L’Equipe က ရွေးချယ်တဲ့ ၂၀၂၁ ခုနှစ်အကောင်းဆုံးအသင်းမှာပါဝင်ခွင့်ရဖို့ မလုံလောက်ခဲ့တဲ့ မက်ဆီနဲ့စီရော်နယ်လ်ဒို 

PSG အသင်းရဲ့ အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီဟာ

၂၀၂၁ ခုနှစ်အတွင်း Ballon d’Or ဆုကို (၇)ကြိမ်မြောက်ရယူနိုင်ခဲ့ပေမယ့်လည်း

အဲဒီအောင်မြင်မှုက ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က

ရွေးချယ်တဲ့ ၂၀၂၁ ခုနှစ်အကောင်းဆုံးအသင်းမှာပါဝင်ခွင့်ရဖို့ မလုံလောက်ခဲ့ပါဘူး။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်မှာ

ဘာစီလိုနာအသင်းအတွက် စပိန်ဘုရင့်ဖလား၊ အာဂျင်တီးနားအသင်းနဲ့အတူ

လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးအဓိကဆုဖလားအဖြစ်

ကိုပါအမေရိကဖလားရယူခဲ့ပြီး ဒီရာသီအစပိုင်းက ဘာစီလိုနာကနေ

PSG အသင်းဆီ ရုတ်တရက်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ပြင်သစ်မြေမှာ မက်ဆီတစ်ယောက်ရုန်းကန်နေရပြီး

လိဂ်ပြိုင်ပွဲမှာ(၁)ဂိုးသာသွင်းယူထားပေမယ့် ချန်ပီယံလိဂ်မှာတော့

(၅)ဂိုးအထိသွင်းယူထားပါတယ်။ ပြင်သစ်နိုင်ငံမှာ

အထင်ရှားဆုံးအားကစားသတင်းစာဖြစ်တဲ့ L’Equipe ကတော့

၂၀၂၁ ခုနှစ်ရဲ့အကောင်းဆုံး(၁၁)ယောက်စာရင်းမှာ မက်ဆီကို ချန်လှပ်ခဲ့သလို

မန်ချက်စတာယူနိုက်တက်အသင်းနာမည်ကျော်ကစားသမား

စီရော်နယ်လ်ဒိုကိုလည်း မရွေးချယ်ခဲ့ပါဘူး။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ်အတွင်း

သမိုင်းဝင်စံချိန်ဖြစ်တဲ့နိုင်ငံတကာသွင်းဂိုးစံချိန်အပါအဝင်

တစ်ဦးချင်းသွင်းဂိုးစံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပေမယ့်

ဆုဖလားအောင်မြင်မှုမှာတော့ ကြီးကြီးမားမားဘာမှမရခဲ့တဲ့အတွက်

L’Equipe သတင်းစာက စီရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ဖီဖာကမ္ဘာ့အကောင်းဆုံး(၁၁)မှာ အံ့အားသင့်စရာကောင်းအောင်

ချန်လှပ်ခံခဲ့ရတဲ့ ဆာလာဟာ L’Equipe ရဲ့အကောင်းဆုံးအသင်းမှာ

ရွေးချယ်ခံခဲ့ရပြီး သူနဲ့အတူ လီဗာပူးလ်အသင်းဖော်ဖြစ်တဲ့

အာနိုးလ်လည်းပါဝင်ခဲ့ပါတယ်။ ချယ်လ်ဆီးကွင်းလယ်လူနှစ်ဦးဖြစ်တဲ့

ဂျော်ဂျင်ဟိုနဲ့ကွန်တေ၊ မန်စီးတီးအသင်းရဲ့ဘယ်လ်ဂျီယံနာမည်ကျော်ကွင်းလယ်လူ

ဒီဘရိုင်းနားတို့ဟာလည်း အခုစာရင်းမှာရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်အတွက် L’Equipe က ရွေးချယ်ခဲ့တဲ့ အကောင်းဆုံး(၁၁)ဦးစာရင်းမှာ

ဂိုး-မန်ဒီ၊ နောက်တန်း – သီယိုဟာနန်ဒက်ဇ်၊ မာကွင်ဟို့စ်၊ ရူဘီဒီယက်စ်၊

အာနိုးလ်၊ အလယ်တန်း – ဒီဘရိုင်းနား၊ ဂျော်ဂျင်ဟို၊ ကွန်တေ၊

ဆာလာ၊ ရှေ့တန်း – ဘန်ဇီမာ၊ လီဝန်ဒေါစကီးတို့ပါဝင်ခဲ့ကြပါတယ်။

zawgyi

L’Equipe က ေ႐ြးခ်ယ္တဲ့ ၂၀၂၁ ခုႏွစ္အေကာင္းဆုံးအသင္းမွာပါဝင္ခြင့္ရဖို႔ မလုံေလာက္ခဲ့တဲ့ မက္ဆီနဲ႔စီေရာ္နယ္လ္ဒို

PSG အသင္းရဲ႕ အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီဟာ

၂၀၂၁ ခုႏွစ္အတြင္း Ballon d’Or ဆုကို (၇)ႀကိမ္ေျမာက္ရယူႏိုင္ခဲ့ေပမယ့္လည္း

အဲဒီေအာင္ျမင္မႈက ျပင္သစ္နာမည္ေက်ာ္သတင္းစာ L’Equipe က

ေ႐ြးခ်ယ္တဲ့ ၂၀၂၁ ခုႏွစ္အေကာင္းဆုံးအသင္းမွာပါဝင္ခြင့္ရဖို႔ မလုံေလာက္ခဲ့ပါဘူး။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္မွာ

ဘာစီလိုနာအသင္းအတြက္ စပိန္ဘုရင့္ဖလား၊ အာဂ်င္တီးနားအသင္းနဲ႔အတူ

လက္ေ႐ြးစင္ကစားသမားဘဝ ပထမဆုံးအဓိကဆုဖလားအျဖစ္

ကိုပါအေမရိကဖလားရယူခဲ့ၿပီး ဒီရာသီအစပိုင္းက ဘာစီလိုနာကေန

PSG အသင္းဆီ ႐ုတ္တရက္ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ ျပင္သစ္ေျမမွာ မက္ဆီတစ္ေယာက္႐ုန္းကန္ေနရၿပီး

လိဂ္ၿပိဳင္ပြဲမွာ(၁)ဂိုးသာသြင္းယူထားေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့

(၅)ဂိုးအထိသြင္းယူထားပါတယ္။ ျပင္သစ္ႏိုင္ငံမွာ

အထင္ရွားဆုံးအားကစားသတင္းစာျဖစ္တဲ့ L’Equipe ကေတာ့

၂၀၂၁ ခုႏွစ္ရဲ႕အေကာင္းဆုံး(၁၁)ေယာက္စာရင္းမွာ မက္ဆီကို ခ်န္လွပ္ခဲ့သလို

မန္ခ်က္စတာယူႏိုက္တက္အသင္းနာမည္ေက်ာ္ကစားသမား

စီေရာ္နယ္လ္ဒိုကိုလည္း မေ႐ြးခ်ယ္ခဲ့ပါဘူး။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ၂၀၂၁ ခုႏွစ္အတြင္း

သမိုင္းဝင္စံခ်ိန္ျဖစ္တဲ့ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္အပါအဝင္

တစ္ဦးခ်င္းသြင္းဂိုးစံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့ေပမယ့္

ဆုဖလားေအာင္ျမင္မႈမွာေတာ့ ႀကီးႀကီးမားမားဘာမွမရခဲ့တဲ့အတြက္

L’Equipe သတင္းစာက စီေရာ္နယ္လ္ဒိုကို ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။

၂၀၂၁ ဖီဖာကမာၻ႔အေကာင္းဆုံး(၁၁)မွာ အံ့အားသင့္စရာေကာင္းေအာင္

ခ်န္လွပ္ခံခဲ့ရတဲ့ ဆာလာဟာ L’Equipe ရဲ႕အေကာင္းဆုံးအသင္းမွာ

ေ႐ြးခ်ယ္ခံခဲ့ရၿပီး သူနဲ႔အတူ လီဗာပူးလ္အသင္းေဖာ္ျဖစ္တဲ့

အာႏိုးလ္လည္းပါဝင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးကြင္းလယ္လူႏွစ္ဦးျဖစ္တဲ့

ေဂ်ာ္ဂ်င္ဟိုနဲ႔ကြန္ေတ၊ မန္စီးတီးအသင္းရဲ႕ဘယ္လ္ဂ်ီယံနာမည္ေက်ာ္ကြင္းလယ္လူ

ဒီဘ႐ိုင္းနားတို႔ဟာလည္း အခုစာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

၂၀၂၁ ခုႏွစ္အတြက္ L’Equipe က ေ႐ြးခ်ယ္ခဲ့တဲ့ အေကာင္းဆုံး(၁၁)ဦးစာရင္းမွာ

ဂိုး-မန္ဒီ၊ ေနာက္တန္း – သီယိုဟာနန္ဒက္ဇ္၊ မာကြင္ဟို႔စ္၊ ႐ူဘီဒီယက္စ္၊

အာႏိုးလ္၊ အလယ္တန္း – ဒီဘ႐ိုင္းနား၊ ေဂ်ာ္ဂ်င္ဟို၊ ကြန္ေတ၊

ဆာလာ၊ ေရွ႕တန္း – ဘန္ဇီမာ၊ လီဝန္ေဒါစကီးတို႔ပါဝင္ခဲ့ၾကပါတယ္။