တူချယ်လ်အပေါ် များစွာလေးစားကြောင်းထုတ်ပြောလာတဲ့ ဂွာဒီယိုလာ

ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနည်းပြဆုကိုတော့

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ရရှိသွားခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ဒီဇင်ဘာလအတွင်းမှာ မန်စီးတီးအသင်းကို

၇ ပွဲအနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး သွင်းဂိုး ၂၄ ဂိုး နဲ့

ပေးဂိုးမရှိပွဲ ၄ ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာမနက်ဖြန်ညမှာ ချယ်ဆီးအသင်းကိုအိမ်ကွင်းမှာ

လက်ခံယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး နည်းပြဂွါဒီယိုလာက

သောမတ်စ်တူချယ်လ်အပေါ် များစွာလေးစားကြောင်းထုတ်ပြောလာတာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်၂၁ပွဲအထိကစားပြီးချိန်မှာ

ဒုတိယနေရာကချယ်ဆီးအသင်းကို ၁၀မှတ်အထိဖြတ်ထားနိုင်တာဖြစ်ပြီး

အတော်လေးများတဲ့ပမာဏတစ်ခုလို့ ပြောနိုင်တာပါ။

တကယ်လို့မန်စီးတီးအသင်းဟာ ချယ်ဆီးအသင်းကိုနိုင်ပြီး

လီဗာပူးအသင်းက ဘရန့်ဖို့ဒ်နဲ့ပွဲမှာခြေချော်ခဲ့မယ်ဆိုရင်

မန်စီးတီးဟာ ၁၃မှတ်ဖြတ်ကာဦးဆောင်သွားမှာဖြစ်ပြီး

ချန်ပီယံဆုအတွက်အခြေအနေကောင်းသွားမှာပါ။

မန်စီးတီးအသင်းဟာ ပထမအကျော့တုန်းကလည်း

စတမ်းဖို့ဒ်ဘရစ်ချ်မှာချယ်ဆီးကို ၁ဂိုး-ဂိုးမရှိနဲ့အနိုင်ရထားသလို

ယခုတစ်ကြိမ်တွေ့ဆုံရာမှာလည်း အနိုင်ရဖို့အတွက်ရေပန်းစားနေတာပါ။

ဂွါဒီယိုလာက”တူချယ်လ်ကတကယ်ကို ဖန်တီးမှုကောင်းတဲ့နည်းပြပါ။

ကျွန်တော့်အရည်အချင်းတွေတိုးတက်လာအောင်

သူ့ဆီကပုံမှန်သင်ယူဖြစ်ပါတယ်။

နည်းပြတိုင်းဆီကတော့မဟုတ်ဘူးပေါ့”

“မိန့်ဇ်နဲ့ ဒေါ့မွန်အသင်းတွေကို သူကိုင်တွယ်ကတည်းက

ကျွန်တော်သဘောကျခဲ့တာပါ။ သူ့အသင်းပွဲတွေကြည့်ရတာ

တကယ်ကောင်းပါတယ်။ သူ့ရဲ့ပွဲကိုချဉ်းကပ်တဲ့ပုံတွေက လုံးဝ ကောင်းပါတယ်”

“သူကတကယ်ကိုသိက္ခာရှိပြီး ဘောလုံးလောကကိုပိုကောင်းစေတဲ့သူလို့

ကျွန်တော်ကတော့မြင်မိပါတယ်။ နေ့တိုင်းနေ့တိုင်း အသင်းကို

တိုးတက်စေချင်တဲ့နည်းပြရှိနေတဲ့အခါ အသင်းအတွက်ကောင်းတာပေါ့”လို့ပြောခဲ့တာပါ။

zawgyi

တူခ်ယ္လ္အေပၚ မ်ားစြာေလးစားေၾကာင္းထုတ္ေျပာလာတဲ့ ဂြာဒီယိုလာ

ဒီဇင္ဘာလအတြက္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးနည္းျပဆုကိုေတာ့

မန္စီးတီးနည္းျပ ဂြာဒီယိုလာက ရရွိသြားခဲ့ပါတယ္။

ဂြာဒီယိုလာဟာ ဒီဇင္ဘာလအတြင္းမွာ မန္စီးတီးအသင္းကို

၇ ပြဲအႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး သြင္းဂိုး ၂၄ ဂိုး နဲ႔

ေပးဂိုးမရွိပြဲ ၄ ပြဲရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

မန္စီးတီးအသင္းဟာမနက္ျဖန္ညမွာ ခ်ယ္ဆီးအသင္းကိုအိမ္ကြင္းမွာ

လက္ခံယွဥ္ၿပိဳင္ကစားသြားဖို႔ရွိေနၿပီး နည္းျပဂြါဒီယိုလာက

ေသာမတ္စ္တူခ်ယ္လ္အေပၚ မ်ားစြာေလးစားေၾကာင္းထုတ္ေျပာလာတာပါ။

မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္၂၁ပြဲအထိကစားၿပီးခ်ိန္မွာ

ဒုတိယေနရာကခ်ယ္ဆီးအသင္းကို ၁၀မွတ္အထိျဖတ္ထားႏိုင္တာျဖစ္ၿပီး

အေတာ္ေလးမ်ားတဲ့ပမာဏတစ္ခုလို႔ ေျပာႏိုင္တာပါ။

တကယ္လို႔မန္စီးတီးအသင္းဟာ ခ်ယ္ဆီးအသင္းကိုႏိုင္ၿပီး

လီဗာပူးအသင္းက ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာေျခေခ်ာ္ခဲ့မယ္ဆိုရင္

မန္စီးတီးဟာ ၁၃မွတ္ျဖတ္ကာဦးေဆာင္သြားမွာျဖစ္ၿပီး

ခ်န္ပီယံဆုအတြက္အေျခအေနေကာင္းသြားမွာပါ။

မန္စီးတီးအသင္းဟာ ပထမအေက်ာ့တုန္းကလည္း

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာခ်ယ္ဆီးကို ၁ဂိုး-ဂိုးမရွိနဲ႔အႏိုင္ရထားသလို

ယခုတစ္ႀကိမ္ေတြ႕ဆုံရာမွာလည္း အႏိုင္ရဖို႔အတြက္ေရပန္းစားေနတာပါ။

ဂြါဒီယိုလာက”တူခ်ယ္လ္ကတကယ္ကို ဖန္တီးမႈေကာင္းတဲ့နည္းျပပါ။

ကြၽန္ေတာ့္အရည္အခ်င္းေတြတိုးတက္လာေအာင္

သူ႔ဆီကပုံမွန္သင္ယူျဖစ္ပါတယ္။

နည္းျပတိုင္းဆီကေတာ့မဟုတ္ဘူးေပါ့”

“မိန႔္ဇ္နဲ႔ ေဒါ့မြန္အသင္းေတြကို သူကိုင္တြယ္ကတည္းက

ကြၽန္ေတာ္သေဘာက်ခဲ့တာပါ။ သူ႔အသင္းပြဲေတြၾကည့္ရတာ

တကယ္ေကာင္းပါတယ္။ သူ႔ရဲ႕ပြဲကိုခ်ဥ္းကပ္တဲ့ပုံေတြက လုံးဝ ေကာင္းပါတယ္”

“သူကတကယ္ကိုသိကၡာရွိၿပီး ေဘာလုံးေလာကကိုပိုေကာင္းေစတဲ့သူလို႔

ကြၽန္ေတာ္ကေတာ့ျမင္မိပါတယ္။ ေန႔တိုင္းေန႔တိုင္း အသင္းကို

တိုးတက္ေစခ်င္တဲ့နည္းျပရွိေနတဲ့အခါ အသင္းအတြက္ေကာင္းတာေပါ့”လို႔ေျပာခဲ့တာပါ။