟိုဗစ္ရဲ႕လွည့္စားမႈကိုေတာ့ မတားဆီးႏိုင္ခဲ့ပါဘူး။

ဂိုးဧရိယာထဲမွာ တူအန္ဇီဘီရဲ႕လူကပ္ျခင္းကိုခံထားရတဲ့ ဗလာဟိုဗစ္ ဆီကို

ကစားေဖာ္ ရီကာဒိုကေဘာလုံးေပးပို႔ခဲ့ပါတယ္။

ဒါကို ဒီဆားဘီးယားသားက တူအန္ဇီဘီကိုကာၿပီး လ်င္ျမန္စြာကိုယ္ေယာင္ျပကာ

ဘယ္ေျခနဲ႔ေဘာလုံးကိုအနိမ့္ကန္သြင္းခဲ့လို႔ ၄၁ မိနစ္မွာ

ဖီအိုရင္တီးနားအဖြင့္ဂိုးရရွိသြားပါတယ္။

သူ႔ရဲ႕လွည့္စားမႈဟာအံအားသင့္စရာေကာင္းလို႔ မခြာတမ္းလူကပ္ထားတဲ့

တူအန္ဇီဘီဟာဘယ္လိုမွာတားခ်ိန္မရလိုက္ဘဲျဖစ္သြားတာပါ။

တားမယ္ဆိုရင္လည္း ဖီအိုရင္တီးနားပင္နယ္တီေပးရမယ့္အေျခအေနျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဗလာဟိုဗစ္ ဟာဒီပြဲမွာဂိုးသြင္းႏိုင္႐ုံတင္မကဘဲ

သူ႔လႈပ္ရွားမႈေတြကလည္းေကာင္းမြန္ခဲ့တာေၾကာင့္

သူ႔ကိုအလိုရွိတဲ့အသင္းေတြကို ပိုၿပီးအာသာငမ္းငမ္းျဖစ္ေစလိမ့္မယ္လို႔လည္း ဆိုပါတယ္။

သူဟာဒီဂိုးအပါအဝင္ ဖီအိုရင္တီးနားအတြက္ဒီရာသီမွာ

၁၉ ဂိုးသြင္းယူထားၿပီး ၁၆ ဂိုးက စီးရီးေအမွာရရွိထားတာျဖစ္လို႔

ဒီရာသီမွာစြမ္းေဆာင္ရည္ျမင့္မားတဲ့တိုက္စစ္မႉးေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ေနပါတယ္။

သူ႔ရဲ႕အဓိကအရည္အခ်င္းကေတာ့ ဂိုးေပါက္ေရွ႕မွာအရမ္းကိုျမင္တတ္တာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းသူ႔ဂိုးနဲ႔ပတ္သက္လို႔ ထုံးစံအတိုင္း

တြစ္တာေပၚမွာခ်ီးက်ဴးမႈေတြရွိလာခဲ့ပါတယ္။

ဒီပို႔စ္ေတြကေတာ့” သူ႔ရဲ႕ပထမေဘာလုံးထိခ်က္နဲ႔

ၿပိဳင္ဘက္ေနာက္ခံလူဘာမွလုပ္လို႔မရေအာင္ ေဘာလုံးကိုကာထားမႈေတြက

႐ူးသြပ္စရာဘဲ” ” လီဝန္ေဒါစကီးလက္သစ္”

” ဗန္နစၥတယ္႐ြိဳင္းကိုျပန္အမွတ္ရေစတယ္” အစရွိသျဖင့္

ေရးသားေဖာ္ျပခဲ့ၾကပါတယ္။ ဖီအိုဟာအခ်ိန္ပိုအထိကစားၿပီးမွ

၅-၂ နဲ႔ႏိုင္ခဲ့တာျဖစ္ၿပီး ကြာတားဖိုင္နယ္မွာ အတၱလႏၲာနဲ႔ေတြ႕ဆုံမွာျဖစ္ပါတယ္။