





ရော်နယ်ဒိုရဲ့ဝမ်းနည်းစရာပို့စ်အောက်မှာတော့ မှတ်ချက်တွေက
မရပ်တန့်သေးပါဘူး။ အားလုံးက ထာဝရအကောင်းဆုံးဖြစ်ကြောင်းနဲ့





ဘောလုံးလောကသားတွေရဲ့စံပြဖြစ်ကြောင်းချီးကျူးနှစ်သိမ့်
ပေးနေကြဆဲဖြစ်တယ်။ အေစီမီလန်တိုက်စစ်မှူးဟောင်း ပါတိုက
“ခင်ဗျားက အားလုံးအတွက်တော့ဥပမာတစ်ခုပါပဲ။





မင်းက တစ်ကမ္ဘာလုံးက လူတွေနဲ့ ကလေးငယ်တွေကို
လှုံ့ဆော်မှုပေးနိုင်ခဲ့တယ်။ မင်းကိုဝေဖန်ကြသူတွေဟာ မင်းလိုမျိုး





အောင်မြင်မှုလိုချင်နေကြသူတွေပါ။ မင်းက တကယ့်ကိုကြီးကျယ်သူ
တစ်ယောက်ပါ…ဂုဏ်ယူပါတယ်” လို့ လူမှုကွန်ယက်ကနေ တုံ့ပြန်ခဲ့ပါတယ်။
ယူနိုက်တက်လူငယ်ကြယ်ပွင့်လေး ဂါနာချိုက သူ့ရဲ့ Idol ကြီးကို





အသည်းလေးပေးပြီး ချစ်ခင်နှစ်သက်ကြောင်း အသိပေးရေးသားသွားပါတယ်။
သူတို့နှစ်ယောက်ရဲ့ကွန်းမန့်အောက်မှာတော့ စူပါလင်ဂတ်က တကယ့်ကို





အလန်းစားဝေါဟာရတစ်မျိုးနဲ့ ရော်နယ်ဒိုကိုဂုဏ်ပြုလိုက်ပါတယ်။
ပြင်ပလူနေမှုမှာအလန်းဇယားနဲ့ပေါ့ပေါ့ပါးပါးနေတတ်တဲ့ လင်ဂတ်က
‘GAOT’ လို့တုံ့ပြန်သွားခဲ့တာဖြစ်တယ်။ သူ့ရဲ့အသုံးအနှုန်းကို သေချာ





ဖတ်ကြည့်ချိန်မှာတော့ ပုံမှန်အောက်ကနေခွဲထွက်သွားတာကိုတွေ့ရမှာပါ။
အားလုံးက ‘GOAT’ လို့ ဂုဏ်ပြုနေကြချိန်မှာ သူ့ရဲ့ ‘GAOT’ က





အနည်းငယ်တော့မိုက်နေသားပဲ။ ဒါပေမဲ့ ကျမ်းစာအုပ်မှာတောင်ရှာမရတဲ့
ဝေါဟာရကြီးဖြစ်နေလို့ စူပါလင်ဂတ်တစ်ယောက် စာလုံးပေါင်းမှားသွားပြီဆိုတာ
သိလိုက်ရပါတယ်။ အားလုံးက ဝိုင်းဝန်းဂုဏ်ပြုနေချိန်မှာ လင်ဂတ်ကလည်း





ချီးကျူးဖို့လက်မနှေးခဲ့ပေမဲ့ အိပ်ချင်မူးတူးဖြစ်နေတာလား၊ စာလုံးပေါင်း
အမှန်ကိုပဲမသိတာလား၊ မူးကြောင်ရူးကြောင်နဲ့ သူများ GOAT လို့လိုက်ပြီး





GAOT နဲ့စားကောင်းသောက်ကောင်းလိုက်လုပ်ခဲ့တာလားဆိုတာကိုတော့
ကာယကံရှင်ကိုယ်တိုင်ပဲသိပါလိမ့်မယ်။





zawgyi
GOAT ႀကီးပဲေရးေနၾကတာ႐ိုးသြားလို႔ က်မ္းစာအုပ္မွာေတာင္ရွာမရတဲ့ ေဝါဟာရနဲ႔ ေရာ္နယ္ဒိုကို စူပါလင္ဂတ္ ဂုဏ္ျပဳေပးလိုက္တယ္





ေရာ္နယ္ဒိုရဲ႕ဝမ္းနည္းစရာပို႔စ္ေအာက္မွာေတာ့ မွတ္ခ်က္ေတြက
မရပ္တန႔္ေသးပါဘူး။ အားလုံးက ထာဝရအေကာင္းဆုံးျဖစ္ေၾကာင္းနဲ႔
ေဘာလုံးေလာကသားေတြရဲ႕စံျပျဖစ္ေၾကာင္းခ်ီးက်ဴးႏွစ္သိမ့္





ေပးေနၾကဆဲျဖစ္တယ္။ ေအစီမီလန္တိုက္စစ္မႉးေဟာင္း ပါတိုက
“ခင္ဗ်ားက အားလုံးအတြက္ေတာ့ဥပမာတစ္ခုပါပဲ။





မင္းက တစ္ကမာၻလုံးက လူေတြနဲ႔ ကေလးငယ္ေတြကို
လႈံ႕ေဆာ္မႈေပးႏိုင္ခဲ့တယ္။ မင္းကိုေဝဖန္ၾကသူေတြဟာ မင္းလိုမ်ိဳး
ေအာင္ျမင္မႈလိုခ်င္ေနၾကသူေတြပါ။ မင္းက တကယ့္ကိုႀကီးက်ယ္သူ





တစ္ေယာက္ပါ…ဂုဏ္ယူပါတယ္” လို႔ လူမႈကြန္ယက္ကေန တုံ႔ျပန္ခဲ့ပါတယ္။
ယူႏိုက္တက္လူငယ္ၾကယ္ပြင့္ေလး ဂါနာခ်ိဳက သူ႔ရဲ႕ Idol ႀကီးကို





အသည္းေလးေပးၿပီး ခ်စ္ခင္ႏွစ္သက္ေၾကာင္း အသိေပးေရးသားသြားပါတယ္။
သူတို႔ႏွစ္ေယာက္ရဲ႕ကြန္းမန႔္ေအာက္မွာေတာ့ စူပါလင္ဂတ္က တကယ့္ကို
အလန္းစားေဝါဟာရတစ္မ်ိဳးနဲ႔ ေရာ္နယ္ဒိုကိုဂုဏ္ျပဳလိုက္ပါတယ္။





ျပင္ပလူေနမႈမွာအလန္းဇယားနဲ႔ေပါ့ေပါ့ပါးပါးေနတတ္တဲ့ လင္ဂတ္က
‘GAOT’ လို႔တုံ႔ျပန္သြားခဲ့တာျဖစ္တယ္။ သူ႔ရဲ႕အသုံးအႏႈန္းကို ေသခ်ာ





ဖတ္ၾကည့္ခ်ိန္မွာေတာ့ ပုံမွန္ေအာက္ကေနခြဲထြက္သြားတာကိုေတြ႕ရမွာပါ။
အားလုံးက ‘GOAT’ လို႔ ဂုဏ္ျပဳေနၾကခ်ိန္မွာ သူ႔ရဲ႕ ‘GAOT’ က
အနည္းငယ္ေတာ့မိုက္ေနသားပဲ။ ဒါေပမဲ့ က်မ္းစာအုပ္မွာေတာင္ရွာမရတဲ့





ေဝါဟာရႀကီးျဖစ္ေနလို႔ စူပါလင္ဂတ္တစ္ေယာက္ စာလုံးေပါင္းမွားသြားၿပီဆိုတာ
သိလိုက္ရပါတယ္။ အားလုံးက ဝိုင္းဝန္းဂုဏ္ျပဳေနခ်ိန္မွာ လင္ဂတ္ကလည္း





ခ်ီးက်ဴးဖို႔လက္မေႏွးခဲ့ေပမဲ့ အိပ္ခ်င္မူးတူးျဖစ္ေနတာလား၊ စာလုံးေပါင္း
အမွန္ကိုပဲမသိတာလား၊ မူးေၾကာင္႐ူးေၾကာင္နဲ႔ သူမ်ား GOAT လို႔လိုက္ၿပီး
GAOT နဲ႔စားေကာင္းေသာက္ေကာင္းလိုက္လုပ္ခဲ့တာလားဆိုတာကိုေတာ့





ကာယကံရွင္ကိုယ္တိုင္ပဲသိပါလိမ့္မယ္။