GOAT ကြီးကို ပီကေးလိုမျိုးပဲ အနားယူကြဖို့ မန်ယူပရိသတ်တချို့ တောင်းဆိုနေကြပြီ

အသင်းခေါင်းဆောင်ရာထူးကို ဇန်နဝါရီလနောက်ပိုင်း ပထမဆုံး ပြန်တည် တာဝန်ယူတဲ့ပွဲစဉ်မှာ ဗီလာကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတဲ့နောက် အသင်းနဲ့ အံဝင်ဖို့ ရုန်းကန်နေရတဲ့

တိုက်စစ်မှူး စီရော်နယ်ဒိုကို အနားယူဖို့ မန်ယူပရိသတ်တချို့ တောင်းဆိုမှုတွေ ရှိလာနေပြီဖြစ်ပါတယ်။ တနင်္ဂနွေညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူဟာ ဗီလာကို

ပထမပိုင်း ပွဲချိန် ၁၁ မိနစ်အတွင်းမှာတင် ၂ ဂိုးပြတ် ရှုံးနိမ့်နေခဲ့တာကြောင့် မန်ယူကစားသမားတွေရော၊ ပရိသတ်တွေပါ အံ့အားသင့်ခဲ့ကြရပါတယ်။

ဒီပွဲကို အနိုင်ရလဒ်ဆိုပြီး မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက် စီရော်နယ်ဒိုဟာ မျှော်လင့်ချက်ကို အရောင်တင်မပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်

အသင်းအားပေးတဲ့ ပရိသတ် တချို့ကတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ အလို မကျမှုတွေကို ထုတ်ဖော်ခဲ့ကြပြီး အထူးသဖြင့် တွစ်တာပေါ်မှာ ပေါက်ကွဲခဲ့ကြပါတယ်။

ဘာစီလိုနာက အယ်မီရီယာကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စနေညပွဲစဉ် အပြီးမှာတော့ ဘာစီလိုနာနောက်ခံလူ ပီကေးဟာ ရုတ်တရက်ဆိုသလိုမျိုး ဘောလုံးသမားဘ၀ကနေ

အနားယူခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုအနေနဲ့ မန်ယူ နောက်ခံလူဟောင်း လျှောက်သွားတဲ့ လမ်းကိုလိုက်ပြီး အနားယူသင့်တယ် လို့ ပရိသတ်တွေက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၇ ကျော်နေပြီ ဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်ရဲ့ ဘောလုံးသမားဇာတ်လမ်းဟာ ဆုံးခန်းတိုင် သွားခဲ့ပြီဖြစ်တာကြောင့် မျိုးဆက်သစ် လူငယ်တွေကို

နေရာပေးဖို့အတွက် အနားယူရတော့မှာ ဖြစ်တယ်လို့ တောင်းဆိုတဲ့သူတွေလည်း ရှိလာပါတယ်။ ‘’ရော်နယ်ဒိုဟာ သူ့ရဲ့ နေရာ အစားထိုးအမွေဆက်ခံမယ့်သူကို

လေးစားမှု ရှိဖို့ လိုအပ်ပြီး ပီကေးလိုမျိုး အနားယူဖို့ လိုပါတယ်’’ လို့ တွစ်တာ အသုံးပြုသူ တစ်ယောက်က ပို့စ်တင်ခဲ့ပါတယ်။ ဒုတိယ တစ်ယောက်ကတော့

‘’မနေ့ညက ပီကေးလုပ်သလိုမျိုးပဲ စီရော်နယ်ဒိုကလည်း လိုက်လုပ်ရမှာ။ အနားယူတော့ဟ’’ လို့ ဗီလာနဲ့ ပွဲစဉ်အပြီးမှာ တွစ်တာပို့စ်တစ်ခု လွှင့်တင်ခဲ့ပါတယ်။

နောက်ထပ် မန်ယူအမာခံ ပရိသတ် တစ်ယောက်ကလည်းပဲ ‘’သူဟာ မန်ယူကို ချစ်တယ်ဆိုရင် ပီကေးလိုမျိုးပဲ ချက်ချင်းကို အနားယူသင့်ပါတယ်’’ လို့

လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အခြားနောက်ထပ် ပရိသတ် တစ်ယောက်ကလည်းပဲ ‘’ရော်နယ်ဒိုဆိုတာ လုံးဝကို ပြီးဆုံးသွားပြီ။ အနားယူလိုက်တော့’’ လို့ ရေးသားခဲ့ပါတယ်။

(Zawgyi)

GOAT ႀကီးကို ပီေကးလိုမ်ိဳးပဲ အနားယူၾကဖို႔ မန္ယူပရိသတ္တခ်ိဳ႕ ေတာင္းဆိုေနၾကၿပီ

အသင္းေခါင္းေဆာင္ရာထူးကို ဇန္နဝါရီလေနာက္ပိုင္း ပထမဆုံး ျပန္တည္ တာဝန္ယူတဲ့ပြဲစဥ္မွာ ဗီလာကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ရတဲ့ေနာက္ အသင္းနဲ႔ အံဝင္ဖို႔

႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉး စီေရာ္နယ္ဒိုကို အနားယူဖို႔ မန္ယူပရိသတ္တခ်ိဳ႕ ေတာင္းဆိုမႈေတြ ရွိလာေနၿပီျဖစ္ပါတယ္။ တနဂၤေႏြညက ကစားခဲ့တဲ့

ပြဲစဥ္မွာ မန္ယူဟာ ဗီလာ ကို ပထမပိုင္း ပြဲခ်ိန္ ၁၁ မိနစ္အတြင္းမွာတင္ ၂ ဂိုးျပတ္ ရႈံးနိမ့္ေနခဲ့တာေၾကာင့္ မန္ယူကစားသမားေတြေရာ၊

ပရိသတ္ေတြပါ အံ့အားသင့္ခဲ့ၾကရပါတယ္။ ဒီပြဲကို အႏိုင္ရလဒ္ဆိုၿပီး ေမွ်ာ္လင့္ထားတဲ့ ပရိသတ္ေတြအတြက္ စီေရာ္နယ္ဒိုဟာ ေမွ်ာ္လင့္ခ်က္ကို

အေရာင္တင္မေပးႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္ အသင္းအားေပးတဲ့ ပရိသတ္ တခ်ိဳ႕ကေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာ အလို မက်မႈေတြကို

ထုတ္ေဖာ္ခဲ့ၾကၿပီး အထူးသျဖင့္ တြစ္တာေပၚမွာ ေပါက္ကြဲခဲ့ၾက ပါတယ္။ ဘာစီလိုနာက အယ္မီရီယာကို ၂-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ စေနညပြဲစဥ္

အၿပီးမွာေတာ့ ဘာစီလိုနာေနာက္ခံလူ ပီေကးဟာ ႐ုတ္တရက္ဆိုသလိုမ်ိဳး ေဘာလုံးသမားဘ၀ အနားယူခဲ့ၿပီးတဲ့ေနာက္ စီေရာ္နယ္ဒိုအေနနဲ႔

မန္ယူ ေနာက္ခံလူေဟာင္း ေလွ်ာက္သြားတဲ့ လမ္းကိုလိုက္ၿပီး အနားယူသင့္တယ္ လို႔ ပရိသတ္ေတြက ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၇ ေက်ာ္ေနၿပီ ျဖစ္တဲ့ ေပၚတူဂီလက္ေ႐ြးစင္ရဲ႕ ေဘာလုံးသမားဇာတ္လမ္းဟာ ဆုံးခန္းတိုင္ သြားခဲ့ၿပီျဖစ္တာေၾကာင့္ မ်ိဳးဆက္သစ္ လူငယ္ေတြကို

ေနရာေပးဖို႔အတြက္ အနားယူရေတာ့မွာ ျဖစ္တယ္လို႔ ေတာင္းဆိုတဲ့သူေတြလည္း ရွိလာပါတယ္။ ‘’ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ေနရာ အစားထိုးအေမြဆက္ခံမယ့္သူကို

ေလးစားမႈ ရွိဖို႔ လိုအပ္ၿပီး ပီေကးလိုမ်ိဳး အနားယူဖို႔ လိုပါတယ္’’ လို႔ တြစ္တာ အသုံးျပဳသူ တစ္ေယာက္က ပို႔စ္တင္ခဲ့ပါတယ္။

ဒုတိယ တစ္ေယာက္ကေတာ့ ‘’မေန႔ညက ပီေကးလုပ္သလိုမ်ိဳးပဲ စီေရာ္နယ္ဒိုကလည္း လိုက္လုပ္ရမွာ။ အနားယူေတာ့ ဟ’’ လို႔

ဗီလာနဲ႔ ပြဲစဥ္အၿပီးမွာ တြစ္တာပို႔စ္တစ္ခု လႊင့္တင္ခဲ့ပါတယ္။ ေနာက္ ထပ္ မန္ယူအမာခံ ပရိသတ္ တစ္ေယာက္ကလည္းပဲ ‘’သူဟာ မန္ယူကို ခ်စ္တယ္ဆိုရင္ ပီေကးလိုမ်ိဳးပဲ ခ်က္ခ်င္းကို အနားယူသင့္ပါတယ္’’ လို႔

လူမႈ ကြန္ရက္မွာ ေရးသားခဲ့ပါတယ္။ အျခားေနာက္ထပ္ ပရိသတ္ တစ္ေယာက္ ကလည္းပဲ ‘’ေရာ္နယ္ဒိုဆိုတာ လုံးဝကို ၿပီးဆုံးသြားၿပီ။ အနားယူလိုက္ေတာ့’’ လို႔ ေရးသားခဲ့ပါတယ္။