Goal of the Season ဆန်ခါတင်စာရင်းဝင် အလန်းစားဂိုး သွင်းယူသွားတဲ့ အယ်လ်ဘာ

ဘာစီလိုနာဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာဟာ
ယမန်နေ့ညက အက်သလက်ကို ၄-၂ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ ယခုရာသီ အကောင်းဆုံးသွင်းဂိုးဆုအတွက်
ဆန်ခါတင်စာရင်းဝင်နိုင်လောက်တဲ့သွင်းဂိုးနဲ့အတူ
အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
အယ်လ်ဘာဟာ ပွဲချိန် ၁၀မိနစ်မှာ
မှော်ဆန်တဲ့ကန်ချက်နဲ့ နူးကမ့်ကွင်းအတွင်းရှိ
ဘာစီလိုနာပရိသတ်တွေကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပြီး
အသင်းကလည်း ဦးဆောင်ဂိုး စောစောစီးစီး
ပေးလိုက်ရတာကို ချက်ချင်းဆိုသလို ချေပဂိုး
ပြန်သွင်းနိုင်ခဲ့လို့ စိတ်ဓာတ်မြင့်တက်သွားပါတယ်။


ပွဲချိန် ၁၀ မိနစ်မှာ ကစားသမားသစ် ထရာအိုရေးက
အသင်းဖော်သစ် ဖာရန်တောရက်စ်နဲ့ ချိတ်ဆက်ကစားဖို့
ကြိုးစားရာမှ၊ာ ပြိုင်ဘက်နောက်တန်းက
ရှင်းထုတ်လိုက်ရာကနေ အဲလ်ဗက်ဆီ
ရောက်လာပါတယ်။
အဲလ်ဗက်စ်ကလည်း ဂိုးဧရိယာဘယ်ဘက်နားမှာ
ရှိနေတဲ့ အယ်လ်ဘာဆီ အသာလေး
ခုတ်တင်ပေးလိုက်ရာမှာ အယ်လ်ဘာက
မြေအကျမခံတော့ဘဲ ဘယ်ခြေနဲ့
ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ
ဆွဲကန်လိုက်ပါတယ်။
အဲဒီလိုအုပ်ကန်ရာမှာ အယ်လ်ဘာက
ခြေခုံနဲ့ အုပ်ကန်တာမဟုတ်ဘဲ
နဂံနဲ့ Twist ထည့်ကာ လှလှပပ
ကန်သွင်းလိုက်တာဖြစ်ပြီး အက်သလက်ဂိုးသမား
အော့ဘလက်ဆိုရင် လိုက်ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာ အဲဒီပွဲမှာ
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်
အက်သလက်ကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး
အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ
နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် ၄ နေရာ ရောက်လာပါတယ်။