
မန်ယူအသင်းဟာ လာမယ့်ရာသီမှာနည်းပြသစ်ခန့်အပ်နိုင်ဖို့အတွက်
ကြိုးစားနေပြီး အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီ ကို
ခေါ်ယူဖို့ဆက်သွယ်နေတယ်လို့ သိရပါတယ်။
အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ အင်ဇာဂီဟာ ဒီရာသီမှာ
လက်ရှိ စီးရီးအေချန်ပီယံ အင်တာကိုတာဝန်ယူပြီး
ရလဒ်တွေကောင်းဖို့ စွမ်းဆောင်ပြထားပါတယ်။
ဒါ့အပြင် အင်တာဟာချန်ပီယံလိဂ်မှာလည်း ၂၀၁၂ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်
ရှုံးထွက်အဆင့်ကိုတက်ရောက်သွားလို့ ဒီအီတလီသားရဲ့နာမည်ဟာ
ဥရောပမှာတရိပ်ရိပ်နဲ့တက်လာနေတာပါ။
ဒါကြောင့်သူ့ကို မန်ယူအပြင် အက်သလက်တီ ကိုအသင်းကပါခေါ်ယူဖို့စိတ်ဝင်စားနေတာပါ။
သူကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားကိုထွက်ပြီးနည်းပြချင်လို့
အင်္ဂလိပ်စကားကိုသင်ယူနေတယ်လို့ Corriere Dello Sport ကလည်းရေးသားဖော်ပြပါတယ်။
လက်ရှိနည်းပြ ရန်းနစ်ခ်ဟာ ရာသီကုန်ချိန်အထိသာတာဝန်ယူမှာဖြစ်ပြီး
မန်ယူရဲ့အတိုင်ပင်ခံအဖြစ်ဆောင်ရွက်မှာဖြစ်လို့
သူကလည်း နည်းပြသစ်ရှာဖွေရေးမှာ ကူညီပေးနေပြီး
အင်ဇာဂီကိုခေါ်ယူဖို့ထောက်ခံထားတယ်လို့လည်း ဆိုပါတယ်။
အင်ဇာဂီ ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ အီတလီစူပါဖလားပွဲမှာ
ဂျူဗင်တပ်ကိုအနိုင်ရအောင် စွမ်းဆောင်ပြီး
သူ့ရဲ့ပထမဆုံးအင်တာနဲ့ ဆုဖလားကို ရယူပေးနိုင်ခဲ့တာပါ။
လက်ရှိမှာလည်း အင်တာကတိုးတက်နေပြီး အမှတ်ပေးဇယားမှာထိပ်ဆုံးကနေ
ရပ်တည်နေတာကြောင့် သူ့ကိုကလပ်ဘက်က
စာချုပ်သက်တမ်းတိုးဖို့လည်း စတင်ကြိုးပမ်းနေပါတယ်။
သူ့ရဲ့လက်ရှိစာချုပ်က ၂၀၂၃ရောက်မှသက်တမ်းပြည့်မှာဖြစ်ပေမယ့်
ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူဖို့စိတ်ဝင်စားလာမှုကြောင့်လည်း
စာချုပ်သစ်ချုပ်ရေးကို အမြန်လုပ်ဆောင်လိမ့်မယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
အီတလီနာမည်ကျော်တိုက်စစ်မှူးဟောင်း ဖိလစ်ပိုအင်ဇာဂီရဲ့ညီဖြစ်တဲ့
ဆီမြွန်နီဟာ သူ့ကစားသမားဘဝအချိန်အများစုကုန်ဆုံးခဲ့တဲ့
လာဇီယိုအသင်းကို ၂၀၁၆ မှာစတင်တာဝန်ယူပြီး
ကိုပါအီတာလီယာတစ်ကြိမ်နဲ့နဲ့ အီတလီစူပါဖလား ၂ ကြိမ်
ဆွတ်ခူးစေအောင်လုပ်ပြနိုင်ခဲ့တာပါ။
အင်တာမီလန်ဟာလက်ရှိစီးရီးအေမှာ မြို့ခံပြိုင်ဘက် အေစီမီလန်ကို
တစ်မှတ်အသာနဲ့ဦးဆောင်ထားနိုင်ပြီး ပွဲ ၂၀ မှာတစ်ပွဲသာရှုံးထားပါတယ်။
သူတို့ဟာချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အင်္ဂလိပ်ကလပ် လီဗာပူးနဲ့တွေ့ဆုံနေပါတယ်။
zawgyi
အင္ဇာဂီက မန္ယူရဲ႕ ဦးတည္ခ်က္ျဖစ္ေနၿပီလား
မန္ယူအသင္းဟာ လာမယ့္ရာသီမွာနည္းျပသစ္ခန႔္အပ္ႏိုင္ဖို႔အတြက္
ႀကိဳးစားေနၿပီး အင္တာမီလန္အသင္းနည္းျပ ဆီႁမြန္နီအင္ဇာဂီ ကို
ေခၚယူဖို႔ဆက္သြယ္ေနတယ္လို႔ သိရပါတယ္။
အသက္ ၄၅ ႏွစ္ရွိၿပီျဖစ္တဲ့ အင္ဇာဂီဟာ ဒီရာသီမွာ
လက္ရွိ စီးရီးေအခ်န္ပီယံ အင္တာကိုတာဝန္ယူၿပီး
ရလဒ္ေတြေကာင္းဖို႔ စြမ္းေဆာင္ျပထားပါတယ္။
ဒါ့အျပင္ အင္တာဟာခ်န္ပီယံလိဂ္မွာလည္း ၂၀၁၂ ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္
ရႈံးထြက္အဆင့္ကိုတက္ေရာက္သြားလို႔ ဒီအီတလီသားရဲ႕နာမည္ဟာ
ဥေရာပမွာတရိပ္ရိပ္နဲ႔တက္လာေနတာပါ။
ဒါေၾကာင့္သူ႔ကို မန္ယူအျပင္ အက္သလက္တီ ကိုအသင္းကပါေခၚယူဖို႔စိတ္ဝင္စားေနတာပါ။
သူကိုယ္တိုင္ကလည္း ႏိုင္ငံရပ္ျခားကိုထြက္ၿပီးနည္းျပခ်င္လို႔
အဂၤလိပ္စကားကိုသင္ယူေနတယ္လို႔ Corriere Dello Sport ကလည္းေရးသားေဖာ္ျပပါတယ္။
လက္ရွိနည္းျပ ရန္းနစ္ခ္ဟာ ရာသီကုန္ခ်ိန္အထိသာတာဝန္ယူမွာျဖစ္ၿပီး
မန္ယူရဲ႕အတိုင္ပင္ခံအျဖစ္ေဆာင္႐ြက္မွာျဖစ္လို႔
သူကလည္း နည္းျပသစ္ရွာေဖြေရးမွာ ကူညီေပးေနၿပီး
အင္ဇာဂီကိုေခၚယူဖို႔ေထာက္ခံထားတယ္လို႔လည္း ဆိုပါတယ္။
အင္ဇာဂီ ဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ကက်င္းပခဲ့တဲ့ အီတလီစူပါဖလားပြဲမွာ
ဂ်ဴဗင္တပ္ကိုအႏိုင္ရေအာင္ စြမ္းေဆာင္ၿပီး
သူ႔ရဲ႕ပထမဆုံးအင္တာနဲ႔ ဆုဖလားကို ရယူေပးႏိုင္ခဲ့တာပါ။
လက္ရွိမွာလည္း အင္တာကတိုးတက္ေနၿပီး အမွတ္ေပးဇယားမွာထိပ္ဆုံးကေန
ရပ္တည္ေနတာေၾကာင့္ သူ႔ကိုကလပ္ဘက္က
စာခ်ဳပ္သက္တမ္းတိုးဖို႔လည္း စတင္ႀကိဳးပမ္းေနပါတယ္။
သူ႔ရဲ႕လက္ရွိစာခ်ဳပ္က ၂၀၂၃ေရာက္မွသက္တမ္းျပည့္မွာျဖစ္ေပမယ့္
ဥေရာပထိပ္တန္းကလပ္ေတြက ေခၚယူဖို႔စိတ္ဝင္စားလာမႈေၾကာင့္လည္း
စာခ်ဳပ္သစ္ခ်ဳပ္ေရးကို အျမန္လုပ္ေဆာင္လိမ့္မယ္လို႔ သတင္းေတြမွာေဖာ္ျပပါတယ္။
အီတလီနာမည္ေက်ာ္တိုက္စစ္မႉးေဟာင္း ဖိလစ္ပိုအင္ဇာဂီရဲ႕ညီျဖစ္တဲ့
ဆီႁမြန္နီဟာ သူ႔ကစားသမားဘဝအခ်ိန္အမ်ားစုကုန္ဆုံးခဲ့တဲ့
လာဇီယိုအသင္းကို ၂၀၁၆ မွာစတင္တာဝန္ယူၿပီး
ကိုပါအီတာလီယာတစ္ႀကိမ္နဲ႔နဲ႔ အီတလီစူပါဖလား ၂ ႀကိမ္
ဆြတ္ခူးေစေအာင္လုပ္ျပႏိုင္ခဲ့တာပါ။
အင္တာမီလန္ဟာလက္ရွိစီးရီးေအမွာ ၿမိဳ႕ခံၿပိဳင္ဘက္ ေအစီမီလန္ကို
တစ္မွတ္အသာနဲ႔ဦးေဆာင္ထားႏိုင္ၿပီး ပြဲ ၂၀ မွာတစ္ပြဲသာရႈံးထားပါတယ္။
သူတို႔ဟာခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ အဂၤလိပ္ကလပ္ လီဗာပူးနဲ႔ေတြ႕ဆုံေနပါတယ္။