





မော်ရိုကို ကိုရှုံးနိမ့်ခဲ့ပြီးနောက် အကြီးမားဆုံးအိပ်မက်တစ်ခုပျက်စီးခဲ့ရပြီလို့
ရင်နာစရာမက်ဆေ့ချ်ပေးပို့ခဲ့တဲ့ ရော်နယ်ဒိုရဲ့အင်စတာဂရမ်ပို့စ်မှာ





ပြင်သစ်ကြယ်ပွင့်အမ်ဘာပီက တုံ့ပြန်မှုတစ်ခုပြုလုပ်သွားပါတယ်။
ရော်နယ်ဒိုဆိုတာက အင်စတာရမ်မှာ နောက်လိုက်အများဆုံး
လူသားတစ်ယောက်ဖြစ်တာမို့ သူ့ရဲ့ပို့စ်အောက်မှာ တုံ့ပြန်မှုတွေက





ပလူပျံထွက်နေပါတယ်။ ဒီထဲမှာ အမ်ဘာပီက တစ်ဦးအပါအဝင်ဖြစ်ခဲ့တာပါ။
ပြင်သစ်ကြယ်ပွင့်ဟာ သရဖူ၊ လက်အုပ်ချီတဲ့ပုံ၊ ဆိတ်တစ်ကောင်စတဲ့





အီမိုဂျီ ၃ခုနဲ့ သူ့ရဲ့စိတ်ခံစားချက်အတိုင်းတုံ့ပြန်သွားခဲ့တာဖြစ်တယ်။
ထာဝရအကောင်းဆုံးဖြစ်တဲ့ ရော်နယ်ဒိုကိုသူ့ဘက်ကအပြည့်အဝ
လေးစားတယ်ဆိုတာကို အမ်ဘာပီက လူသိရှင်ကြားထုတ်ပြလိုက်တာဖြစ်တယ်။





လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက မက်ဆီနဲ့ရော်နယ်ဒိုကြားမှာဘယ်သူနဲ့
တွဲကစားဖို့သဘောကျသလဲလို့ အမ်ဘာပီတစ်ယောက်အမေးခံရဖူးပါတယ်။





“ကျွန်တော့်ဘက်က သူတို့နှစ်ယောက်နဲ့တွဲကစားဖို့အတွက်ရွေးချယ်ခွင့်
ရှိရင်တော့…ကျွန်တော်အရန်ခုံထိုင်ပြီး နိုင်ပွဲသေချာဖို့အတွက်
သူတို့နှစ်ယောက်စလုံးကိုကစားစေမှာပါ” လို့ ပြင်သစ်သားက





ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိအနေအထားနဲ့ချိန်ထိုးကြည့်ရင်တော့
အမ်ဘာပီကို အရန်ခုံထားပြီး ရော်နယ်ဒိုကိုပွဲထွက်ခွင့်ပေးဖို့ဆိုတဲ့





ကိစ္စကမဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ အမ်ဘာပီဟာ ငယ်ဘဝကတည်းက
ပေါ်တူဂီကြယ်ပွင့်ကိုလေးစားအားကျသူတစ်ယောက်အဖြစ်
ကြီးပြင်းလာသူဖြစ်တယ်။ အမ်ဘာပီ အသက် ၁၃နှစ်အရွယ်မှာ





ရီးရဲလ်တိုက်စစ်မှူးဟောင်းရဲ့ပိုစတာတွေကို သူ့ရဲ့အိပ်ခန်းနံရံအနှံ့
ချိတ်ဆွဲပြီးဓာတ်ပုံရိုက်ခဲ့တာကိုအားလုံးသိပြီးဖြစ်မှာပါ။





နောက်ပိုင်းနှစ်တွေမှာ မက်ဆီနဲ့လက်တွဲဖော်အဖြစ်ကစားခဲ့ရလို့
အမ်ဘာပီရဲ့ရင်ထဲကတေးသွားတွေပြောင်းလဲသွားနိုင်ပေမဲ့
ပြင်သစ်ကြယ်ပွင့်ဟာ လက်ရှိအချိန်အထိ ရော်နယ်ဒိုကို သူ့ရင်ထဲက





GOAT တစ်ယောက်အဖြစ်သတ်မှတ်ထားဆဲဆိုတာတွေ့ခဲ့ရတာဖြစ်တယ်။





zawgyi
GOAT ႀကီးေရာ္နယ္ဒိုရဲ႕ ရင္ဘတ္ထဲကပြင့္က်လာတဲ့စကားေတြအတြက္ အမ္ဘာပီဘယ္လိုတုံ႔ျပန္ခဲ့သလဲ
ေမာ္႐ိုကို ကိုရႈံးနိမ့္ခဲ့ၿပီးေနာက္ အႀကီးမားဆုံးအိပ္မက္တစ္ခုပ်က္စီးခဲ့ရၿပီလို႔





ရင္နာစရာမက္ေဆ့ခ်္ေပးပို႔ခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕အင္စတာဂရမ္ပို႔စ္မွာ
ျပင္သစ္ၾကယ္ပြင့္အမ္ဘာပီက တုံ႔ျပန္မႈတစ္ခုျပဳလုပ္သြားပါတယ္။





ေရာ္နယ္ဒိုဆိုတာက အင္စတာရမ္မွာ ေနာက္လိုက္အမ်ားဆုံး
လူသားတစ္ေယာက္ျဖစ္တာမို႔ သူ႔ရဲ႕ပို႔စ္ေအာက္မွာ တုံ႔ျပန္မႈေတြက
ပလူပ်ံထြက္ေနပါတယ္။ ဒီထဲမွာ အမ္ဘာပီက တစ္ဦးအပါအဝင္ျဖစ္ခဲ့တာပါ။





ျပင္သစ္ၾကယ္ပြင့္ဟာ သရဖူ၊ လက္အုပ္ခ်ီတဲ့ပုံ၊ ဆိတ္တစ္ေကာင္စတဲ့
အီမိုဂ်ီ ၃ခုနဲ႔ သူ႔ရဲ႕စိတ္ခံစားခ်က္အတိုင္းတုံ႔ျပန္သြားခဲ့တာျဖစ္တယ္။





ထာဝရအေကာင္းဆုံးျဖစ္တဲ့ ေရာ္နယ္ဒိုကိုသူ႔ဘက္ကအျပည့္အဝ
ေလးစားတယ္ဆိုတာကို အမ္ဘာပီက လူသိရွင္ၾကားထုတ္ျပလိုက္တာျဖစ္တယ္။
လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္တုန္းက မက္ဆီနဲ႔ေရာ္နယ္ဒိုၾကားမွာဘယ္သူနဲ႔





တြဲကစားဖို႔သေဘာက်သလဲလို႔ အမ္ဘာပီတစ္ေယာက္အေမးခံရဖူးပါတယ္။
“ကြၽန္ေတာ့္ဘက္က သူတို႔ႏွစ္ေယာက္နဲ႔တြဲကစားဖို႔အတြက္ေ႐ြးခ်ယ္ခြင့္





ရွိရင္ေတာ့…ကြၽန္ေတာ္အရန္ခုံထိုင္ၿပီး ႏိုင္ပြဲေသခ်ာဖို႔အတြက္
သူတို႔ႏွစ္ေယာက္စလုံးကိုကစားေစမွာပါ” လို႔ ျပင္သစ္သားက
ေျပာဆိုခဲ့ဖူးပါတယ္။ လက္ရွိအေနအထားနဲ႔ခ်ိန္ထိုးၾကည့္ရင္ေတာ့





အမ္ဘာပီကို အရန္ခုံထားၿပီး ေရာ္နယ္ဒိုကိုပြဲထြက္ခြင့္ေပးဖို႔ဆိုတဲ့
ကိစၥကမျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့ အမ္ဘာပီဟာ ငယ္ဘဝကတည္းက





ေပၚတူဂီၾကယ္ပြင့္ကိုေလးစားအားက်သူတစ္ေယာက္အျဖစ္
ႀကီးျပင္းလာသူျဖစ္တယ္။ အမ္ဘာပီ အသက္ ၁၃ႏွစ္အ႐ြယ္မွာ
ရီးရဲလ္တိုက္စစ္မႉးေဟာင္းရဲ႕ပိုစတာေတြကို သူ႔ရဲ႕အိပ္ခန္းနံရံအႏွံ႔





ခ်ိတ္ဆြဲၿပီးဓာတ္ပုံ႐ိုက္ခဲ့တာကိုအားလုံးသိၿပီးျဖစ္မွာပါ။
ေနာက္ပိုင္းႏွစ္ေတြမွာ မက္ဆီနဲ႔လက္တြဲေဖာ္အျဖစ္ကစားခဲ့ရလို႔





အမ္ဘာပီရဲ႕ရင္ထဲကေတးသြားေတြေျပာင္းလဲသြားႏိုင္ေပမဲ့
ျပင္သစ္ၾကယ္ပြင့္ဟာ လက္ရွိအခ်ိန္အထိ ေရာ္နယ္ဒိုကို သူ႔ရင္ထဲက
GOAT တစ္ေယာက္အျဖစ္သတ္မွတ္ထားဆဲဆိုတာေတြ႕ခဲ့ရတာျဖစ္တယ္။




