IFFHS ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို (၂)နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့တဲ့ လီဝန်ဒေါစကီး

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ

နိုင်ငံတကာဘောလုံးသမိုင်းနဲ့စစ်တမ်းကောက်ခံရေးအဖွဲ့(IFFHS)က

ချီးမြှင့်တဲ့ ၂၀၂၁ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို တခြားနာမည်ကျော်

ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဂျော်ဂျင်ဟိုတို့ကိုကျော်ဖြတ်ပြီး

ဆွတ်ခူးရရှိခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ခဲ့တဲ့ မဲပေးမှုတွေအရ

လီဝန်ဒေါစကီးဟာ မဲအရေအတွက်(၁၅၀)အထိရရှိခဲ့ပြီး မက်ဆီက

(၁၀၅)မဲနဲ့ဒုတိယ၊ ဂျော်ဂျင်ဟိုက (၁၁၀)မဲနဲ့တတိယနေရာတွေရရှိခဲ့တာပါ။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်သူ လီဝန်ဒေါစကီးဟာ အခုအကောင်းဆုံးဆုကို

၂၀၂၀၊ ၂၀၂၁ ဆက်တိုက်ရရှိခဲ့တာဖြစ်ပြီး,ပြီးခဲ့တဲ့နှစ်က ကိုဗစ်ရောဂါဆိုးကြောင့်

Ballon d’Or ဆုပေးပွဲမကျင်းပဖြစ်လို့ ဆုရရှိဖို့သေချာပေါက်ရေပန်းစားနေတဲ့

လီဝန်ဒေါစကီးအတွက် ဒီဆုက ကျေနပ်နှစ်သိမ့်စရာဆုတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် လီဝန်ဒေါစကီး (၄၈)ဂိုးအထိ

သွင်းယူခဲ့ပြီး အသင်းအတွက် ဘွန်ဒစ်လီဂါ၊ ဂျာမန်စူပါဖလား၊ ဥရောပစူပါဖလား၊

ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုတွေရယူပေးနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးအနေနဲ့

ဒီရာသီမှာလည်း ပုံစံကောင်းတွေဆက်လက်ပြသနေပြီး ပြိုင်ပွဲစုံ(၁၉)ပွဲကစားခဲ့ချိန်မှာ

(၂၅)ဂိုးအထိသွင်းယူထားတာကြောင့် IFFHS ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို

အငြင်းပွားစရာမရှိ နှစ်ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

IFFHS ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၁၉၈၈ ခုနှစ်က

စတင်ချီးမြှင့်ခဲ့ပြီး ၁၉၉၀ နောက်ပိုင်းမှာတော့ ဖီဖာကမ္ဘာ့အကောင်းဆုံး

ကစားသမားဆု ပေါ်လာပြီးနောက်ပိုင်း ဆုမချီးမြှင့်ဖြစ်တော့ဘဲ ၂၀၂၀ ခုနှစ်မှ

ပြန်လည်ဆုပေးခဲ့တာပါ။ ဒီဆုကို နယ်သာလန်ဂန္ထဝင်ကစားသမားဗန်ဘက်စတန်က

၁၉၈၈၊ ၁၉၈၉ (၂)နှစ်ဆက်ရယူခဲ့ပြီး အခု လီဝန်ဒေါစကီးက ဗန်ဘက်စတန်ရဲ့

အကြိမ်အရေအတွက်ကို အမီလိုက်နိုင်ခဲ့ပါပြီ။ ၂၀၂၀ Ballon d’Or ဆုကို

ကံမကောင်းအကြောင်းမလှလို့ လွဲချော်ခဲ့သူ လီဝန်ဒေါစကီးဟာ

အခုလအတွင်းချီးမြှင့်မယ့် ၂၀၂၁ Ballon d’Or ဆုအတွက်

ရေပန်းစားနေတဲ့သူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်နေပြီး သူ့နဲ့အတူ

မက်ဆီ၊ ဂျော်ဂျင်ဟို၊ ကွန်တေနဲ့ ဘန်ဇီမာတို့က အပြိုင်ဖြစ်နေပါတယ်။

zawgyi

IFFHS ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို (၂)ႏွစ္ဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့တဲ့ လီဝန္ေဒါစကီး

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ပိုလန္နာမည္ေက်ာ္တိုက္စစ္မႉးလီဝန္ေဒါစကီးဟာ

ႏိုင္ငံတကာေဘာလုံးသမိုင္းနဲ႔စစ္တမ္းေကာက္ခံေရးအဖြဲ႕(IFFHS)က

ခ်ီးျမႇင့္တဲ့ ၂၀၂၁ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို တျခားနာမည္ေက်ာ္

ကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ ေဂ်ာ္ဂ်င္ဟိုတို႔ကိုေက်ာ္ျဖတ္ၿပီး

ဆြတ္ခူးရရွိခဲ့ပါတယ္။ တရားဝင္ထုတ္ျပန္ခဲ့တဲ့ မဲေပးမႈေတြအရ

လီဝန္ေဒါစကီးဟာ မဲအေရအတြက္(၁၅၀)အထိရရွိခဲ့ၿပီး မက္ဆီက

(၁၀၅)မဲနဲ႔ဒုတိယ၊ ေဂ်ာ္ဂ်င္ဟိုက (၁၁၀)မဲနဲ႔တတိယေနရာေတြရရွိခဲ့တာပါ။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ လီဝန္ေဒါစကီးဟာ အခုအေကာင္းဆုံးဆုကို

၂၀၂၀၊ ၂၀၂၁ ဆက္တိုက္ရရွိခဲ့တာျဖစ္ၿပီး,ၿပီးခဲ့တဲ့ႏွစ္က ကိုဗစ္ေရာဂါဆိုးေၾကာင့္

Ballon d’Or ဆုေပးပြဲမက်င္းပျဖစ္လို႔ ဆုရရွိဖို႔ေသခ်ာေပါက္ေရပန္းစားေနတဲ့

လီဝန္ေဒါစကီးအတြက္ ဒီဆုက ေက်နပ္ႏွစ္သိမ့္စရာဆုတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ လီဝန္ေဒါစကီး (၄၈)ဂိုးအထိ

သြင္းယူခဲ့ၿပီး အသင္းအတြက္ ဘြန္ဒစ္လီဂါ၊ ဂ်ာမန္စူပါဖလား၊ ဥေရာပစူပါဖလား၊

ဖီဖာကလပ္ကမာၻ႔ဖလားခ်န္ပီယံဆုေတြရယူေပးႏိုင္ခဲ့ပါတယ္။ လီဝန္ေဒါစကီးအေနနဲ႔

ဒီရာသီမွာလည္း ပုံစံေကာင္းေတြဆက္လက္ျပသေနၿပီး ၿပိဳင္ပြဲစုံ(၁၉)ပြဲကစားခဲ့ခ်ိန္မွာ

(၂၅)ဂိုးအထိသြင္းယူထားတာေၾကာင့္ IFFHS ရဲ႕ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို

အျငင္းပြားစရာမရွိ ႏွစ္ႀကိမ္ဆက္တိုက္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

IFFHS ဟာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ၁၉၈၈ ခုႏွစ္က

စတင္ခ်ီးျမႇင့္ခဲ့ၿပီး ၁၉၉၀ ေနာက္ပိုင္းမွာေတာ့ ဖီဖာကမာၻ႔အေကာင္းဆုံး

ကစားသမားဆု ေပၚလာၿပီးေနာက္ပိုင္း ဆုမခ်ီးျမႇင့္ျဖစ္ေတာ့ဘဲ ၂၀၂၀ ခုႏွစ္မွ

ျပန္လည္ဆုေပးခဲ့တာပါ။ ဒီဆုကို နယ္သာလန္ဂႏၴဝင္ကစားသမားဗန္ဘက္စတန္က

၁၉၈၈၊ ၁၉၈၉ (၂)ႏွစ္ဆက္ရယူခဲ့ၿပီး အခု လီဝန္ေဒါစကီးက ဗန္ဘက္စတန္ရဲ႕

အႀကိမ္အေရအတြက္ကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။ ၂၀၂၀ Ballon d’Or ဆုကို

ကံမေကာင္းအေၾကာင္းမလွလို႔ လြဲေခ်ာ္ခဲ့သူ လီဝန္ေဒါစကီးဟာ

အခုလအတြင္းခ်ီးျမႇင့္မယ့္ ၂၀၂၁ Ballon d’Or ဆုအတြက္

ေရပန္းစားေနတဲ့သူေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ေနၿပီး သူ႔နဲ႔အတူ

မက္ဆီ၊ ေဂ်ာ္ဂ်င္ဟို၊ ကြန္ေတနဲ႔ ဘန္ဇီမာတို႔က အၿပိဳင္ျဖစ္ေနပါတယ္။