
ရီးယဲလ်အသင်းဟာ ၂၀၂၁-၂၂ ရာသီ စပိန်စူပါဖလားဗိုလ်လုပွဲမှာ
ဘီလ်ဘာအိုအသင်းကို(၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး ပွဲအပြီးမှာ ကစားသမားတွေ
ဆုဖလားနဲ့အတူ အကြီးအကျယ်အောင်ပွဲခံခဲ့ပေမယ့် ဟာဇက်ကတော့
မကောင်းတတ်လို့ ကွင်းထဲမှာနေ,နေရတတ်ပုံစံမျိုးနဲ့
မျက်နှာက သုန်မှုန်နေပါတယ်။
ရီးယဲလ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ အစဉ်အလာပြိုင်ဘက်
ဘာစီလိုနာအသင်းကို ဗယ်လ်ဗာဒီရဲ့ဂိုးကြောင့်(၃-၂)ဂိုးနဲ့အနိုင်ယူပြီးတော့
ဗိုလ်လုပွဲတက်ခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ဘီလ်ဘာအိုအသင်းကို
၀ါရင့်ကစားသမားနှစ်ဦးဖြစ်တဲ့ မိုဒရစ်၊ ဘန်ဇီမာတို့ရဲ့ဂိုးတွေနဲ့
အနိုင်ယူဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
ဒီဆုဖလားက ရီးယဲလ်အသင်းကို တစ်ကျော့ပြန်လာတဲ့
နည်းပြအန်ဆယ်လော့တီအတွက် ပွဲဦးထွက်ဖလားတစ်လုံးဖြစ်ပြီး
ပြိုင်ပွဲသမိုင်းတစ်လျှောက် စပိန်စူပါဖလားကို (၁၂)ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာပါ။
ဒီပွဲမှာ ဟာဇက်ဟာ အသင်းလူစာရင်းမှာပါဝင်ခဲ့ပေမယ့်
ပွဲကစားခွင့်မရခဲ့ဘဲ ပွဲအပြီးအသင်းဖော်တွေအောင်ပွဲခံနေချိန်မှာ
မကျေနပ်တဲ့မျက်နှာထားဖြစ်နေခဲ့ပါတယ်။
အဲဒီအဖြစ်အပျက်ကို သတိထားမိခဲ့တဲ့ ရီးယဲလ်ပရိသတ်တွေက
လက်လွတ်မခံဘဲ အွန်လိုင်းပေါ်မှာ ပွဲဆူအောင်ဖွခဲ့ကြပြီး
“ဟာဇက်ကလွဲလို့ ကျန်တဲ့လူတိုင်းပျော်နေကြပါတယ်”၊
“အရန်ခုံမှာပဲ အချိန်ကုန်နေရတဲ့ ဟာဇက်ဆီက ဘာများမျှော်လင့်လို့ရဦးမှာလဲ။
ရီးယဲလ်အသင်းဟာ ကစားသမားတိုင်းထက် ကြီးကျယ်ခမ်းနားပါတယ်”၊
“ဟာဇက်အနေနဲ့ ရီးယဲလ်အသင်းမှာကစားရတာ
မပျော်တော့ဘူးဆိုရင် အသင်းနဲ့လမ်းခွဲသင့်ပါတယ်”ဆိုပြီးတော့
Post တွေရေးသားခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းကနေ ရီးယဲလ်အသင်းဆီ
ကလပ်စံချိန်ပြောင်းရွှေ့ကြေးယူရိုသန်း(၁၀၀)နဲ့ရောက်ရှိခဲ့သူ
ဟာဇက်ဟာ ရီးယဲလ်အသင်းမှာ ဒဏ်ရာတွေနဲ့သာရုန်းကန်ခဲ့ရပြီး
ဒီရာသီမှာလည်း စုစုပေါင်း(၁၆)ပွဲသာကစားခွင့်ရခဲ့ပါတယ်။
zawgyi
မေကာင္းတတ္လို႔ ကြင္းထဲမွာေန,ေနရတတ္ပုံစံမ်ိဳးနဲ႔ မ်က္ႏွာ သုန္မႈန္ေနတဲ့ ဟာဇက္
ရီးယဲလ္အသင္းဟာ ၂၀၂၁-၂၂ ရာသီ စပိန္စူပါဖလားဗိုလ္လုပြဲမွာ
ဘီလ္ဘာအိုအသင္းကို(၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ပြဲအၿပီးမွာ ကစားသမားေတြ
ဆုဖလားနဲ႔အတူ အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ေပမယ့္ ဟာဇက္ကေတာ့
မေကာင္းတတ္လို႔ ကြင္းထဲမွာေန,ေနရတတ္ပုံစံမ်ိဳးနဲ႔
မ်က္ႏွာက သုန္မႈန္ေနပါတယ္။
ရီးယဲလ္အသင္းဟာ ဆီမီးဖိုင္နယ္မွာ အစဥ္အလာၿပိဳင္ဘက္
ဘာစီလိုနာအသင္းကို ဗယ္လ္ဗာဒီရဲ႕ဂိုးေၾကာင့္(၃-၂)ဂိုးနဲ႔အႏိုင္ယူၿပီးေတာ့
ဗိုလ္လုပြဲတက္ခဲ့ၿပီး ဗိုလ္လုပြဲမွာလည္း ဘီလ္ဘာအိုအသင္းကို
၀ါရင့္ကစားသမားႏွစ္ဦးျဖစ္တဲ့ မိုဒရစ္၊ ဘန္ဇီမာတို႔ရဲ႕ဂိုးေတြနဲ႔
အႏိုင္ယူဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။
ဒီဆုဖလားက ရီးယဲလ္အသင္းကို တစ္ေက်ာ့ျပန္လာတဲ့
နည္းျပအန္ဆယ္ေလာ့တီအတြက္ ပြဲဦးထြက္ဖလားတစ္လုံးျဖစ္ၿပီး
ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ စပိန္စူပါဖလားကို (၁၂)ႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့တာပါ။
ဒီပြဲမွာ ဟာဇက္ဟာ အသင္းလူစာရင္းမွာပါဝင္ခဲ့ေပမယ့္
ပြဲကစားခြင့္မရခဲ့ဘဲ ပြဲအၿပီးအသင္းေဖာ္ေတြေအာင္ပြဲခံေနခ်ိန္မွာ
မေက်နပ္တဲ့မ်က္ႏွာထားျဖစ္ေနခဲ့ပါတယ္။ အဲဒီအျဖစ္အပ်က္ကို
သတိထားမိခဲ့တဲ့ ရီးယဲလ္ပရိသတ္ေတြက လက္လြတ္မခံဘဲ
အြန္လိုင္းေပၚမွာ ပြဲဆူေအာင္ဖြခဲ့ၾကၿပီး
“ဟာဇက္ကလြဲလို႔ က်န္တဲ့လူတိုင္းေပ်ာ္ေနၾကပါတယ္”၊
“အရန္ခုံမွာပဲ အခ်ိန္ကုန္ေနရတဲ့ ဟာဇက္ဆီက ဘာမ်ားေမွ်ာ္လင့္လို႔ရဦးမွာလဲ။
ရီးယဲလ္အသင္းဟာ ကစားသမားတိုင္းထက္ ႀကီးက်ယ္ခမ္းနားပါတယ္”၊
“ဟာဇက္အေနနဲ႔ ရီးယဲလ္အသင္းမွာကစားရတာ
မေပ်ာ္ေတာ့ဘူးဆိုရင္ အသင္းနဲ႔လမ္းခြဲသင့္ပါတယ္”ဆိုၿပီးေတာ့
Post ေတြေရးသားခဲ့ၾကပါတယ္။
၂၀၁၉ ခုႏွစ္တုန္းက ခ်ယ္လ္ဆီးအသင္းကေန ရီးယဲလ္အသင္းဆီ
ကလပ္စံခ်ိန္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း(၁၀၀)နဲ႔ေရာက္ရွိခဲ့သူ
ဟာဇက္ဟာ ရီးယဲလ္အသင္းမွာ ဒဏ္ရာေတြနဲ႔သာ႐ုန္းကန္ခဲ့ရၿပီး
ဒီရာသီမွာလည္း စုစုေပါင္း(၁၆)ပြဲသာကစားခြင့္ရခဲ့ပါတယ္။