GOAT ကြီးနေရာမှာ အစားထိုးဖို့အတွက် မန်ယူ ခြေလှမ်းစပြီ

မဝေးတော့တဲ့ အနာဂတ်မှာ အသင်းပြောင်းရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်တဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် မန်ယူဟာ အဆင့်မီ တိုက်စစ်သမားတစ်ယောက်ကို

အပူတပြင်း ရှာဖွေနေပြီလို့ သတင်း ထွက်လာပါတယ်။ ပီးယာ့စ်မော်ဂန်နဲ့ သီးသန့် အင်တာဗျူးအစီအစဉ်မှာ မန်ယူအဝန်းအဝိုင်း တစ်ခုလုံးကို ဝါးလုံးရှည်နဲ့ ပတ်ရမ်းပစ်ခဲ့တဲ့ စီရော်နယ်ဒို ကို နည်းပြတန်ဟတ်အပါအဝင်

ဘုတ်အဖွဲ့ဝင်တွေအားလုံး မျက်စိ ဆံပင်မွှေး စူးနေပါပြီ။ အတည်ပြုလို့မရနိုင်တဲ့ သတင်းတစ်ရပ်ဖြစ်ပေမဲ့လည်း တန်ဟတ် ဟာ လက်ရှိအချိန်ကစပြီး စီရော်နယ်ဒိုကို မန်ယူအသင်းရဲ့ ပွဲကစားခွင့်အားလုံး

ရုပ်သိမ်းပစ်ဖို့ ဘုတ်အဖွဲ့ဆီကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး သူ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် အဆင့်မီ တိုက်စစ်မှူးတစ်ဦး ကိုလည်း ပစ်မှတ်ထားဖို့ တောင်းဆိုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

လက် ရှိမှာ ဒီသတင်းတွေဟာ ကောလာဟလ အဆင့်သာ ရှိနေသေးပေမဲ့ Sport bible ရဲ့ အဆိုအရ ယူနိုက်တက်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီကို ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းဖို့ တာစူနေပြီလို့ သိရပါတယ်။

ပီအက်စ်ဂျီနဲ့အတူ ဆက်ဆံရေး မတင်မကျ ဖြစ်နေတဲ့ အမ်ဘာပီဟာ အသင်းပြောင်းချင်နေတဲ့ ကစားသမားဖြစ်ပြီး လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ကစားသမားပါ။ ဒါပေမဲ့ လက်ရှိမှာ ငွေပုံအောပြီး

သုံးစွဲလာမယ့် မန်ယူဟာ ဒီကစားသမားကို ရနိုင်ဖို့အတွက် နှာတစ်ဖျား အသာရနေသလိုမျိုး ရှိပါတယ်။ ပြင်သစ်သားအ နေနဲ့လည်း ရွေးချယ်စရာ ပရီးမီးယားလိဂ် ကလပ်အသင်းကြီး ၂ သင်း ရှိတာကြောင့်

ပီအက်စ်ဂျီကို ကျောခိုင်းဖို့ အလားအလာမျိုးလည်း ရှိလာ နိုင်တယ်လို့ Daily Mirror သတင်းစာက ရေးသားဖော်ပြပါတယ်။ လက်ရှိမှာ အမ်ဘာပီဟာ ပီအက်စ်ဂျီနဲ့အတူ ကမ္ဘာ့လုပ်ခလစာ အမြင့်မားဆုံး

ကစားသမား ဖြစ်နေတာမှန်ပေမဲ့ အင်္ဂလန်ကို ပြောင်းလာခဲ့ရင်လည်း မန်ယူူဟာ အဲဒီ ပမာဏလောက် မဟုတ်ရင်တောင်မှပဲ အမြင့်မားဆုံး ပေးနိုင်မယ့် အသင်းမျိုး ဖြစ်နေတာဟာ ကာယကံရှင်

ကစားသမားအတွက်တော့ မက်လောက်စရာ ဖြစ်နေပါတယ်။ နောက်ပြီး မန်ယူဟာ စီရော်နယ်ဒို နေရာမှာ အစားထိုးဖို့အ တွက် အမ်ဘာပီအပြင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အရိပ်အခြေကိုလည်း

စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

(Zawgyi)

GOAT ႀကီးေနရာမွာ အစားထိုးဖို႔အတြက္ မန္ယူ ေျခလွမ္းစၿပီ

မေဝးေတာ့တဲ့ အနာဂတ္မွာ အသင္းေျပာင္းရဖို႔ ေသခ်ာသေလာက္ ရွိေနၿပီ ျဖစ္တဲ့ တိုက္စစ္မႉး စီေရာ္နယ္ဒိုရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ မန္ယူဟာ အဆင့္မီ တိုက္စစ္သမားတစ္ေယာက္ကို

အပူတျပင္း ရွာေဖြေနၿပီလို႔ သတင္း ထြက္လာပါတယ္။ ပီးယာ့စ္ေမာ္ဂန္နဲ႔ သီးသန႔္ အင္တာဗ်ဴးအစီအစဥ္မွာ မန္ယူအဝန္းအဝိုင္း တစ္ခုလုံးကို ဝါးလုံးရွည္နဲ႔ ပတ္ရမ္းပစ္ခဲ့တဲ့ စီေရာ္နယ္ဒို ကို

နည္းျပတန္ဟတ္အပါအဝင္ ဘုတ္အဖြဲ႕ဝင္ေတြအားလုံး မ်က္စိ ဆံပင္ေမႊး စူးေနပါၿပီ။ အတည္ျပဳလို႔မရႏိုင္တဲ့ သတင္းတစ္ရပ္ျဖစ္ေပမဲ့လည္း တန္ဟတ္ ဟာ လက္ရွိအခ်ိန္ကစၿပီး စီေရာ္နယ္ဒိုကို

မန္ယူအသင္းရဲ႕ ပြဲကစားခြင့္အား လုံး ႐ုပ္သိမ္းပစ္ဖို႔ ဘုတ္အဖြဲ႕ဆီကို ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ၿပီး သူ႔ေနရာမွာ အစားထိုးႏိုင္ဖို႔အတြက္ အဆင့္မီ တိုက္စစ္မႉးတစ္ဦး ကိုလည္း

ပစ္မွတ္ထားဖို႔ ေတာင္းဆိုထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ လက္ ရွိမွာ ဒီသတင္းေတြဟာ ေကာလာဟလ အဆင့္သာ ရွိေနေသးေပမဲ့ Sport bible ရဲ႕ အဆိုအရ ယူႏိုက္တက္ဟာ

ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာေပကို ေပါင္သန္း ၁၅၀ နဲ႔ ကမ္းလွမ္းဖို႔ တာစူေနၿပီလို႔ သိရပါတယ္။ ပီအက္စ္ဂ်ီနဲ႔အ တူ ဆက္ဆံေရး မတင္မက် ျဖစ္ေနတဲ့ အမ္ဘာေပဟာ အသင္းေျပာင္းခ်င္

ေနတဲ့ ကစားသမားျဖစ္ၿပီး လီဗာပူးနဲ႔ သတင္းထြက္ေနတဲ့ ကစားသမားပါ။ ဒါေပမဲ့ လက္ရွိမွာ ေငြပုံေအာၿပီး သုံးစြဲလာမယ့္ မန္ယူဟာ ဒီကစားသမားကို

ရႏိုင္ဖို႔အတြက္ ႏွာတစ္ဖ်ား အသာရေနသလိုမ်ိဳး ရွိပါတယ္။ ျပင္သစ္သားအ ေနနဲ႔လည္း ေ႐ြးခ်ယ္စရာ ပရီးမီးယားလိဂ္ ကလပ္အသင္းႀကီး ၂ သင္း ရွိလာ ေနျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီကို

ေက်ာခိုင္းဖို႔ အလားအလာမ်ိဳးလည္း ရွိလာ ႏိုင္တယ္လို႔ Daily Mirror သတင္းစာက ေရးသားေဖာ္ျပပါတယ္။ လက္ရွိမွာ အမ္ဘာပီဟာ ပီအက္စ္ဂ်ီနဲ႔အတူ ကမာၻ႔လုပ္ခလစာ အျမင့္မားဆုံး

ကစားသ မား ျဖစ္ေနတာမွန္ေပမဲ့ အဂၤလန္ကို ေျပာင္းလာခဲ့ရင္လည္း မန္ယူူဟာ အဲဒီ ပမာဏေလာက္ မဟုတ္ရင္ေတာင္မွပဲ အျမင့္မားဆုံး ေပးႏိုင္မယ့္ အသင္းမ်ိဳး ျဖစ္ေနတာဟာ

ကာယကံရွင္ ကစားသမားအတြက္ေတာ့ မက္ေလာက္စရာ ျဖစ္ေနပါတယ္။ ေနာက္ၿပီး မန္ယူဟာ စီေရာ္နယ္ဒို ေနရာမွာ အစားထိုးဖို႔အ တြက္ အမ္ဘာပီအျပင္ စပါးတိုက္စစ္မႉး

ဟယ္ရီကိန္းရဲ႕ အရိပ္အေျခကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။