Instgram မှာ ဂရင်းဝုဒ်အဖမ်းခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပို့စ်တင်ခဲ့တဲ့ ရော့ဘ်ဆင်

မန်ယူတိုက်စစ်မှုးဂရင်းဝုဒ်ကို စွပ်စွဲမှုတွေလုပ်ခဲ့ပြီးနောက်ပိုင်း

ပထမဆုံးအကြိမ်အဖြစ် ဟားရီယတ်ရော့ဘ်ဆင်ဟာ

ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instgram မှာ ပို့စ်တင်ခဲ့ပါတယ်။

ရော့ဘ်ဆင်နဲ့ဂရင်းဝုဒ်တို့ဟာ ချစ်သူတွေအဖြစ် နှစ်ပေါင်းများစွာအတူရှိခဲ့ကြတာပါ။

အတူရှိနေချိန်ကာလအတွင်း ဂရင်းဝုဒ်က သူ့ကို စော်ကားခဲ့တွေကို

ရော့ဘ်ဆင်က Instagram Story ကနေ တစ်ဆင့် ဗီဒီယို၊

ဓာတ်ပုံနဲ့ အသံအထောက်အထားတွေ မျှဝေခဲ့တာပါ။

အဲဒီလိုအထောက်အထားနဲ့စွပ်စွဲမှုတွေကြောင့်လည်း

ဂရင်းဝုဒ်ဟာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး

ကလပ်အသင်းမန်ယူရဲ့ဆိုင်းငံ့ခြင်းကိုလည်း ခံခဲ့ရပါတယ်။

အဲဒီအင်္ဂလန်သားဟာ အာမခံနဲ့ပြန်လွတ်လာပေမယ့်

စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ခံယူနေရဆဲပါ။

အခုတော့ ရော့ဘ်ဆင်က သူ့ကို အားပေးမှုလုပ်ခဲ့ကြသူတွေကို

ကျေးဇူးတင်ကြောင်း Instgram Story မှာ ပို့စ်တင်ခဲ့ပါတယ်။

ဒါ့အပြင် သူမက စုံစမ်းစစ်ဆေးမှုလုပ်နေတဲ့အခုလိုအချိန်မှာ

တခြားဘာမှ ထပ်ပြောမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

”ကျွန်မကို မက်ဆေ့ချ်ပို့ပေးသူတွေနဲ့ အားပေးကြသူတွေ

အားလုံးကို ကျေးဇူးတင်ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်ဟာ အရမ်းကိုခက်ခဲတဲ့အတွက်

ဆိုရှယ်မီဒီယာမသုံးဖြစ်ပါဘူး။

ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်”လို့

ရော့ဘ်ဆင်က သူမရဲ့Instagram Story မှာ ရေးတင်ထားတာပါ။

ဒီအမှုအခင်းကြောင့်လည်း ဂရင်းဝုဒ်ဟာ ကစားသမားဘဝမှာ

ကြီးမားတဲ့ထိုးနှစ်ချက်နဲ့ ရင်ဆိုင်နေရပါတယ်။

အခုဆိုရင် မန်ယူဟာ သူတို့ရဲ့အွန်လိုင်းစတိုးမှာ

ဂရင်းဝုဒ်နာမည်ပါတဲ့ထုတ်ကုန်မှန်သမျှ ဖယ်ရှားထားပါတယ်။

ဒါ့အပြင် ဂရင်းဝုဒ်နာမည်ပါဂျာစီတွေကိုလည်း အလကားပြန်လဲပေးနေပါတယ်။

နောက်ပြီး မန်ချက်စတာ Application က တိုက်စစ်မှုးစာရင်းမှာ

သူ့နာမည်မရှိတော့ပေမယ့် အသင်းဝက်ဘ်ဆိုဒ်မှာတော့ တွေ့ရပါသေးတယ်။

zawgyi

Instgram မွာ ဂရင္းဝုဒ္အဖမ္းခံရၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ပို႔စ္တင္ခဲ့တဲ့ ေရာ့ဘ္ဆင္

မန္ယူတိုက္စစ္မႈးဂရင္းဝုဒ္ကို စြပ္စြဲမႈေတြလုပ္ခဲ့ၿပီးေနာက္ပိုင္း

ပထမဆုံးအႀကိမ္အျဖစ္ ဟားရီယတ္ေရာ့ဘ္ဆင္ဟာ

ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instgram မွာ ပို႔စ္တင္ခဲ့ပါတယ္။

ေရာ့ဘ္ဆင္နဲ႔ဂရင္းဝုဒ္တို႔ဟာ ခ်စ္သူေတြအျဖစ္ ႏွစ္ေပါင္းမ်ားစြာအတူရွိခဲ့ၾကတာပါ။

အတူရွိေနခ်ိန္ကာလအတြင္း ဂရင္းဝုဒ္က သူ႔ကို ေစာ္ကားခဲ့ေတြကို

ေရာ့ဘ္ဆင္က Instagram Story ကေန တစ္ဆင့္ ဗီဒီယို၊

ဓာတ္ပုံနဲ႔ အသံအေထာက္အထားေတြ မွ်ေဝခဲ့တာပါ။

အဲဒီလိုအေထာက္အထားနဲ႔စြပ္စြဲမႈေတြေၾကာင့္လည္း

ဂရင္းဝုဒ္ဟာ ရဲတပ္ဖြဲ႕ရဲ႕ဖမ္းဆီးျခင္းခံခဲ့ရၿပီး

ကလပ္အသင္းမန္ယူရဲ႕ဆိုင္းငံ့ျခင္းကိုလည္း ခံခဲ့ရပါတယ္။

အဲဒီအဂၤလန္သားဟာ အာမခံနဲ႔ျပန္လြတ္လာေပမယ့္

စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္ခံယူေနရဆဲပါ။

အခုေတာ့ ေရာ့ဘ္ဆင္က သူ႔ကို အားေပးမႈလုပ္ခဲ့ၾကသူေတြကို

ေက်းဇူးတင္ေၾကာင္း Instgram Story မွာ ပို႔စ္တင္ခဲ့ပါတယ္။

ဒါ့အျပင္ သူမက စုံစမ္းစစ္ေဆးမႈလုပ္ေနတဲ့အခုလိုအခ်ိန္မွာ

တျခားဘာမွ ထပ္ေျပာမွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

”ကြၽန္မကို မက္ေဆ့ခ်္ပို႔ေပးသူေတြနဲ႔ အားေပးၾကသူေတြ

အားလုံးကို ေက်းဇူးတင္ပါတယ္။

လြန္ခဲ့တဲ့ရက္အနည္းငယ္ဟာ အရမ္းကိုခက္ခဲတဲ့အတြက္

ဆိုရွယ္မီဒီယာမသုံးျဖစ္ပါဘူး။

ရဲတပ္ဖြဲ႕ကေတာ့ စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္”လို႔

ေရာ့ဘ္ဆင္က သူမရဲ႕Instagram Story မွာ ေရးတင္ထားတာပါ။

ဒီအမႈအခင္းေၾကာင့္လည္း ဂရင္းဝုဒ္ဟာ ကစားသမားဘဝမွာ

ႀကီးမားတဲ့ထိုးႏွစ္ခ်က္နဲ႔ ရင္ဆိုင္ေနရပါတယ္။

အခုဆိုရင္ မန္ယူဟာ သူတို႔ရဲ႕အြန္လိုင္းစတိုးမွာ

ဂရင္းဝုဒ္နာမည္ပါတဲ့ထုတ္ကုန္မွန္သမွ် ဖယ္ရွားထားပါတယ္။

ဒါ့အျပင္ ဂရင္းဝုဒ္နာမည္ပါဂ်ာစီေတြကိုလည္း အလကားျပန္လဲေပးေနပါတယ္။

ေနာက္ၿပီး မန္ခ်က္စတာ Application က တိုက္စစ္မႈးစာရင္းမွာ

သူ႔နာမည္မရွိေတာ့ေပမယ့္ အသင္းဝက္ဘ္ဆိုဒ္မွာေတာ့ ေတြ႕ရပါေသးတယ္။