GOAT ကြီးစီရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံနဲ့ ပတ်သက်လို့ ရှင်းချက်ထုတ်လိုက်တဲ့ မန်ယူ

အဲဗာတန်ကိုအနိုင်ရတဲ့ပွဲစဉ်မှာတော့ ရော်နယ်ဒိုဟာသူ့ရဲ့အမှတ်တံဆိပ် ‘SIUU’ အောင် ပွဲခံပုံနေရာမှာ အစားထိုးမှုတစ်ခုလုပ်ခဲ့ပါတယ်။

ကလပ်ကစားသမားဘ၀ သွင်းဂိုး ၇၀၀ ပြည့်မှာ အခုလိုအောင်ပွဲခံခဲ့တာနဲ့ပတ်သတ်လို့အားလုံးစိတ်ဝင်စားခဲ့သလို ဘင်ဖီကာ လူငယ်ကစားသမားလေးတစ်ယောက်ဟာလည်း GOAT ကြီးရဲ့အောင်ပွဲခံပုံစံကို လိုက်လံတုပခဲ့တာက ဆိုရှယ်မီဒီယာထက်မှာ ရေးပန်းစားသွားပါတယ်။ ရော်နယ်ဒိုနဲ့ အန်တိုနီတို့ဟာ လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်ယှက်ပြီး မျက်လုံးစုံမှိတ်အောင်ပွဲခံခဲ့တာဖြစ်တယ်။

 

အမှန်တကယ်တော့ ပေါ်တူဂီတိုက်စစ်မှူးရဲ့ အောင်ပွဲခံပုံစံကို ကျန်တဲ့အသင်းသားတွေဂရုမပြုမိလို့ ဘရာဇီးသားကပါဝင်သရုပ်ဆောင်ပေးခဲ့ရတာဖြစ်တယ်။ ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံဟာ အသင်းသားတွေနဲ့ ခရီးစဉ်မှာ သူအိပ်ပျော်နေတယ်ဆိုတာကို ခေါင်းညိတ်ပြတဲ့ပုံစံမျိုးနဲ့ ဟာသလုပ်ခဲ့တာလို့ မန်ယူအသင်းကအတည်ပြုလိုက်ပါ တယ်။

 

“ကစားဖော်တွေနဲ့ ရယ်စရာတစ်ခုလုပ်တဲ့ပုံစံဖြစ်ပြီး အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ နှောင်ကြိုးခိုင်မာတယ်ဆိုတာကိုပြသချင်တာပါ။ သူ့ကိုယ်သူ အကောင်းဆုံးဖြစ်ဖို့အတွက် လေ့ကျင့်ရေးနဲ့ Gym မှာကြိုးစားလုပ်ဆောင်နေပြီး မှန် ကန်စွာအနားယူခြင်းနဲ့ သူပြန်လာနိုင်ဖို့အတွက် လုံလောက်တဲ့အိပ်စက်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေပါတယ်”

 

လို့ မန်ယူအသင်းတရားဝင်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ တစ်ရက်မှာ အကြိမ်ပေါင်းများ စွာ တစ်ရေးတစ်မောအိပ်စက်လေ့ရှိသူလည်း ဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲမှာတော့ မန်ယူ ၃မှတ် ရဖို့အတွက် ရော်နယ်ဒိုသွင်းဂိုးကထောက်ပံ့နိုင်ခဲ့သလို လာမယ့် နယူးကာဆယ်နဲ့ပွဲမှာ ဒီရာသီပထမ ဆုံးပရီးမီးယားလိဂ်ပွဲထွက်အဖြစ် ပါဝင်ကစားလာဖို့ ရှိနေပါတယ်။

(Zawgyi)

GOAT မန္ယူအသင္းထုတ္ေဖာ္ႀကီးေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံပုံအသစ္နဲ႔ပတ္သတ္လို႔

အဲဗာတန္ကိုအႏိုင္ရတဲ့ပြဲစဥ္မွာေတာ့ ေရာ္နယ္ဒိုဟာသူ႔ရဲ႕အမွတ္တံဆိပ္ ‘SIUU’ ေအာင္ ပြဲခံပုံေနရာမွာ အစားထိုးမႈတစ္ခုလုပ္ခဲ့ပါတယ္။ ကလပ္ကစားသမားဘ၀ သြင္းဂိုး ၇၀၀ ျပည့္မွာ အခုလိုေအာင္ပြဲခံခဲ့တာနဲ႔ပတ္သတ္လို႔အားလုံးစိတ္ဝင္စားခဲ့သလို ဘင္ဖီကာ လူငယ္ကစားသမားေလးတစ္ေယာက္ဟာလည္း GOAT ႀကီးရဲ႕ေအာင္ပြဲခံပုံစံကို လိုက္လံတုပခဲ့တာက ဆိုရွယ္မီဒီယာထက္မွာ ေရးပန္းစားသြားပါတယ္။

ေရာ္နယ္ဒိုနဲ႔ အန္တိုနီတို႔ဟာ လက္ႏွစ္ဖက္ကိုရင္ဘတ္ေပၚယွက္ၿပီး မ်က္လုံးစုံမွိတ္ေအာင္ပြဲခံခဲ့တာျဖစ္တယ္။

အမွန္တကယ္ေတာ့ ေပၚတူဂီတိုက္စစ္မႉးရဲ႕ ေအာင္ပြဲခံပုံစံကို က်န္တဲ့အသင္းသားေတြဂ႐ုမျပဳမိလို႔ ဘရာဇီးသားကပါဝင္သ႐ုပ္ေဆာင္ေပးခဲ့ရတာျဖစ္တယ္။ ေရာ္နယ္ဒိုရဲ႕ ေအာင္ပြဲခံပုံဟာ အသင္းသားေတြနဲ႔ ခရီးစဥ္မွာ သူအိပ္ေပ်ာ္ေနတယ္ဆိုတာကို ေခါင္းညိတ္ျပတဲ့ပုံစံမ်ိဳးနဲ႔ ဟာသလုပ္ခဲ့တာလို႔ မန္ယူအသင္းကအတည္ျပဳလိုက္ပါ တယ္။

“ကစားေဖာ္ေတြနဲ႔ ရယ္စရာတစ္ခုလုပ္တဲ့ပုံစံျဖစ္ၿပီး အသင္းမွာရွိတဲ့ ကစားသမားေတြရဲ႕ ေႏွာင္ႀကိဳးခိုင္မာတယ္ဆိုတာကိုျပသခ်င္တာပါ။ သူ႔ကိုယ္သူ အေကာင္းဆုံးျဖစ္ဖို႔အတြက္ ေလ့က်င့္ေရးနဲ႔ Gym မွာႀကိဳးစားလုပ္ေဆာင္ေနၿပီး မွန္ ကန္စြာအနားယူျခင္းနဲ႔ သူျပန္လာႏိုင္ဖို႔အတြက္ လုံေလာက္တဲ့အိပ္စက္ျခင္းဆိုတဲ့ အဓိပၸါယ္ေတြ ပါဝင္ေနပါတယ္” လို႔ မန္ယူအသင္းတရားဝင္ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပခဲ့ပါတယ္။

ေပၚတူဂီတိုက္စစ္မႉးဟာ တစ္ရက္မွာ အႀကိမ္ေပါင္းမ်ား စြာ တစ္ေရးတစ္ေမာအိပ္စက္ေလ့ရွိသူလည္း ျဖစ္ပါတယ္။ အဲဗာတန္နဲ႔ပြဲမွာေတာ့ မန္ယူ ၃မွတ္ ရဖို႔အတြက္ ေရာ္နယ္ဒိုသြင္းဂိုးကေထာက္ပံ့ႏိုင္ခဲ့သလို လာမယ့္ နယူးကာဆယ္နဲ႔ပြဲမွာ ဒီရာသီပထမ ဆုံးပရီးမီးယားလိဂ္ပြဲထြက္အျဖစ္ ပါဝင္ကစားလာဖို႔ ရွိေနပါတယ္။