သူ့အချိန်ရောက်လာမယ့်နေ့ကို မျှော်လင့်ရင်း အိုးထရက်ဖို့မှာဆက်လက်နေလိုတဲ့ ဆန္ဒပြင်းပြနေတဲ့ ဗန်ဒီဘိခ်

အက်စတွန်ဗီလာ 2-2 ယူနိုက်တက် ပွဲတွင်လူစားဝင် ကစားခဲ့တဲ့

ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ယူနိုက်တက် အတွက်

ပြိုင်ပွဲစုံပါဝင်ကစားမှုပွဲပေါင်း(50) ပြည့်မြောက်ခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက် အတွက် (1836) မိနစ်သာကစားခွင့်ရခဲ့ပြီး

တစ်ပွဲကို(36)မိနစ်နှုန်းဖြစ်ပါတယ်။ နည်းပြတွေ ဘယ်လိုပြောင်းပြောင်း

ဗန်ဒီဘိခ်ကတော့ နေရာမရပါဘူး။

ယူနိုက်တက်အသင်းရဲ့ အပယ်ခံကစားသမားလေးဖြစ်တဲ့

ဗန်ဒီဘိခ်ကတော့ အရန်ခုံမှာ ကာလကြာရှည် သံချေးတက်နေရပေမယ့်

ယူနိုက်တက်ကို အစွမ်းကုန်ပေးဆပ် ချစ်ပြလိုက်ပြန်ပါပြီ။

ဗန်ဒီဘိခ်ဟာ ဆိုးလ်းရှားလက်ထပ်ကတည်းက

နေရာမရဖြစ်နေခဲ့တာဖြစ်ပေမယ့် အသင်းအပေါ် စိတ်ရှည်ရှည်နဲ့

သူ့ခြေစွမ်းပြရမယ့်နေ့ကို စောင့်မျှော်နေခဲ့ပါတယ်။

နည်းပြရန်းနစ်လက်ထက်မှာ ပေါ့ဘာအခြေအနေကြောင့်

ပွဲထွက် မျှော်လင့်ချက်လေးရလာခဲ့ပေမယ့်

ထုံးစံအတိုင်းပဲ ဗန်ဒီဘိခ်ဟာ အရံခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

ဒါကြောင့်ကစားသမားအေးဂျင့်က စိတ်ဆိုးခဲ့ပြီး

အသင်းကြီးအချို့နဲ့ချိတ်ဆက်မှုတွေရှိခဲ့ပါတယ်။

ဗန်ဒီဘိခ်ကို စပိန်ကလပ်ဖြစ်တဲ့ ဘာစီလိုနာနဲ့နယူးကာဆယ်တို့က

ပြီးခဲ့တဲ့ရက်က ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ သူ့အချိန်ရောက်လာမယ့်နေ့ကို

မျှော်လင့်ရင်း အိုးထရက်ဖို့မှာဆက်လက်နေလိုတဲ့ ဆန္ဒပြင်းပြနေပါတယ်။

ဒါကြောင့် နယူးကာဆယ်အသင်းဟာ ဒွန်နီဗန်ဒီဘိခ်အား

အေးဂျင့်များမှတစ်ဆင့်အငှားခေါ်ယူရန်ချဉ်းကပ်ခဲ့‌ပေမယ့်

ကစားသမားကိုယ်တိုင်က ပယ်ချခဲ့ကြောင်းသိရပါတယ်။

အဲဒါဟာ သရဲနီဖန်တွေလိုချင်တဲ့ သရဲနီချစ်စိတ်ဖြစ်ပေမယ့်

ပရိသတ်တွေနဲ့ယူနိုက်တက်ဂန္တဝင်ဟောင်းတွေကတော့

တန်ဖိုးရှိလှတဲ့ သူ့အရည်အသွေးတွေကို ထွန်းတောက်ဖွင့်လှစ်ပြဖို့

အသင်းပြောင်းဖို့တိုက်တွန်းနေကြပါတယ်။

ပုံမှန်ပွဲထွက်ခွင့်ရမယ်…လစာငွေ စံချိန်တင်ရမယ်…

ဒါပေမယ့် ဒီအခွင့်အရေးတွေကို ပယ်ချပြီး

သရဲနီကစားသမားဘဝကိုဖက်တွယ်ထားတဲ့ ဗန်ဒီဘိခ်

ယူနိုက်တက်ကို ဘယ်လောက်ထိ ဆက်ပြီးချစ်နေအုံးမှာလဲ ဗန်ဒီဘိခ်ရယ်..

zawgyi

သူ႔အခ်ိန္ေရာက္လာမယ့္ေန႔ကို ေမွ်ာ္လင့္ရင္း အိုးထရက္ဖို႔မွာဆက္လက္ေနလိုတဲ့ ဆႏၵျပင္းျပေနတဲ့ ဗန္ဒီဘိခ္

အက္စတြန္ဗီလာ 2-2 ယူႏိုက္တက္ ပြဲတြင္လူစားဝင္ ကစားခဲ့တဲ့

ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ အတြက္

ၿပိဳင္ပြဲစုံပါဝင္ကစားမႈပြဲေပါင္း(50) ျပည့္ေျမာက္ခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ အတြက္ (1836) မိနစ္သာကစားခြင့္ရခဲ့ၿပီး

တစ္ပြဲကို(36)မိနစ္ႏႈန္းျဖစ္ပါတယ္။ နည္းျပေတြ ဘယ္လိုေျပာင္းေျပာင္း

ဗန္ဒီဘိခ္ကေတာ့ ေနရာမရပါဘူး။

ယူႏိုက္တက္အသင္းရဲ႕ အပယ္ခံကစားသမားေလးျဖစ္တဲ့

ဗန္ဒီဘိခ္ကေတာ့ အရန္ခုံမွာ ကာလၾကာရွည္ သံေခ်းတက္ေနရေပမယ့္

ယူႏိုက္တက္ကို အစြမ္းကုန္ေပးဆပ္ ခ်စ္ျပလိုက္ျပန္ပါၿပီ။

ဗန္ဒီဘိခ္ဟာ ဆိုးလ္းရွားလက္ထပ္ကတည္းက

ေနရာမရျဖစ္ေနခဲ့တာျဖစ္ေပမယ့္ အသင္းအေပၚ စိတ္ရွည္ရွည္နဲ႔

သူ႔ေျခစြမ္းျပရမယ့္ေန႔ကို ေစာင့္ေမွ်ာ္ေနခဲ့ပါတယ္။

နည္းျပရန္းနစ္လက္ထက္မွာ ေပါ့ဘာအေျခအေနေၾကာင့္

ပြဲထြက္ ေမွ်ာ္လင့္ခ်က္ေလးရလာခဲ့ေပမယ့္

ထုံးစံအတိုင္းပဲ ဗန္ဒီဘိခ္ဟာ အရံခုံမွာပဲ အခ်ိန္ကုန္ခဲ့ရပါတယ္။

ဒါေၾကာင့္ကစားသမားေအးဂ်င့္က စိတ္ဆိုးခဲ့ၿပီး

အသင္းႀကီးအခ်ိဳ႕နဲ႔ခ်ိတ္ဆက္မႈေတြရွိခဲ့ပါတယ္။

ဗန္ဒီဘိခ္ကို စပိန္ကလပ္ျဖစ္တဲ့ ဘာစီလိုနာနဲ႔နယူးကာဆယ္တို႔က

ၿပီးခဲ့တဲ့ရက္က ေခၚယူဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။

ဒါေပမယ့္ ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္မွာ သူ႔အခ်ိန္ေရာက္လာမယ့္ေန႔ကို

ေမွ်ာ္လင့္ရင္း အိုးထရက္ဖို႔မွာဆက္လက္ေနလိုတဲ့ ဆႏၵျပင္းျပေနပါတယ္။

ဒါေၾကာင့္ နယူးကာဆယ္အသင္းဟာ ဒြန္နီဗန္ဒီဘိခ္အား

ေအးဂ်င့္မ်ားမွတစ္ဆင့္အငွားေခၚယူရန္ခ်ဥ္းကပ္ခဲ့‌ေပမယ့္

ကစားသမားကိုယ္တိုင္က ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

အဲဒါဟာ သရဲနီဖန္ေတြလိုခ်င္တဲ့ သရဲနီခ်စ္စိတ္ျဖစ္ေပမယ့္

ပရိသတ္ေတြနဲ႔ယူႏိုက္တက္ဂႏၲဝင္ေဟာင္းေတြကေတာ့

တန္ဖိုးရွိလွတဲ့ သူ႔အရည္အေသြးေတြကို ထြန္းေတာက္ဖြင့္လွစ္ျပဖို႔

အသင္းေျပာင္းဖို႔တိုက္တြန္းေနၾကပါတယ္။

ပုံမွန္ပြဲထြက္ခြင့္ရမယ္…လစာေငြ စံခ်ိန္တင္ရမယ္…

ဒါေပမယ့္ ဒီအခြင့္အေရးေတြကို ပယ္ခ်ၿပီး

သရဲနီကစားသမားဘဝကိုဖက္တြယ္ထားတဲ့ ဗန္ဒီဘိခ္

ယူႏိုက္တက္ကို ဘယ္ေလာက္ထိ ဆက္ၿပီးခ်စ္ေနအုံးမွာလဲ ဗန္ဒီဘိခ္ရယ္….