High Five  ဂင်းနစ်စံချိန်တင်ခဲ့ဖူးတဲ့ မီနာမီနို

လီဗာပူးလ်အသင်းရဲ့ ဂျပန်နာမည်ကျော်ကစားသမားမီနာမီနိုဟာ

အံ့အားသင့်စရာကောင်းလောက်အောင် တစ်မိနစ်အတွင်း High Five

(တခြားတစ်ယောက်နဲ့လက်ဝါးချင်းရိုက်)လုပ်တဲ့အကြိမ်အများဆုံး

ဂင်းနစ်စံချိန်တင်နိုင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒါကလီဗာပူးလ်ကစားသမားဘဝမှာမဟုတ်ဘဲ ၂၀၁၄ ခုနှစ်တုန်းက

ဂျေလိဂ်ထိပ်သီးကလပ် ဆီရီဇိုအိုဆာကာအသင်းမှာကစားခဲ့ချိန်မှာ

သူ့ကိုစောင့်ကြိုနေကြတဲ့ပရိသတ်တွေကို လက်ဝါးချင်းရိုက်နှုတ်ဆက်ခဲ့ပြီး

စက္ကန့်(၆၀)အတွင်း (၁၈၇)ကြိမ်အထိရှိခဲ့တာကြောင့်

ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း မီနီမီနိုရဲ့စံချိန်ကို

၂၀၁၆ ခုနှစ်မှာ Kaiser Permanente San Diego က တစ်မိနစ်ကို

(၂၆၀)ကြိမ်နဲ့ချိုးဖျက်နိုင်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့

လီဗာပူးလ်အသင်းဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ မီနာမီနိုက

“ဟုတ်ကဲ့ ..တစ်မိနစ်အတွင်းမှာ High Five လုပ်တဲ့အကြိမ်အများဆုံးစံချိန်ကို

ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီစံချိန်က ချိုးပျက်သွားပြီလို့ထင်ပါတယ်။

ဆီရီဇိုအိုဆာကာအသင်းမှာ ကျွန်တော်ကစားခဲ့ချိန်တုန်းက

ဒီလိုဂုဏ်ယူစရာစံချိန်တစ်ခုပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်က

ဆီရီဇိုအိုဆာကာတာဝန်ရှိသူတွေဟာ အနီးနားတစ်ဝိုက်မှာနေထိုင်ကြတဲ့သူတွေနဲ့

အသင်းက,ကစားသမားတွေ ရင်းနှီးအောင်လို့ ပွဲတစ်ခုကျင်းပခဲ့တာပါ။

Shopping Centre ထဲမှာ လူအယောက်(၂၀၀)လောက်က တန်းစီနေကြပြီး

ကျွန်တော်က အသင်းမှာ အသက်အငယ်ဆုံးကစားသမားဖြစ်ပါတယ်။

ကျွန်တော်က လမ်းတစ်လျှောက်မှာရှိတဲ့ ပရိသတ်တွေနဲ့

လက်ဝါးချင်းရိုက်နှုတ်ဆက်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တောင်တင်နိုင်ခဲ့ပါတယ်။

ဒါက ဘယ်တော့မှမမေ့နိုင်တဲ့အမှတ်တရတစ်ခုဖြစ်ပြီး အခုအချိန်အထိ

ကျွန်တော်တို့ သတိတရနဲ့ပြန်ပြောဖြစ်နေဆဲပါပဲ။ လီဗာပူးလ်အသင်းအတွက်

ဂိုးသွင်းအပြီး ပရိသတ်တွေနဲ့အဲဒီလိုပုံစံမျိုးအောင်ပွဲခံရရင်

တော်တော်လေးပျော်ဖို့ကောင်းပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

High Five  ဂင္းနစ္စံခ်ိန္တင္ခဲ့ဖူးတဲ့ မီနာမီႏို

လီဗာပူးလ္အသင္းရဲ႕ ဂ်ပန္နာမည္ေက်ာ္ကစားသမားမီနာမီႏိုဟာ

အံ့အားသင့္စရာေကာင္းေလာက္ေအာင္ တစ္မိနစ္အတြင္း High Five

(တျခားတစ္ေယာက္နဲ႔လက္ဝါးခ်င္း႐ိုက္)လုပ္တဲ့အႀကိမ္အမ်ားဆုံး

ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အဲဒါက

လီဗာပူးလ္ကစားသမားဘဝမွာမဟုတ္ဘဲ ၂၀၁၄ ခုႏွစ္တုန္းက

ေဂ်လိဂ္ထိပ္သီးကလပ္ ဆီရီဇိုအိုဆာကာအသင္းမွာကစားခဲ့ခ်ိန္မွာ

သူ႔ကိုေစာင့္ႀကိဳေနၾကတဲ့ပရိသတ္ေတြကို လက္ဝါးခ်င္း႐ိုက္ႏႈတ္ဆက္ခဲ့ၿပီး

စကၠန႔္(၆၀)အတြင္း (၁၈၇)ႀကိမ္အထိရွိခဲ့တာေၾကာင့္

ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း မီနီမီႏိုရဲ႕စံခ်ိန္ကို

၂၀၁၆ ခုႏွစ္မွာ Kaiser Permanente San Diego က တစ္မိနစ္ကို

(၂၆၀)ႀကိမ္နဲ႔ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။ အဲဒီအေၾကာင္းအရာနဲ႔ပတ္သက္လို႔

လီဗာပူးလ္အသင္းဝက္ဘ္ဆိုက္နဲ႔အင္တာဗ်ဴးမွာ မီနာမီႏိုက

“ဟုတ္ကဲ့ ..တစ္မိနစ္အတြင္းမွာ High Five လုပ္တဲ့အႀကိမ္အမ်ားဆုံးစံခ်ိန္ကို

ကြၽန္ေတာ္ပိုင္ဆိုင္ခဲ့ဖူးပါတယ္။ ဒါေပမဲ့ အဲဒီစံခ်ိန္က ခ်ိဳးပ်က္သြားၿပီလို႔ထင္ပါတယ္။

ဆီရီဇိုအိုဆာကာအသင္းမွာ ကြၽန္ေတာ္ကစားခဲ့ခ်ိန္တုန္းက

ဒီလိုဂုဏ္ယူစရာစံခ်ိန္တစ္ခုပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က

ဆီရီဇိုအိုဆာကာတာဝန္ရွိသူေတြဟာ အနီးနားတစ္ဝိုက္မွာေနထိုင္ၾကတဲ့သူေတြနဲ႔

အသင္းက,ကစားသမားေတြ ရင္းႏွီးေအာင္လို႔ ပြဲတစ္ခုက်င္းပခဲ့တာပါ။

Shopping Centre ထဲမွာ လူအေယာက္(၂၀၀)ေလာက္က တန္းစီေနၾကၿပီး

ကြၽန္ေတာ္က အသင္းမွာ အသက္အငယ္ဆုံးကစားသမားျဖစ္ပါတယ္။

ကြၽန္ေတာ္က လမ္းတစ္ေလွ်ာက္မွာရွိတဲ့ ပရိသတ္ေတြနဲ႔

လက္ဝါးခ်င္း႐ိုက္ႏႈတ္ဆက္ခဲ့ၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္ေတာင္တင္ႏိုင္ခဲ့ပါတယ္။

ဒါက ဘယ္ေတာ့မွမေမ့ႏိုင္တဲ့အမွတ္တရတစ္ခုျဖစ္ၿပီး အခုအခ်ိန္အထိ

ကြၽန္ေတာ္တို႔ သတိတရနဲ႔ျပန္ေျပာျဖစ္ေနဆဲပါပဲ။ လီဗာပူးလ္အသင္းအတြက္

ဂိုးသြင္းအၿပီး ပရိသတ္ေတြနဲ႔အဲဒီလိုပုံစံမ်ိဳးေအာင္ပြဲခံရရင္

ေတာ္ေတာ္ေလးေပ်ာ္ဖို႔ေကာင္းပါလိမ့္မယ္”လို႔ေျပာၾကားခဲ့ပါတယ္။