
မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာဟာ ရီးရဲလ်မက်ဒရစ်မှာ
ဒီရာသီ ခြေစွမ်းပြသနေတဲ့ တောင်ပံကစားသမား ဗင်နီစီးရပ်စ်ဂျူနီယာရဲ့
အေးဂျင့်တွေကို ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ဘရာဇီးသားရဲ့ ဒီရာသီခြေစွမ်းဟာ တကယ့်ကို ကမ္ဘာ့အဆင့်မီဖြစ်လာခဲ့ပြီး
လာလီဂါထိပ်သီးအသင်းကြီးအတွက် ပြိုင်ပွဲစုံ
၁၅ ဂိုး သွင်းပြီး ၉ ဂိုးထိ ဖန်တီးထားပါတယ်။
ဗင်နီစီးရပ်စ်ဟာ ဝါရင့်တိုက်စစ် ကာရင်ဘန်ဇီးမားနဲ့အတူ
ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းအတည်ငြိမ်ဆုံး ကစားသမားအဖြစ်
ရပ်တည်နေပြီး တိုက်စစ်မှာလည်း နှစ်ယောက်သား နားလည်မှုရှိရှိ တွဲကစားနိုင်နေပါတယ်။
၂၁ နှစ်အရွယ်ကစားသမားဟာ လာမယ့်နှစ်တွေအတွင်း
ရီးရဲလ်အတွက် မရှိမဖြစ် ကစားသမား ဖြစ်လာနိုင်ပေမယ့်
အခုချိန်မှာတော့မန် စီးတီးက တံခါးသွားခေါက်နေပြီ ဖြစ်ပါတယ်။
ဂွာဒီယိုလာကိုယ်တိုင်ကလည်း ဗင်နီစီးရပ်စ်ရဲ့ ပရိသတ်တစ်ဦးဖြစ်တာကြောင့်
ခုလိုဆက်သွယ်ခဲ့တယ်လို့ ယူဆရပြီး မန်စီးတီးဘက်ကသာ
အမှန်တကယ် ကမ်းလှမ်းလာရင် ကစားသမားရဲ့ အေးဂျင့်တွေက
ရီးရဲလ်နဲ့ စာချုပ်ကိုတောင် ဖျက်သိမ်းဖို့ ကြိုးစားလာနိုင်တယ်လို့
သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မန်စီးတီးဟာမကြာသေးမီတုန်းကဖာရန်တောရက်စ်ကိုဘာစီလိုနာသို့
ပေါင်၅၅သန်းဖြင့်ရောင်းချထားပြီး နွေရာသီတွင် ထိပ်တန်းတိုက်စစ်မှူးခေါ်ယူရပါမယ်။
ဗင်နီစီးရပ်စ်ရဲ့လက်ရှိရီးရဲလ်မက်ဒရစ်နှင့်စာချုပ်က၂၀၂၄ခုနှစ်တွင်ကုန်ဆုံးပါမယ်။
ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတွင်ကိုင်လီယန်ဘက်ပေးနှင့်
အာလင်းဟာလန်းကိုခေါ်ယူရန်ကြိုးပမ်းသွားမှာဖြစ်ပေမဲ့
ဥက္ကဌပီရက်ဇ်ကဗင်နီစီးရပ်စ်ကိုအဓိကကစားသမားအဖြစ်
သတ်မှတ်ထားကာ နွေရာသီတွင်စာချုပ်သစ်ချုပ်ဆိုရန်လည်းစီစဉ်နေပါတယ်။
zawgyi
ဗင္နီစီးရပ္စ္ဂ်ဴနီယာရဲ႕ ေအးဂ်င့္ေတြကို ဆက္သြယ္ထားတဲ့ ဂြာဒီယိုလာ
မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာဟာ ရီးရဲလ္မက္ဒရစ္မွာ
ဒီရာသီ ေျခစြမ္းျပသေနတဲ့ ေတာင္ပံကစားသမား ဗင္နီစီးရပ္စ္ဂ်ဴနီယာရဲ႕
ေအးဂ်င့္ေတြကို ဆက္သြယ္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။
ဘရာဇီးသားရဲ႕ ဒီရာသီေျခစြမ္းဟာ တကယ့္ကို ကမာၻ႔အဆင့္မီျဖစ္လာခဲ့ၿပီး
လာလီဂါထိပ္သီးအသင္းႀကီးအတြက္ ၿပိဳင္ပြဲစုံ
၁၅ ဂိုး သြင္းၿပီး ၉ ဂိုးထိ ဖန္တီးထားပါတယ္။
ဗင္နီစီးရပ္စ္ဟာ ဝါရင့္တိုက္စစ္ ကာရင္ဘန္ဇီးမားနဲ႔အတူ
ရီးရဲလ္မက္ဒရစ္ရဲ႕ ေျခစြမ္းအတည္ၿငိမ္ဆုံး ကစားသမားအျဖစ္
ရပ္တည္ေနၿပီး တိုက္စစ္မွာလည္း ႏွစ္ေယာက္သား နားလည္မႈရွိရွိ တြဲကစားႏိုင္ေနပါတယ္။
၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ လာမယ့္ႏွစ္ေတြအတြင္း
ရီးရဲလ္အတြက္ မရွိမျဖစ္ ကစားသမား ျဖစ္လာႏိုင္ေပမယ့္
အခုခ်ိန္မွာေတာ့မန္ စီးတီးက တံခါးသြားေခါက္ေနၿပီ ျဖစ္ပါတယ္။
ဂြာဒီယိုလာကိုယ္တိုင္ကလည္း ဗင္နီစီးရပ္စ္ရဲ႕ ပရိသတ္တစ္ဦးျဖစ္တာေၾကာင့္
ခုလိုဆက္သြယ္ခဲ့တယ္လို႔ ယူဆရၿပီး မန္စီးတီးဘက္ကသာ
အမွန္တကယ္ ကမ္းလွမ္းလာရင္ ကစားသမားရဲ႕ ေအးဂ်င့္ေတြက
ရီးရဲလ္နဲ႔ စာခ်ဳပ္ကိုေတာင္ ဖ်က္သိမ္းဖို႔ ႀကိဳးစားလာႏိုင္တယ္လို႔
သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
မန္စီးတီးဟာမၾကာေသးမီတုန္းကဖာရန္ေတာရက္စ္ကိုဘာစီလိုနာသို႔
ေပါင္၅၅သန္းျဖင့္ေရာင္းခ်ထားၿပီး ေႏြရာသီတြင္ ထိပ္တန္းတိုက္စစ္မႉးေခၚယူရပါမယ္။
ဗင္နီစီးရပ္စ္ရဲ႕လက္ရွိရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္က၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးပါမယ္။
ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတြင္ကိုင္လီယန္ဘက္ေပးႏွင့္
အာလင္းဟာလန္းကိုေခၚယူရန္ႀကိဳးပမ္းသြားမွာျဖစ္ေပမဲ့
ဥကၠဌပီရက္ဇ္ကဗင္နီစီးရပ္စ္ကိုအဓိကကစားသမားအျဖစ္
သတ္မွတ္ထားကာ ေႏြရာသီတြင္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္လည္းစီစဥ္ေနပါတယ္။