Let’s go ပါ သရဲနီတွေရေလို့ Instagram မှာ အောင်ပွဲခံတဲ့ စီရော်နယ်ဒို

ဝက်စ်ဟမ်းနဲ့ပွဲက သူ့အသင်းရဲ့နိုင်ပွဲအတွက် မန်ယူကြယ်ပွင့်စီရော်နယ်ဒိုဟာ

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram မှာ အောင်ပွဲခံခဲ့ပါတယ်။

အဲဒီပွဲမှာ မန်ယူဟာ သရေတစ်မှတ်သာ ယူနိုင်တော့မယ်လို့

ထင်မှတ်ခဲ့ရပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့နာကျင်အချိန်ပိုဂိုးနဲ့

အိုးလ်ထရက်ဖို့ဒ်မှာ အမှတ်ပြည့်ယူနိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ရသွားတဲ့အနိုင်ဂိုးမှာ စီရော်နယ်ဒိုလည်း ပါဝင်ပတ်သက်ခဲ့ပြီး

သူက မာရှယ်ဆီဘောလုံးပေးလိုက်ကာ မာရှယ်ကနေ

ကာဗာနီဆီဘောလုံးရောက်သွားပြီး ရှက်ရှ်ဖို့ပိတ်သွင်းနိုင်အောင်

အဲဒီဥရုဂွေးသားက ဖန်တီးပေးခဲ့တာပါ။

စီရော်နယ်ဒိုဟာ သူတို့အသင်းအောင်ပွဲခံတဲ့ပုံနဲ့အတူ

”ပရီးမီးယားလိဂ်မနားခင်(နိုင်ငံတကာကြားဖြတ်ရှိ)

အရေးပါတဲ့နောက်ထပ်နိုင်ပွဲတစ်ပွဲရရှိခဲ့တာပါ။

ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေတွက် နောက်ထပ်ခြေလှမ်းတစ်ခုပေါ့။

ခရီးလမ်းက ကြမ်းတမ်းပြီး အခက်အခဲတွေအပြည့်နဲ့ပါ။

ဒါပေမဲ့ ကျွန်တော်တို့အတူတကွရှိနေကြပြီး ကျွန်တော်တို့ပရိသတ်တွေ

ဂုဏ်ယူရအောင် ကြိုးစားနေပါတယ်။ Let’s go ပါ သရဲနီတွေရေ”လို့

Instagram မှာ ရေးတင်ခဲ့တာပါ။

ဒါပေမဲ့ စီရော်နယ်ဒိုဟာ အဲဒီပွဲမှာ စိတ်တိုင်းမကျခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာဆိုရင် ဖရီးကစ်ကန်ချက် လူတံတိုင်းထိထွက်လာတာကနေ

ဂရင်းဝုဒ်က စီရော်နယ်ဒိုကိုပေးဖို့ထက် ကိုယ်တိုင်ကန်သွင်းနိုင်ဖို့ပဲ လုပ်ခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာလည်း တန်ပြန်တိုက်စစ်မှာ သူလွတ်နေတယ်လို့

စီရော်နယ်ဒိုညွှန်ပြနေတဲ့ကြားက ဂရင်းဝုဒ်ဟာ လျစ်လျူရှုပြီး ကန်သွင်းဖို့သာ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း လူစားဝင်ရက်ရှ်ဖို့ဒ်က နောက်ကျအနိုင်ဂိုးသွင်းသွားလို့

မန်ယူဟာ ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ခဲ့ကာ

ရက်ရှ်ဖု့ိဒ်အတွက် ၂ ပွဲဆက်ဂိုးသွင်းနိုင်မှုလည်း ဖြစ်ခဲ့တာပါ။

zawgyi

Let’s go ပါ သရဲနီေတြေရလို႔ Instagram မွာ ေအာင္ပြဲခံတဲ့ စီေရာ္နယ္ဒို

ဝက္စ္ဟမ္းနဲ႔ပြဲက သူ႔အသင္းရဲ႕ႏိုင္ပြဲအတြက္ မန္ယူၾကယ္ပြင့္စီေရာ္နယ္ဒိုဟာ

ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram မွာ ေအာင္ပြဲခံခဲ့ပါတယ္။

အဲဒီပြဲမွာ မန္ယူဟာ သေရတစ္မွတ္သာ ယူႏိုင္ေတာ့မယ္လို႔

ထင္မွတ္ခဲ့ရေပမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕နာက်င္အခ်ိန္ပိုဂိုးနဲ႔

အိုးလ္ထရက္ဖို႔ဒ္မွာ အမွတ္ျပည့္ယူႏိုင္ခဲ့တာပါ။

ရက္ရွ္ဖို႔ဒ္ရသြားတဲ့အႏိုင္ဂိုးမွာ စီေရာ္နယ္ဒိုလည္း ပါဝင္ပတ္သက္ခဲ့ၿပီး

သူက မာရွယ္ဆီေဘာလုံးေပးလိုက္ကာ မာရွယ္ကေန

ကာဗာနီဆီေဘာလုံးေရာက္သြားၿပီး ရွက္ရွ္ဖို႔ပိတ္သြင္းႏိုင္ေအာင္

အဲဒီဥ႐ုေဂြးသားက ဖန္တီးေပးခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ သူတို႔အသင္းေအာင္ပြဲခံတဲ့ပုံနဲ႔အတူ

”ပရီးမီးယားလိဂ္မနားခင္(ႏိုင္ငံတကာၾကားျဖတ္ရွိ)

အေရးပါတဲ့ေနာက္ထပ္ႏိုင္ပြဲတစ္ပြဲရရွိခဲ့တာပါ။

ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ေတြတြက္ ေနာက္ထပ္ေျခလွမ္းတစ္ခုေပါ့။

ခရီးလမ္းက ၾကမ္းတမ္းၿပီး အခက္အခဲေတြအျပည့္နဲ႔ပါ။

ဒါေပမဲ့ ကြၽန္ေတာ္တို႔အတူတကြရွိေနၾကၿပီး ကြၽန္ေတာ္တို႔ပရိသတ္ေတြ

ဂုဏ္ယူရေအာင္ ႀကိဳးစားေနပါတယ္။ Let’s go ပါ သရဲနီေတြေရ”လို႔

Instagram မွာ ေရးတင္ခဲ့တာပါ။

ဒါေပမဲ့ စီေရာ္နယ္ဒိုဟာ အဲဒီပြဲမွာ စိတ္တိုင္းမက်ခဲ့တဲ့ အခ်ိန္ေတြရွိခဲ့ပါတယ္။

ပြဲခ်ိန္အေစာပိုင္းမွာဆိုရင္ ဖရီးကစ္ကန္ခ်က္ လူတံတိုင္းထိထြက္လာတာကေန

ဂရင္းဝုဒ္က စီေရာ္နယ္ဒိုကိုေပးဖို႔ထက္ ကိုယ္တိုင္ကန္သြင္းႏိုင္ဖို႔ပဲ လုပ္ခဲ့ပါတယ္။

ပထမပိုင္းမၿပီးခင္မွာလည္း တန္ျပန္တိုက္စစ္မွာ သူလြတ္ေနတယ္လို႔

စီေရာ္နယ္ဒိုၫႊန္ျပေနတဲ့ၾကားက ဂရင္းဝုဒ္ဟာ လ်စ္လ်ဴရႈၿပီး ကန္သြင္းဖို႔သာ လုပ္ခဲ့ပါတယ္။

ဒါေပမဲ့လည္း လူစားဝင္ရက္ရွ္ဖို႔ဒ္က ေနာက္က်အႏိုင္ဂိုးသြင္းသြားလို႔

မန္ယူဟာ ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ႏိုင္ခဲ့ကာ

ရက္ရွ္ဖု႔ိဒ္အတြက္ ၂ ပြဲဆက္ဂိုးသြင္းႏိုင္မႈလည္း ျဖစ္ခဲ့တာပါ။