
မနေ့ညက ကျင်းပခဲ့တဲ့ ဖီဖာရဲ့ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားမှာ
အထူးဂုဏ်ပြုဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ရော်နယ်ဒိုကို ဘရာဇီးဂန္တဝင်
ကစားသမားကြီး ပီလီက သူ့ရဲ့ အင်စတာဂရမ်ကတဆင့်
ဗီဒီယိုမှတ်တမ်းနဲ့အတူ ဂုဏ်ပြု စကား ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) အတွင်းမှာ နိုင်ငံတကာ သွင်းဂိုး (၁၁၅) ဂိုးနဲ့
နိုင်ငံတကာ ကစားသမားဘဝ သွင်းဂိုးအများဆုံးဆိုတဲ့ စံချိန်ဂုဏ်ပုဒ်ကို
လွှဲပြောင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုကို ဖီဖာက အထူးဂုဏ်ပြုဆုအဖြစ်
သီးသန့်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒို ဒီဆုကို ဆွတ်ခူးအပြီးမှာ ပီလီက သူ့ရဲ့အင်စတာဂရမ်ကတဆင့်
“ခရစ္စတီယာနိုရေ။ ဖီဖာရဲ့ အထူးဂုဏ်ပြုဆုကို ရရှိသွားတဲ့အတွက်
ဂုဏ်ယူပါတယ်ကွာ။ မင်းနဲ့ အပြင်မှာ လူချင်းတွေ့ပြီး
ပွေ့ဖက်ပေးနိုင်ဖို့လည်း ငါ မျှော်လင့်ပါတယ်”
“ငါ ဒီမက်ဆေ့ချ်ကို သေချာ အလေးအနက်ထားပြီး ရိုက်ကူးထားတာပါ။
မကြာခင်မှာ ဆုံတွေ့ကြရအောင်။ TheBest” ဆိုပြီး ဗီဒီယိုကို မျှဝေခဲ့ပါတယ်။
ပီလီရဲ့ အခုလို ဂုဏ်ပြုမှုကို ရော်နယ်ဒိုကလည်း
ချက်ချင်းဆိုသလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုက “ပီလီ ပြောပြီဆိုရင် တကမ္ဘာလုံးက နားထောင်ကြပါတယ်။
ဒီဗီဒီယိုကို ကြည့်ပြီး စိတ်မလှုပ်ရှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အထူးသဖြင့် အံ့အားသင့်ဖွယ်ကောင်းတဲ့ လူပုဂ္ဂိုလ်တယောက်က
ကျနော့်အပေါ် လေးစားမှုရှိတယ်ဆိုတာကို ပြသတဲ့အခါမျိုးမှာပေါ့”
“ပီလီက မျိုးဆက်အားလုံးအတွက် ထာဝရ ဒဏ္ဍာရီလာ
သူရဲကောင်းတယောက်ဖြစ်ပြီး အားကစားလောကအတွက်လည်း ဒဏ္ဍာရီတပုဒ်ပါပဲ။
သူ ဥာဏ်ပညာရှိရှိ ပြောခဲ့သလိုပဲပေါ့။ ကျနော်တို့အားလုံးက တသင်းတည်းပဲ။
ဘောလုံးဆိုတဲ့ အသင်းမှာ ကျနော်တို့က အသင်းဖော်တွေချည်းပါပဲ”“ကျေးဇူးတင်ပါတယ်။
မကြာခင်မှာ ခင်ဗျားနဲ့တွေ့ခွင့်ရဖို့ မျှော်လင့်ပြီး
အဲ့ဒီအခါကျရင် ကျနော်တို့ အတူတူ ရယ်မောရင်း
ကျနော်တို့ချစ်တဲ့ ဘောလုံးပွဲတွေအကြောင်း ပြောကြတာပေါ့” လို့
ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။
zawgyi
ကံေကာင္းျခင္းေတြက တစ္ခုၿပီး တစ္ခုပါလား ေရာ္နယ္ဒို
မေန႔ညက က်င္းပခဲ့တဲ့ ဖီဖာရဲ႕ အေကာင္းဆုံးဆုေပးပြဲ အခမ္းအနားမွာ
အထူးဂုဏ္ျပဳဆုကို ဆြတ္ခူးရရွိခဲ့တဲ့ ေရာ္နယ္ဒိုကို ဘရာဇီးဂႏၲဝင္
ကစားသမားႀကီး ပီလီက သူ႔ရဲ႕ အင္စတာဂရမ္ကတဆင့္
ဗီဒီယိုမွတ္တမ္းနဲ႔အတူ ဂုဏ္ျပဳ စကား ေျပာၾကားခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ (၂၀၂၁) အတြင္းမွာ ႏိုင္ငံတကာ သြင္းဂိုး (၁၁၅) ဂိုးနဲ႔
ႏိုင္ငံတကာ ကစားသမားဘဝ သြင္းဂိုးအမ်ားဆုံးဆိုတဲ့ စံခ်ိန္ဂုဏ္ပုဒ္ကို
လႊဲေျပာင္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
အဲ့ဒါေၾကာင့္လည္း ေရာ္နယ္ဒိုကို ဖီဖာက အထူးဂုဏ္ျပဳဆုအျဖစ္
သီးသန္႔ခ်ီးျမႇင့္ခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒို ဒီဆုကို ဆြတ္ခူးအၿပီးမွာ ပီလီက သူ႔ရဲ႕အင္စတာဂရမ္ကတဆင့္
“ခရစၥတီယာႏိုေရ။ ဖီဖာရဲ႕ အထူးဂုဏ္ျပဳဆုကို ရရွိသြားတဲ့အတြက္
ဂုဏ္ယူပါတယ္ကြာ။ မင္းနဲ႔ အျပင္မွာ လူခ်င္းေတြ႕ၿပီး
ေပြ႕ဖက္ေပးႏိုင္ဖို႔လည္း ငါ ေမွ်ာ္လင့္ပါတယ္”
“ငါ ဒီမက္ေဆ့ခ်္ကို ေသခ်ာ အေလးအနက္ထားၿပီး ႐ိုက္ကူးထားတာပါ။
မၾကာခင္မွာ ဆုံေတြ႕ၾကရေအာင္။ TheBest” ဆိုၿပီး ဗီဒီယိုကို မွ်ေဝခဲ့ပါတယ္။
ပီလီရဲ႕ အခုလို ဂုဏ္ျပဳမႈကို ေရာ္နယ္ဒိုကလည္း
ခ်က္ခ်င္းဆိုသလိုပဲ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။
ေရာ္နယ္ဒိုက “ပီလီ ေျပာၿပီဆိုရင္ တကမာၻလုံးက နားေထာင္ၾကပါတယ္။
ဒီဗီဒီယိုကို ၾကည့္ၿပီး စိတ္မလႈပ္ရွားဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။
အထူးသျဖင့္ အံ့အားသင့္ဖြယ္ေကာင္းတဲ့ လူပုဂၢိဳလ္တေယာက္က
က်ေနာ့္အေပၚ ေလးစားမႈရွိတယ္ဆိုတာကို ျပသတဲ့အခါမ်ိဳးမွာေပါ့”
“ပီလီက မ်ိဳးဆက္အားလုံးအတြက္ ထာဝရ ဒ႑ာရီလာ
သူရဲေကာင္းတေယာက္ျဖစ္ၿပီး အားကစားေလာကအတြက္လည္း ဒ႑ာရီတပုဒ္ပါပဲ။
သူ ဥာဏ္ပညာရွိရွိ ေျပာခဲ့သလိုပဲေပါ့။ က်ေနာ္တို႔အားလုံးက တသင္းတည္းပဲ။
ေဘာလုံးဆိုတဲ့ အသင္းမွာ က်ေနာ္တို႔က အသင္းေဖာ္ေတြခ်ည္းပါပဲ”“ေက်းဇူးတင္ပါတယ္။
မၾကာခင္မွာ ခင္ဗ်ားနဲ႔ေတြ႕ခြင့္ရဖို႔ ေမွ်ာ္လင့္ၿပီး
အဲ့ဒီအခါက်ရင္ က်ေနာ္တို႔ အတူတူ ရယ္ေမာရင္း
က်ေနာ္တို႔ခ်စ္တဲ့ ေဘာလုံးပြဲေတြအေၾကာင္း ေျပာၾကတာေပါ့” လို႔
ျပန္လည္တုံ႔ျပန္သြားခဲ့ပါတယ္။