GOAT နှစ်ယောက်တွေ့ဆုံမယ့်ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ရော်နယ်ဒို တာဝန်ယူမယ်

ဆော်ဒီမြေပထမဆုံးပွဲဦးထွက်အဖြစ် ပြိုင်ဘက်ဟောင်းမက်ဆီနဲ့

ရင်ဆိုင်မယ့် ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင်အဖြစ်

ပွဲထွက်လာလိမ့်မယ်လို့ The Sun သတင်းစာက ဖော်ပြလိုက်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ထိပ်တန်း

အဆင့်မှာ ၁၅နှစ်လောက်အထိရပ်တည်ခဲ့ကြသူတွေဖြစ်တယ်။

နှစ်ယောက်စလုံးဟာ ၂၀၀၈ ကနေ ၂၀၁၇ အထိနာမည်ကျော်

ဘလွန်းဒီအော်ဆုကိုသိမ်းပိုက်ခြင်းနဲ့အတူ အမြင့်ဆုံးအဆင့်မှာ

ပြိုင်ဆိုင်ခဲ့ကြတာပါ။ ဒါပေမဲ့ ပေါ်တူဂီစူပါစတားတစ်ယောက်

ဥရောပဘောလုံးလောကကိုကျောခိုင်းပြီး အယ်လ်နက်ဆာကို

ပြောင်းရွှေ့ခဲ့တဲ့နောက် GOAT နှစ်ပါးရဲ့ပြိုင်ဆိုင်မှုကိုမြင်တွေ့ရဖို့

အလွန်ပဲခဲယဉ်းသွားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပီအက်စ်ဂျီအသင်းရဲ့

အရှေ့အလယ်ပိုင်းခြေစမ်းခရီးစဉ်မှာတော့ ရော်နယ်ဒိုဟာ

သေချာပေါက်ပွဲထွက်လိမ့်မယ်လို့ The Sun သတင်းစာက

အတည်ပြုပေးလိုက်တာပါ။ အယ်လ်နက်ဆာနဲ့ အယ်လ်ဟီလာ

ညွန့်ပေါင်းအသင်းဟာ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြင်သစ်ချန်ပီယံ

ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲကစားသွားမှာဖြစ်တယ်။ ဆိုလိုတာကတော့

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားသိမ်းပိုက်ထားတဲ့ မက်ဆီကိုကျော်ဖြတ်ဖို့

ကြိုးစားရမယ့်ပွဲစဉ်ဖြစ်နေပါတယ်။ အခြားတစ်ဖက်မှာတော့

အယ်လ်ဟီလာအသင်းက မက်ဆီကို ရော်နယ်ဒိုထက်ပိုများတဲ့

လုပ်ခလစာနဲ့ခေါ်ယူမယ်လို့ သတင်းပြေးနေတာဖြစ်တယ်။

လွန်ခဲ့တဲ့သီတင်းပတ်မှာတော့ မက်ဆီရဲ့ဖခင်ဂျော်ဂျီဟာ

ဆော်ဒီနိုင်ငံရီယာ့ဒ်မြို့တော်ကိုရောက်နေတယ်လို့

ဒေသခံမီဒီယာတွေက အသိပေးထားပါတယ်။

zawgyi

GOAT ႏွစ္ေယာက္ေတြ႕ဆုံမယ့္ပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္ ေရာ္နယ္ဒို တာဝန္ယူမယ္

ေဆာ္ဒီေျမပထမဆုံးပြဲဦးထြက္အျဖစ္ ၿပိဳင္ဘက္ေဟာင္းမက္ဆီနဲ႔

ရင္ဆိုင္မယ့္ ေရာ္နယ္ဒိုဟာ အသင္းေခါင္းေဆာင္အျဖစ္

ပြဲထြက္လာလိမ့္မယ္လို႔ The Sun သတင္းစာက ေဖာ္ျပလိုက္ပါတယ္။

ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ထိပ္တန္း

အဆင့္မွာ ၁၅ႏွစ္ေလာက္အထိရပ္တည္ခဲ့ၾကသူေတြျဖစ္တယ္။

ႏွစ္ေယာက္စလုံးဟာ ၂၀၀၈ ကေန ၂၀၁၇ အထိနာမည္ေက်ာ္

ဘလြန္းဒီေအာ္ဆုကိုသိမ္းပိုက္ျခင္းနဲ႔အတူ အျမင့္ဆုံးအဆင့္မွာ

ၿပိဳင္ဆိုင္ခဲ့ၾကတာပါ။ ဒါေပမဲ့ ေပၚတူဂီစူပါစတားတစ္ေယာက္

ဥေရာပေဘာလုံးေလာကကိုေက်ာခိုင္းၿပီး အယ္လ္နက္ဆာကို

ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနာက္ GOAT ႏွစ္ပါးရဲ႕ၿပိဳင္ဆိုင္မႈကိုျမင္ေတြ႕ရဖို႔

အလြန္ပဲခဲယဥ္းသြားခဲ့တာျဖစ္တယ္။ ဒါေပမဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕

အေရွ႕အလယ္ပိုင္းေျခစမ္းခရီးစဥ္မွာေတာ့ ေရာ္နယ္ဒိုဟာ

ေသခ်ာေပါက္ပြဲထြက္လိမ့္မယ္လို႔ The Sun သတင္းစာက

အတည္ျပဳေပးလိုက္တာပါ။ အယ္လ္နက္ဆာနဲ႔ အယ္လ္ဟီလာ

ၫြန႔္ေပါင္းအသင္းဟာ ဇန္နဝါရီ ၁၉ ရက္ေန႔မွာ ျပင္သစ္ခ်န္ပီယံ

ပီအက္စ္ဂ်ီနဲ႔ ေျခစမ္းပြဲကစားသြားမွာျဖစ္တယ္။ ဆိုလိုတာကေတာ့

ေရာ္နယ္ဒိုဟာ ကမာၻ႔ဖလားသိမ္းပိုက္ထားတဲ့ မက္ဆီကိုေက်ာ္ျဖတ္ဖို႔

ႀကိဳးစားရမယ့္ပြဲစဥ္ျဖစ္ေနပါတယ္။ အျခားတစ္ဖက္မွာေတာ့

အယ္လ္ဟီလာအသင္းက မက္ဆီကို ေရာ္နယ္ဒိုထက္ပိုမ်ားတဲ့

လုပ္ခလစာနဲ႔ေခၚယူမယ္လို႔ သတင္းေျပးေနတာျဖစ္တယ္။

လြန္ခဲ့တဲ့သီတင္းပတ္မွာေတာ့ မက္ဆီရဲ႕ဖခင္ေဂ်ာ္ဂ်ီဟာ

ေဆာ္ဒီႏိုင္ငံရီယာ့ဒ္ၿမိဳ႕ေတာ္ကိုေရာက္ေနတယ္လို႔

ေဒသခံမီဒီယာေတြက အသိေပးထားပါတယ္။