
ပရီးမီးယားလိဂ်မှာ အသင်းတစ်သင်းဗိုလ်စွဲဖို့ဆိုရင် တောင့်တင်းတဲ့လူစာရင်း၊
ပွဲရလဒ်ကို မထင်မှတ်ဘဲ အလှည့်အပြောင်းလုပ်နိုင်တဲ့သူမျိုး၊
တည်ငြိမ်တဲ့ခြေစွမ်းနဲ့ နည်းပြရဲ့နည်းဗျူဟာပိုင်းအပြင်
ကံကြမ္မာရဲ့မျက်နှာသာပေးမှုရဖို့ကလည်း အရေးကြီးပါတယ်။
မန်စီးတီးအသင်းမှာ အဲဒီအချက်တွေနဲ့ပြည့်စုံနေတာက
ပရီးမီးယားလိဂ်ရပ်ဝန်းကို Noisy Neighbour တို့
သိမ်းပိုက်ထားနိုင်တဲ့အကြောင်းရင်းပါပဲ။
မနှစ်က ရာသီအစပိုင်းလောက်မှာ ရလဒ်တွေယိမ်းယိုင်ပြီးတော့
အမှတ်ပေးဇယားအလယ်အလတ်မှာရပ်တည်နေရတဲ့အနေအထားကနေ
ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူခဲ့သလို ဒီရာသီမှာလည်း
အဲဒီပုံစံအတိုင်းစွမ်းဆောင်ဖို့ ဂွါဒီယိုလာတို့ရဲ့မိုးပြာရောင်တပ်သားတွေ အသင့်ရှိနေပါပြီ။
အင်္ဂလန်မြေမှာ တူချယ်လ်ရဲ့ထိုးနှက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့
ဂွါဒီယိုလာ ဒီရာသီမှာတော့ တူချယ်လ်ကို ပြန်အသာယူနေပြီး
ပရီးမီးယားလိဂ်(၂)ပွဲမှာ တူချယ်လ်ရဲ့နည်းဗျူဟာကို
မကျော်ဖြတ်နိုင်ပေမယ့် လိုအပ်တဲ့နိုင်ပွဲတွေရယူနိုင်ခဲ့ပါတယ်။
တူချယ်လ်ဟာ ဂွါဒီယိုလာရဲ့အသင်းတိုက်စစ်ကို
ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်၊
ဒါ့အပြင် ဘယ်လို Channel တွေကနေ မန်စီးတီးအသင်းကို
ထိုးဖောက်ရမလဲဆိုတာ သိထားပေမယ့် သူ့ဆီမှာ မန်စီးတီးတိုက်စစ်ကို
ထိန်းချုပ်နိုင်တဲ့ ခံစစ်၊ ကွင်းလယ် အင်အားစုရှိပေမယ့်
မန်စီးတီးခံစစ်ကို ထိထိရောက်ရောက် Penetrate လုပ်နိုင်မယ့်
တိုက်စစ်အစုအဖွဲ့မရှိပါဘူး။ ဒီပွဲမှာ တူချယ်လ်ရဲ့နည်းဗျူဟာကြောင့်
ထုံးစံအတိုင်း မန်စီးတီး ဘောလုံးကြီးကိုင်ထားပြီးတော့
ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အနေအထားရောက်အောင်
Control လုပ်နိုင်ပေမယ့် တိုက်စစ်မှာ လူကာကူ၊ ဇီယက်ချ်၊
ပူလီရှစ်တို့ ဘယ်လိုမှ အသုံးမကျသလို နားလည်မှုလည်းမရှိပြန်ဘူး။
ဇီယက်ချ်က တော်တော်ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြခဲ့ပြီး
သူ့ရဲ့ အူကြောင်ကြောင် Passing ကြောင့်
တူချယ်လ်အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ရတယ်။
မန်စီးတီးခံစစ်ကို ထိထိရောက်ရောက်ထိုးဖောက်နိုင်တဲ့
တိုက်စစ်အင်အားမျိုးမရှိလို့ တူချယ်လ်ရဲ့ လမ်းကြောင်းက
ရိုးရိုးရှင်းရှင်း Low-Blocks ကစား၊ ကွန်တေရဲ့လုပ်အားနှုန်းနဲ့
တိုက်စစ်ကို ပြန်စဖို့ကြိုးစားခဲ့တယ်။
ဒါပေမဲ့ ကွန်တေအတွက် ပြေးလမ်းကြောင်းတွေမရှိအောင်
မန်စီးတီးကစားသမားတွေ Block လုပ်နိုင်ခဲ့တာကြောင့်
ကွန်တေလည်း ဒီပွဲမှာ ခြေမပေါ်ခဲ့ပြန်ဘူး။
ဂွါဒီယိုလာအတွက်ကတော့ Low-Blocks ကစားတဲ့အသင်းတွေကို
ဘယ်လိုအသာရအောင် ကစားကွက်ချေဖျက်မလဲဆိုတာ
စဉ်းစားဖို့လိုနေပြီး ဒီရာသီ ပဲလေ့စ်ကို အိမ်ကွင်းမှာ
(၂-၀)ရှုံးခဲ့တာကလည်း အဲဒါကြောင့်ပါပဲ။
ဒီပွဲမှာ ရူဒီဂါက ပုံမှန်ကစားနေကျ ဘယ်ခြမ်းအစား
ညာခြမ်းထွက်ကစားလို့ ပေါင်သန်း(၁၀၀)တန်ဂရီးလစ်ရှ်တစ်ယောက်
ရူဒီဂါနဲ့အက်ဇ်ပီလီကွယ်တာ နှစ်ယောက်ကြားမှာ ဘာမှမလုပ်နိုင်တော့ဘူး။
ဒါပေမဲ့ အပေါ်မှာ ပြောထားတဲ့အတိုင်း ချန်ပီယံဖြစ်မယ့်
အသင်းတစ်သင်းဆိုတာ ပွဲအဖြေကို ရုတ်တရက်ပြောင်းလဲနိုင်တဲ့ကစားသမား၊
ကံကြမ္မာရဲ့ဖေးမမှုတွေလိုတယ်ဆိုတာ ဒီဘရိုင်းနားက
မိနစ်(၇၀)မှာ လှပတဲ့ကန်ချက်နဲ့ သက်သေပြလိုက်ပါတယ်။
ဒါက ဒီဘရိုင်းနားရဲ့စက္ကန့်ပိုင်းအတွင်း ခိုင်မာတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်မှုကို
ချီးကျူးရမှာဖြစ်ပြီး ဒီဘရိုင်းနားဟာ ဘောလုံးဆက်မဆွဲတော့ဘဲ
ဂိုးထဲကန်သွင်းဖို့ လျင်လျင်မြန်မြန်ဆုံးဖြတ်ခဲ့တာပါ။ လက်ကျန်မိနစ်တွေမှာ
ချယ်လ်ဆီးအပြောင်းအလဲလုပ်ခဲ့ပေမယ့် ဖိအားတွေလည်းများ၊
စုစည်းမှုလည်းမရှိတော့လို့ တိုက်စစ်က အသက်မဲ့ခဲ့ရပြီး
မန်စီးတီးဂိုးသမား အီဒါဆင်လည်း အခုပွဲမှာ ကြီးကြီးမားမား
ဂိုးပေါက်ကာကွယ်မှု တစ်ကြိမ်မှ မလုပ်ခဲ့ရပါဘူး။
အခုနိုင်ပွဲကြောင့် မန်စီးတီးအသင်း ပရီးမီးယားလိဂ်(၁၂)ပွဲဆက် အနိုင်ရခဲ့ပြီး
ချယ်လ်ဆီးအသင်းနဲ့ပွဲတူ(၁၃)မှတ်ဖြတ်ထားနိုင်သလို
လီဗာပူးလ်ထက် (၂)ပွဲပိုနဲ့(၁၄)မှတ်အထိဖြတ်ထားနိုင်ခဲ့ပါပြီ။
zawgyi
‘Heaven’ De Bruyne ရဲ႕ လွပတဲ့သြင္းဂိုးနဲ႔ ခ်န္ပီယံဆုရဖို႔ေျခတစ္လွမ္းပိုနီးစပ္လာတဲ့ မန္စီးတီး
ပရီးမီးယားလိဂ္မွာ အသင္းတစ္သင္းဗိုလ္စြဲဖို႔ဆိုရင္ ေတာင့္တင္းတဲ့လူစာရင္း၊
ပြဲရလဒ္ကို မထင္မွတ္ဘဲ အလွည့္အေျပာင္းလုပ္ႏိုင္တဲ့သူမ်ိဳး၊
တည္ၿငိမ္တဲ့ေျခစြမ္းနဲ႔ နည္းျပရဲ႕နည္းဗ်ဴဟာပိုင္းအျပင္
ကံၾကမၼာရဲ႕မ်က္ႏွာသာေပးမႈရဖို႔ကလည္း အေရးႀကီးပါတယ္။
မန္စီးတီးအသင္းမွာ အဲဒီအခ်က္ေတြနဲ႔ျပည့္စုံေနတာက
ပရီးမီးယားလိဂ္ရပ္ဝန္းကို Noisy Neighbour တို႔
သိမ္းပိုက္ထားႏိုင္တဲ့အေၾကာင္းရင္းပါပဲ။
မႏွစ္က ရာသီအစပိုင္းေလာက္မွာ ရလဒ္ေတြယိမ္းယိုင္ၿပီးေတာ့
အမွတ္ေပးဇယားအလယ္အလတ္မွာရပ္တည္ေနရတဲ့အေနအထားကေန
ပရီးမီးယားလိဂ္ခ်န္ပီယံဆုဖလားရယူခဲ့သလို ဒီရာသီမွာလည္း
အဲဒီပုံစံအတိုင္းစြမ္းေဆာင္ဖို႔ ဂြါဒီယိုလာတို႔ရဲ႕မိုးျပာေရာင္တပ္သားေတြ အသင့္ရွိေနပါၿပီ။
အဂၤလန္ေျမမွာ တူခ်ယ္လ္ရဲ႕ထိုးႏွက္မႈကို အႀကိမ္ႀကိမ္ခံခဲ့ရတဲ့
ဂြါဒီယိုလာ ဒီရာသီမွာေတာ့ တူခ်ယ္လ္ကို ျပန္အသာယူေနၿပီး
ပရီးမီးယားလိဂ္(၂)ပြဲမွာ တူခ်ယ္လ္ရဲ႕နည္းဗ်ဴဟာကို
မေက်ာ္ျဖတ္ႏိုင္ေပမယ့္ လိုအပ္တဲ့ႏိုင္ပြဲေတြရယူႏိုင္ခဲ့ပါတယ္။
တူခ်ယ္လ္ဟာ ဂြါဒီယိုလာရဲ႕အသင္းတိုက္စစ္ကို
ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတာ ေကာင္းေကာင္းသိပါတယ္၊
ဒါ့အျပင္ ဘယ္လို Channel ေတြကေန မန္စီးတီးအသင္းကို
ထိုးေဖာက္ရမလဲဆိုတာ သိထားေပမယ့္ သူ႔ဆီမွာ မန္စီးတီးတိုက္စစ္ကို
ထိန္းခ်ဳပ္ႏိုင္တဲ့ ခံစစ္၊ ကြင္းလယ္ အင္အားစုရွိေပမယ့္
မန္စီးတီးခံစစ္ကို ထိထိေရာက္ေရာက္ Penetrate လုပ္ႏိုင္မယ့္
တိုက္စစ္အစုအဖြဲ႕မရွိပါဘူး။ ဒီပြဲမွာ တူခ်ယ္လ္ရဲ႕နည္းဗ်ဴဟာေၾကာင့္
ထုံးစံအတိုင္း မန္စီးတီး ေဘာလုံးႀကီးကိုင္ထားၿပီးေတာ့
ဘာလုပ္လို႔လုပ္ရမွန္းမသိတဲ့အေနအထားေရာက္ေအာင္
Control လုပ္ႏိုင္ေပမယ့္ တိုက္စစ္မွာ လူကာကူ၊ ဇီယက္ခ်္၊
ပူလီရွစ္တို႔ ဘယ္လိုမွ အသုံးမက်သလို နားလည္မႈလည္းမရွိျပန္ဘူး။
ဇီယက္ခ်္က ေတာ္ေတာ္ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္ျပခဲ့ၿပီး
သူ႔ရဲ႕ အူေၾကာင္ေၾကာင္ Passing ေၾကာင့္
တူခ်ယ္လ္အႀကီးအက်ယ္ေဒါသေပါက္ကြဲခဲ့ရတယ္။
မန္စီးတီးခံစစ္ကို ထိထိေရာက္ေရာက္ထိုးေဖာက္ႏိုင္တဲ့
တိုက္စစ္အင္အားမ်ိဳးမရွိလို႔ တူခ်ယ္လ္ရဲ႕ လမ္းေၾကာင္းက
႐ိုး႐ိုးရွင္းရွင္း Low-Blocks ကစား၊ ကြန္ေတရဲ႕လုပ္အားႏႈန္းနဲ႔
တိုက္စစ္ကို ျပန္စဖို႔ႀကိဳးစားခဲ့တယ္။
ဒါေပမဲ့ ကြန္ေတအတြက္ ေျပးလမ္းေၾကာင္းေတြမရွိေအာင္
မန္စီးတီးကစားသမားေတြ Block လုပ္ႏိုင္ခဲ့တာေၾကာင့္
ကြန္ေတလည္း ဒီပြဲမွာ ေျခမေပၚခဲ့ျပန္ဘူး။
ဂြါဒီယိုလာအတြက္ကေတာ့ Low-Blocks ကစားတဲ့အသင္းေတြကို
ဘယ္လိုအသာရေအာင္ ကစားကြက္ေခ်ဖ်က္မလဲဆိုတာ
စဥ္းစားဖို႔လိုေနၿပီး ဒီရာသီ ပဲေလ့စ္ကို အိမ္ကြင္းမွာ
(၂-၀)ရႈံးခဲ့တာကလည္း အဲဒါေၾကာင့္ပါပဲ။
ဒီပြဲမွာ ႐ူဒီဂါက ပုံမွန္ကစားေနက် ဘယ္ျခမ္းအစား
ညာျခမ္းထြက္ကစားလို႔ ေပါင္သန္း(၁၀၀)တန္ဂရီးလစ္ရွ္တစ္ေယာက္
႐ူဒီဂါနဲ႔အက္ဇ္ပီလီကြယ္တာ ႏွစ္ေယာက္ၾကားမွာ ဘာမွမလုပ္ႏိုင္ေတာ့ဘူး။
ဒါေပမဲ့ အေပၚမွာ ေျပာထားတဲ့အတိုင္း ခ်န္ပီယံျဖစ္မယ့္
အသင္းတစ္သင္းဆိုတာ ပြဲအေျဖကို ႐ုတ္တရက္ေျပာင္းလဲႏိုင္တဲ့ကစားသမား၊
ကံၾကမၼာရဲ႕ေဖးမမႈေတြလိုတယ္ဆိုတာ ဒီဘ႐ိုင္းနားက
မိနစ္(၇၀)မွာ လွပတဲ့ကန္ခ်က္နဲ႔ သက္ေသျပလိုက္ပါတယ္။
ဒါက ဒီဘ႐ိုင္းနားရဲ႕စကၠန႔္ပိုင္းအတြင္း ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္မႈကို
ခ်ီးက်ဴးရမွာျဖစ္ၿပီး ဒီဘ႐ိုင္းနားဟာ ေဘာလုံးဆက္မဆြဲေတာ့ဘဲ
ဂိုးထဲကန္သြင္းဖို႔ လ်င္လ်င္ျမန္ျမန္ဆုံးျဖတ္ခဲ့တာပါ။ လက္က်န္မိနစ္ေတြမွာ
ခ်ယ္လ္ဆီးအေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ဖိအားေတြလည္းမ်ား၊
စုစည္းမႈလည္းမရွိေတာ့လို႔ တိုက္စစ္က အသက္မဲ့ခဲ့ရၿပီး
မန္စီးတီးဂိုးသမား အီဒါဆင္လည္း အခုပြဲမွာ ႀကီးႀကီးမားမား
ဂိုးေပါက္ကာကြယ္မႈ တစ္ႀကိမ္မွ မလုပ္ခဲ့ရပါဘူး။
အခုႏိုင္ပြဲေၾကာင့္ မန္စီးတီးအသင္း ပရီးမီးယားလိဂ္(၁၂)ပြဲဆက္ အႏိုင္ရခဲ့ၿပီး
ခ်ယ္လ္ဆီးအသင္းနဲ႔ပြဲတူ(၁၃)မွတ္ျဖတ္ထားႏိုင္သလို
လီဗာပူးလ္ထက္ (၂)ပြဲပိုနဲ႔(၁၄)မွတ္အထိျဖတ္ထားႏိုင္ခဲ့ပါၿပီ။