
မန်စီးတီးနည်းပြဂွါဒီယိုလာက ပြီးခဲ့တဲ့အပတ်တုန်းက သူ့အသင်းဟာ
အာဆင်နယ်ကို မထိုက်မတန်နိုင်ခဲ့တာလို့ ပြောကြားလိုက်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ စနေညက သူတို့ရဲ့အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့
ချဲလ်ဆီးကိုအနိုင်ရခဲ့လို့ အမှတ်ပေးဇယားကို ၁၃ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ချဲလ်ဆီးကို ထိုက်ထိုက်တန်တန်အနိုင်ရဖို့အတွက်လည်း
သူ့အသင်းဟာ ကြိုးစားခဲ့တာလို့ ဂွါဒီယိုလာက အခိုင်အမာဆိုခဲ့တာပါ။
နောက်ဆုံးနိုင်ပွဲကြောင့် မန်စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ
တစ်ကောင်တည်းပြေးတဲ့မြင်းလိုဖြစ်နေပေမယ့်
ချန်ပီယံဆုအတွက်က ဇန်နဝါရီမှာတင်
ဆုံးဖြတ်တာမဟုတ်ကြောင်း ထပ်လောင်းပြောခဲ့ပါတယ်။
မန်စီးတီးဟာ ချဲလ်ဆီးနဲ့ပွဲမှာ စိုးမိုးကစားနိုင်ခဲ့ပေမယ့်
ပွဲပြီးဖို့ မိနစ် ၂၀ အလိုရောက်မှသာ ဒီဘရူနီရဲ့တစ်လုံးတည်းသောဂိုးနဲ့
ခက်ခက်ခဲခဲနိုင်ခဲ့တာပါ။
”ဇန်နဝါရီမှာ ဘယ်သူမှ ချန်ပီယံမဖြစ်ပါဘူး။ ချဲလ်ဆီးနဲ့လီဗာပူးတို့မှာလည်း
ပွဲကျန်တွေ ရှိပါသေးတယ်။ အဲဒီပွဲတွေသာ သူတို့နိုင်ရင်
၈ မှတ်ဖြတ်သာဖြစ်မှာပါ။ ဇန်နဝါရီမှာ ၈ မှတ်ကွာဆိုတာ
ဘာမှ မဟုတ်ပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက”ကျွန်တော်တို့ ထိုက်တန်တယ်လို့
ထင်ရတဲ့ပွဲတွေမှာ အနိုင်ရချင်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာတော့
ကျွန်တော်တို့ထိုက်ထိုက်တန်တန်နိုင်ခဲ့တာပါ။
ဘောလုံးမှာ မျှမျှတတရှိတာကို ကျွန်တော်ကြိုက်ပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ အမှတ်ပြည့်ရလို့ ကျွန်တော်ပျော်ခဲ့တယ်ဆိုပေမယ့်
မထိုက်တန်ခဲ့ပါဘူး။ ထိုက်ထိုက်တန်တန်နဲ့နိုင်တာက
ပိုပြီးအရသာရှိပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
zawgyi
ထိုက္ထိုက္တန္တန္နဲ႔ႏိုင္တာက ပိုၿပီးအရသာရွိပါတယ္လို႔ ဂြါဒီယိုလာဆို
မန္စီးတီးနည္းျပဂြါဒီယိုလာက ၿပီးခဲ့တဲ့အပတ္တုန္းက သူ႔အသင္းဟာ
အာဆင္နယ္ကို မထိုက္မတန္ႏိုင္ခဲ့တာလို႔ ေျပာၾကားလိုက္ပါတယ္။
ဂြါဒီယိုလာရဲ႕အသင္းဟာ စေနညက သူတို႔ရဲ႕အနီးကပ္ဆုံးၿပိဳင္ဘက္ျဖစ္တဲ့
ခ်ဲလ္ဆီးကိုအႏိုင္ရခဲ့လို႔ အမွတ္ေပးဇယားကို ၁၃ မွတ္ျဖတ္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးကို ထိုက္ထိုက္တန္တန္အႏိုင္ရဖို႔အတြက္လည္း
သူ႔အသင္းဟာ ႀကိဳးစားခဲ့တာလို႔ ဂြါဒီယိုလာက အခိုင္အမာဆိုခဲ့တာပါ။
ေနာက္ဆုံးႏိုင္ပြဲေၾကာင့္ မန္စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ
တစ္ေကာင္တည္းေျပးတဲ့ျမင္းလိုျဖစ္ေနေပမယ့္
ခ်န္ပီယံဆုအတြက္က ဇန္နဝါရီမွာတင္
ဆုံးျဖတ္တာမဟုတ္ေၾကာင္း ထပ္ေလာင္းေျပာခဲ့ပါတယ္။
မန္စီးတီးဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ စိုးမိုးကစားႏိုင္ခဲ့ေပမယ့္
ပြဲၿပီးဖို႔ မိနစ္ ၂၀ အလိုေရာက္မွသာ ဒီဘ႐ူနီရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔
ခက္ခက္ခဲခဲႏိုင္ခဲ့တာပါ။
”ဇန္နဝါရီမွာ ဘယ္သူမွ ခ်န္ပီယံမျဖစ္ပါဘူး။ ခ်ဲလ္ဆီးနဲ႔လီဗာပူးတို႔မွာလည္း
ပြဲက်န္ေတြ ရွိပါေသးတယ္။ အဲဒီပြဲေတြသာ သူတို႔ႏိုင္ရင္
၈ မွတ္ျဖတ္သာျဖစ္မွာပါ။ ဇန္နဝါရီမွာ ၈ မွတ္ကြာဆိုတာ
ဘာမွ မဟုတ္ပါဘူး”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္ ဂြါဒီယိုလာက”ကြၽန္ေတာ္တို႔ ထိုက္တန္တယ္လို႔
ထင္ရတဲ့ပြဲေတြမွာ အႏိုင္ရခ်င္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာေတာ့
ကြၽန္ေတာ္တို႔ထိုက္ထိုက္တန္တန္ႏိုင္ခဲ့တာပါ။
ေဘာလုံးမွာ မွ်မွ်တတရွိတာကို ကြၽန္ေတာ္ႀကိဳက္ပါတယ္။
အာဆင္နယ္နဲ႔ပြဲမွာ အမွတ္ျပည့္ရလို႔ ကြၽန္ေတာ္ေပ်ာ္ခဲ့တယ္ဆိုေပမယ့္
မထိုက္တန္ခဲ့ပါဘူး။ ထိုက္ထိုက္တန္တန္နဲ႔ႏိုင္တာက
ပိုၿပီးအရသာရွိပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။