





ခေတ်သစ်ဘောလုံးကမ္ဘာမှာ ဆွဲဆောင်မှုအရှိဆုံး၊ ဖျော်ဖြေမှုအပေးနိုင်ဆုံး
ကစားသမားက ၂ ယောက်ပဲရှိပါတယ်။ နောက်မှပေါက်တဲ့ရွှေကြာပင်တွေ





ဘယ်လောက်ကောင်းကောင်း ဆယ်စုနှစ်တစ်ခုကျော် ထိပ်ဆုံးမှာ
ရပ်တည်ခဲ့ကြတဲ့ မက်ဆီနဲ့ရော်နယ်ဒိုရဲ့ပြိုင်ဆိုင်မှုကို မယှဉ်နိုင်သေးပါဘူး။
သူတို့နှစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံး ဘောလုံးကြယ်ပွင့်တွေ





ဖြစ်သလို ထာဝရအကောင်းဆုံးကစားသမားဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အငြင်းပွားမှုတွေမစဲနိုင်အောင် ပြုစားခဲ့ကြသူတွေပါ။ GOAT နှစ်ပါးရဲ့နေဝင်ချိန်ဟာ





တဖြည်းဖြည်းနီးကပ်လာပါပြီ။ သဘာဝတရားက ခတ်ထားတဲ့ဘောင်ကို
သူတို့နှစ်ယောက်လုံး ကျော်နိုင်မှာ မဟုတ်ပါဘူး။ တနည်းအားဖြင့်
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ နှစ်ယောက်လုံးအတွက် နောက်ဆုံး





နိုင်ငံတကာပြိုင်ပွဲဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။
ဒါဆိုရင် ကြောက်စရာကောင်းမှန်းသိနေတဲ့ မော်ရိုကိုနဲ့ကွာတားပွဲမှာလည်း





ရော်နယ်ဒိုကို ဘာကြောင့် ဖာနန်ဒိုဆန်းတို့စ် အရန်ခုံပို့ပစ်ရဲခဲ့တာလဲ။
ဒါက ပရိသတ်တွေဆီက မချိတင်ကဲမေးခွန်းပါ။ အာဖရိကတိုက်ရဲ့
တစ်ခုတည်းသော ရှင်ကျန်နေတဲ့အသင်းဟာ စပိန်ကိုဖြုတ်ချခဲ့တာပါ။





သူတို့မှာ ဘိုနိုဆိုတဲ့ နတ်ဆေးရှိနေပါတယ်။ ပရိသတ်တွေဆီက
သံသယမေးခွန်းတွေထဲမှာ တောင်ကိုရီးယားနဲ့ပွဲတုန်းကဖြစ်ရပ်ဟာ





ဆန်းတို့စ်အတွက် အတော်လေးနစ်နာစေခဲ့လို့လား၊ ဆွစ်ဇာလန်နဲ့ပွဲမှာ
အရန်ခုံပို့ထားခဲ့တာတောင် မကျေနပ်သေးဘူးလား၊
မန်ယူမှာဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ရော်နယ်ဒိုရဲ့ခြေစွမ်းအပေါ်





သံသယရှိနေတာလား ဒါမှမဟုတ် ကိုယ့်အတ္တကိုသာ ဆန်းတို့စ်
ဦးစားပေးခဲ့တာလားဆိုတာ မဝေခွဲနိုင်ကြပါဘူး။ နိုင်ငံအတွက်





ကြည့်မယ်ဆိုရင် ရော်နယ်ဒိုလိုကစားသမားမျိုးကို ပွဲထွက်ခွင့်ပေးသင့်သလို
ပုဂ္ဂိုလ်ရေးအရ ခွင့်လွှတ်တတ်ရင်လည်း နောက်ဆုံးမီးတောက်ကို
ကျေကျေနပ်နပ်ကြီး လောင်ကျွမ်းခွင့်ပေးသင့်တာပါ။





ဆန်းတို့စ်ကို ကြာရင် လူတွေမေ့သွားမှာဖြစ်ပေမယ့် ရော်နယ်ဒိုဆိုတဲ့
အမည်ကတော့ သမိုင်းတွင်နေမှာလေ။ အခုတော့ GOAT တစ်ပါးဟာ





မချိတင်ကဲခံစားနေရပေမယ့် ကွင်းထဲမှာထိန်းခဲ့တဲ့ သူ့ရဲ့ယောကျ်ားမာနကို
အဝတ်လဲခန်းတစ်လျှောက် လွှင့်ပစ်ခဲ့ရပါတော့တယ်။
အဲဒီမျက်ရည်တွေထဲမှာ သူ့ရဲ့ကမ္ဘာ့ဖလားအိပ်မက်တွေလည်း ပါသွားခဲ့ရပါပြီ။





တနည်းအားဖြင့် နိုင်ငံတကာဘောလုံးလောကရဲ့ကမ္ဘာတစ်ခြမ်း ပြိုကျသွားခြင်းပါပဲ။





zawgyi
GOAT တစ္ပါး ရဲ႕ ေနဝင္ခ်ိန္ မ်က္ရည္နဲ႔အတူ ေဘာလုံးကမာၻတစ္ျခမ္း ၿပိဳက်ျခင္း
ေခတ္သစ္ေဘာလုံးကမာၻမွာ ဆြဲေဆာင္မႈအရွိဆုံး၊ ေဖ်ာ္ေျဖမႈအေပးႏိုင္ဆုံး





ကစားသမားက ၂ ေယာက္ပဲရွိပါတယ္။ ေနာက္မွေပါက္တဲ့ေ႐ႊၾကာပင္ေတြ
ဘယ္ေလာက္ေကာင္းေကာင္း ဆယ္စုႏွစ္တစ္ခုေက်ာ္ ထိပ္ဆုံးမွာ





ရပ္တည္ခဲ့ၾကတဲ့ မက္ဆီနဲ႔ေရာ္နယ္ဒိုရဲ႕ၿပိဳင္ဆိုင္မႈကို မယွဥ္ႏိုင္ေသးပါဘူး။
သူတို႔ႏွစ္ေယာက္ဟာ ကမာၻေပၚမွာ ပရိသတ္အမ်ားဆုံး ေဘာလုံးၾကယ္ပြင့္ေတြ
ျဖစ္သလို ထာဝရအေကာင္းဆုံးကစားသမားဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ





အျငင္းပြားမႈေတြမစဲႏိုင္ေအာင္ ျပဳစားခဲ့ၾကသူေတြပါ။ GOAT ႏွစ္ပါးရဲ႕ေနဝင္ခ်ိန္ဟာ
တျဖည္းျဖည္းနီးကပ္လာပါၿပီ။ သဘာဝတရားက ခတ္ထားတဲ့ေဘာင္ကို





သူတို႔ႏွစ္ေယာက္လုံး ေက်ာ္ႏိုင္မွာ မဟုတ္ပါဘူး။ တနည္းအားျဖင့္
ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဟာ ႏွစ္ေယာက္လုံးအတြက္ ေနာက္ဆုံး
ႏိုင္ငံတကာၿပိဳင္ပြဲျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။





ဒါဆိုရင္ ေၾကာက္စရာေကာင္းမွန္းသိေနတဲ့ ေမာ္႐ိုကိုနဲ႔ကြာတားပြဲမွာလည္း
ေရာ္နယ္ဒိုကို ဘာေၾကာင့္ ဖာနန္ဒိုဆန္းတို႔စ္ အရန္ခုံပို႔ပစ္ရဲခဲ့တာလဲ။





ဒါက ပရိသတ္ေတြဆီက မခ်ိတင္ကဲေမးခြန္းပါ။ အာဖရိကတိုက္ရဲ႕
တစ္ခုတည္းေသာ ရွင္က်န္ေနတဲ့အသင္းဟာ စပိန္ကိုျဖဳတ္ခ်ခဲ့တာပါ။
သူတို႔မွာ ဘိုႏိုဆိုတဲ့ နတ္ေဆးရွိေနပါတယ္။ ပရိသတ္ေတြဆီက





သံသယေမးခြန္းေတြထဲမွာ ေတာင္ကိုရီးယားနဲ႔ပြဲတုန္းကျဖစ္ရပ္ဟာ
ဆန္းတို႔စ္အတြက္ အေတာ္ေလးနစ္နာေစခဲ့လို႔လား၊ ဆြစ္ဇာလန္နဲ႔ပြဲမွာ





အရန္ခုံပို႔ထားခဲ့တာေတာင္ မေက်နပ္ေသးဘူးလား၊
မန္ယူမွာျဖစ္ခဲ့တဲ့ ျပႆနာေၾကာင့္ ေရာ္နယ္ဒိုရဲ႕ေျခစြမ္းအေပၚ
သံသယရွိေနတာလား ဒါမွမဟုတ္ ကိုယ့္အတၱကိုသာ ဆန္းတို႔စ္





ဦးစားေပးခဲ့တာလားဆိုတာ မေဝခြဲႏိုင္ၾကပါဘူး။ ႏိုင္ငံအတြက္
ၾကည့္မယ္ဆိုရင္ ေရာ္နယ္ဒိုလိုကစားသမားမ်ိဳးကို ပြဲထြက္ခြင့္ေပးသင့္သလို





ပုဂၢိဳလ္ေရးအရ ခြင့္လႊတ္တတ္ရင္လည္း ေနာက္ဆုံးမီးေတာက္ကို
ေက်ေက်နပ္နပ္ႀကီး ေလာင္ကြၽမ္းခြင့္ေပးသင့္တာပါ။
ဆန္းတို႔စ္ကို ၾကာရင္ လူေတြေမ့သြားမွာျဖစ္ေပမယ့္ ေရာ္နယ္ဒိုဆိုတဲ့





အမည္ကေတာ့ သမိုင္းတြင္ေနမွာေလ။ အခုေတာ့ GOAT တစ္ပါးဟာ
မခ်ိတင္ကဲခံစားေနရေပမယ့္ ကြင္းထဲမွာထိန္းခဲ့တဲ့ သူ႔ရဲ႕ေယာက်္ားမာနကို





အဝတ္လဲခန္းတစ္ေလွ်ာက္ လႊင့္ပစ္ခဲ့ရပါေတာ့တယ္။
အဲဒီမ်က္ရည္ေတြထဲမွာ သူ႔ရဲ႕ကမာၻ႔ဖလားအိပ္မက္ေတြလည္း ပါသြားခဲ့ရပါၿပီ။
တနည္းအားျဖင့္ ႏိုင္ငံတကာေဘာလုံးေလာကရဲ႕ကမာၻတစ္ျခမ္း ၿပိဳက်သြားျခင္းပါပဲ။




