GOAT ကြီးဖျားနေတာကိုမသိခဲ့ဘဲ မန်ယူပွဲလာကြည့်မိလို့ ငိုပြီးပြန်ခဲ့ရတယ်ဆိုပြီး YouTube စတား Speed အရွှန်းဖောက်

YouTube စတားတစ်ယောက်ဖြစ်တဲ့ Speed ဟာ ယူနိုက်တက်နဲ့ဗီလာတို့ကစားတဲ့ ကာရာဘောင်းဖလားပွဲစဉ်ကိုကြည်ရှုဖို့ အမေရိကန်ကနေ မန်ချက်စတာအထိ လာရောက်ခဲ့တာဖြစ်တယ်။

သူ့ရဲ့ Idol ဖြစ်တဲ့ ရော်နယ်ဒိုကို အဓိက စောင့်ကြည့်ဖို့လာခဲ့ပေမဲ့ ကံမကောင်း အကြောင်းမလှခဲ့ဘဲ GOAT ကြီးကဖျားနေခဲ့ပြီး ဒီပွဲကစားမယ့်လူစာရင်းထဲတောင်မပါခဲ့ပါဘူး။

Speed ဟာသူ့ရဲ့ ဂိမ်းကစားခြင်းနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကြောင့် နာမည်ကြီးလာခဲ့ပြီး သရဲနီအမာခံပရိသတ်တစ်ယောက်ဖြစ်သလို ရော်နယ်ဒိုအပေါ်အရမ်းလေးစားသူ တစ်ယောက်ဖြစ်ပါတယ်။

ဘလွန်းဒီအော် ၅ကြိမ်ဆုရှင် ရော်နယ်ဒိုနဲ့ပတ်သတ်တဲ့ ‘Ronaldo [Sewey]’ သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့တဲ့ Speed ဟာ သူ့ရဲ့ Idol နဲ့အပြင် မှာတွေ့ဆုံလိုစိတ်ရှိခဲ့ပါတယ်။

ဗီလာနဲ့ပွဲစဉ်မှာ ရော်နယ်ဒိုမပါဝင်ခဲ့တာနဲ့ပတ်သတ် လို့ Speed က “ငါအခုတော့ ငိုနေရပြီ၊ ကျွန်တော် ရော်နယ်ဒိုကိုကြည့်ဖို့ မန်ချက်စတာကိုလာခဲ့ပေမဲ့ သူမကစားခဲ့ဘူး” လို့ တွစ်တာကနေ တုံ့ပြန်ခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ဂျာစီကြီးနဲ့ချာလည်ရိုက်ခဲ့ တဲ့ Speed ရဲ့ဖြစ်ပုံကို ပရိသတ်တစ်ယောက်က အရွှန်းဖောက်သွားခဲ့ပြန်ပါတယ်။

ရော်နယ်ဒိုမပါဝင်တဲ့ ယူနိုက်တက်လူစာရင်းနဲ့ Speed ရဲ့ပုံရိပ်ကိုတွဲဖက်ဖော်ပြခဲ့ပြီး “Speed ဟာ ရော်နယ်ဒိုကစားတာကိုကြည့်ဖို့ အိုးလ်ထရက်ဖို့ဒ်ကိုအမြန်သွားခဲ့ပေမဲ့ သူ့လူက ဒီနေ့ပွဲလူစာရင်းမှာမပါဘူး” လို့

ဟာသလုပ်သွားခဲ့ပါတယ်။

(Zawgyi)

GOAT ႀကီးဖ်ားေနတာကိုမသိခဲ့ဘဲ မန္ခ်က္စတာမွာပြဲလာၾကည့္မိခဲ့တဲ့အတြက္ ငိုၿပီးျပန္ခဲ့ရတယ္လို႔ YouTube စတား Speed အ႐ႊန္းေဖာက္

YouTube စတားတစ္ေယာက္ျဖစ္တဲ့ Speed ဟာ ယူႏိုက္တက္နဲ႔ဗီလာတို႔ကစားတဲ့ ကာရာေဘာင္းဖလားပြဲစဥ္ကိုၾကည္ရႈဖို႔ အေမရိကန္ကေန မန္ခ်က္စတာအထိလာေရာက္ခဲ့တာျဖစ္တယ္။

သူ႔ရဲ႕ Idol ျဖစ္တဲ့ ေရာ္နယ္ဒိုကို အဓိက ေစာင့္ၾကည့္ဖို႔လာခဲ့ေပမဲ့ ကံမေကာင္းအေၾကာင္းမလွခဲ့ဘဲ GOAT ႀကီးကဖ်ားေနခဲ့ၿပီး ဒီပြဲကစားမယ့္လူစာရင္းထဲေတာင္မပါခဲ့ပါဘူး။

Speed ဟာသူ႔ရဲ႕ ဂိမ္းကစားျခင္းနဲ႔ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြေၾကာင့္ နာမည္ႀကီးလာခဲ့ၿပီး သရဲနီအမာခံပရိသတ္တစ္ေယာက္ျဖစ္သလို ေရာ္နယ္ဒိုအေပၚအရမ္းေလးစားသူ

တစ္ေယာက္ျဖစ္ပါတယ္။ ဘလြန္းဒီေအာ္ ၅ႀကိမ္ဆုရွင္ ေရာ္နယ္ဒိုနဲ႔ပတ္သတ္တဲ့ ‘Ronaldo [Sewey]’ သီခ်င္းတစ္ပုဒ္ကို ဖန္တီးခဲ့တဲ့ Speed ဟာ သူ႔ရဲ႕ Idol နဲ႔အျပင္ မွာေတြ႕ဆုံလိုစိတ္ရွိခဲ့ပါတယ္။

ဗီလာနဲ႔ပြဲစဥ္မွာ ေရာ္နယ္ဒိုမပါဝင္ခဲ့တာနဲ႔ပတ္သတ္ လို႔ Speed က “ငါအခုေတာ့ ငိုေနရၿပီ၊ ကြၽန္ေတာ္ ေရာ္နယ္ဒိုကိုၾကည့္ဖို႔ မန္ခ်က္စတာကိုလာခဲ့ေပမဲ့ သူမကစားခဲ့ဘူး” လို႔ တြစ္တာကေန တုံ႔ျပန္ခဲ့ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲမွာ ေရာ္နယ္ဒိုရဲ႕ ေက်ာနံပါတ္ ၇ ဂ်ာစီႀကီးနဲ႔ခ်ာလည္႐ိုက္ခဲ့ တဲ့ Speed ရဲ႕ျဖစ္ပုံကို ပရိသတ္တစ္ေယာက္က အ႐ႊန္းေဖာက္သြားခဲ့ျပန္ပါတယ္။ ေရာ္နယ္ဒိုမပါဝင္တဲ့ ယူႏိုက္တက္လူစာရင္းနဲ႔

Speed ရဲ႕ပုံရိပ္ကိုတြဲဖက္ေဖာ္ျပခဲ့ၿပီး “Speed ဟာ ေရာ္နယ္ဒိုကစားတာကိုၾကည့္ဖို႔ အိုးလ္ထရက္ဖို႔ဒ္ကိုအျမန္သြားခဲ့ေပမဲ့ သူ႔လူက ဒီေန႔ပြဲလူစာရင္းမွာမပါဘူး” လို႔ ဟာသလုပ္သြားခဲ့ပါတယ္။