ကမ္ဘာ့ဖလားကိုပိုင်ဆိုင်ပြီးဖြစ်ချိန်မှာတောင် မက်ဆီနဲ့ပက်သတ်လို့
သံသယမျက်လုံးတေံနဲ့စောင့်ကြည့်နေသူတွေဟာ ဆင်ခြေပေးဖို့
ရှာနေကြတာဖြစ်တယ်လို့ အင်နီယေစတာကပြောဆိုလိုက်ပါတယ်။
GOAT နဲ့ပက်သတ်တဲ့အကြောင်းအရာတွေကိုပြောဆိုရာမှာတော့
မက်ဆီအတွက် ကမ္ဘာ့ဖလားတောင်မလိုအပ်ဘူးလို့
အသင်းဖော်ဟောင်းက ထောက်ခံပေးလိုက်တာဖြစ်တယ်။
ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေဟာ
မက်ဆီရဲ့အောင်မြင်မှုက ထာဝရအကောင်းဆုံးဖြစ်ဖို့
ခိုင်မြဲနေပြီလားဆိုတဲ့ မေးခွန်းကိုထပ်တလဲလဲတောင်းဆိုခဲ့ကြပေမဲ့
Marca သတင်းစာနဲ့တွေ့ဆုံမှုမှာတော့ အင်နီယေစတာက
“ကျွန်တော့်အတွက်တော့ မက်ဆီကိုအကောင်းဆုံးအဖြစ်သက်မှတ်ဖို့
ကမ္ဘာ့ဖလားမလိုအပ်ပါဘူး။ ရတာ၊ မရတာနဲ့လည်းမသက်ဆိုင်ပါဘူး။
ဒီဆုဖလားမရခင်ကတည်းက လူတွေဟာအစွဲအလမ်းတွေ
နောက်လိုက်ပြီး ဆင်ခြေတွေရှာနေကြတာဖြစ်တယ်။
ချန်ပီယံဆုက သူ့အတွက်တင်မကပါဘူး၊ အာဂျင်တီးနားအတွက်ပါ
ထိုက်တန်ပါတယ်။ သူ့ကိုယ်သူ ဘယ်လိုပြိုင်ခဲ့ရလဲ။
အဖွင့်ပွဲမှာရှုံးခဲ့ပေမဲ့ အားလုံးကိုခံနိုင်ရည်ရှိခဲ့တယ်။
ကျွန်တော့်အတွက်တော့ သူက ကမ္ဘာ့ချန်ပီယံဖြစ်ခွင့်နဲ့
ထိုက်တန်ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။ အင်နီယေစတာဟာ
၂၀၁၈ မှာ ဘာစီလိုနာကနေ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းကို
ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မက်ဆီနဲ့အတူ နူးကမ့်ကလပ်မှာ
ပွဲပေါင်း ၁၀၀၀ ကျော်ကစားခဲ့သလို ဆုဖလားပေါင်း ၃၂ လုံးအထိ
အရယူနိုင်ခဲ့သူဖြစ်တယ်။ အင်နီယေစတာဟာ ၂၀၁၀ ကမ္ဘာ့ဖလားမှာ
စပိန်အသင်းချန်ပီယံဖြစ်ခဲ့စဉ်တုန်းက နယ်သာလန်နဲ့ဗိုလ်လုပွဲမှာ
တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပေးခဲ့သူဖြစ်တယ်။
zawgyi
GOAT စစ်ထိုးပွဲအတွက် ဆင်ခြေရှာနေကြပေမဲ့ မက်ဆီသာ အကောင်းဆုံးလို့ အင်နီယေစတာ ယုံကြည်