Globe Soccer Awards ဆုပေးပွဲကို ပေါင် ၁၇၀၀၀၀ တန် နာရီဝတ်ပြီးပွဲတက်ခဲ့တဲ့ လီဝန်ဒေါစကီး

ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲကို

လီဝန်ဒေါစကီးတက်ရောက်ခဲ့ရာမှာ တန်ဖိုးအားဖြင့် ပေါင် ၁၇၀၀၀၀ တန်တဲ့

တန်ဖိုးကြီး နာရီကို ဝတ်ဆင်ပြီး ပွဲတက်ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

ပိုလန်နဲ့ ဘိုင်ယန်တိုက်စစ်မှုး လီဝန်ဒေါစကီးဟာ ၂၀၂၁ အတွင်း

ပြိုင်ပွဲစုံ ၅၉ ပွဲကစားပြီး ၆၉ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

ဥရောပထိပ်တန်းလိဂ်တွေထဲမှာတော့ ပြက္ခဒိန်တစ်နှစ်အတွင်း

ဂိုးအများဆုံးသွင်းသူလည်းဖြစ်ခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ Globe Soccer Awards ဆုပေးပွဲမှာ

ဆု ၂ ခု လက်ခံရရှိခဲ့ပါတယ်။ မာရာဒိုနာဆုလို့ အမည်ပေးထားတဲ့

တစ်နှစ်တာအတွင်းအကောင်းဆုံးဂိုးသွင်းသူဆုနဲ့

Tik Tok ပရိတ်သတ်အကြိုက်ဆုံးဆုကို ရရှိခဲ့တာပါ။

ဒီဆုတွေကို လက်ခံဖို့ ဒူဘိုင်းက အာမာနီဟိုတယ်ကို

လီဝန်ဒေါစကီးရောက်လာခဲ့ရာမှာတော့ သပ်ရပ်ကျော့ရှင်းစွာဝတ်ဆင်လာခဲ့သလို

သူ့ရဲ့ လက်မှာပတ်ထားတဲ့ တန်ဖိုးကြီး နာရီကို မီဒီယာတွေက သတိပြုမိခဲ့ကြတာပါ။

လီဝန်ဒေါစကီးပတ်ထားတဲ့နာရီဟာ ဆွစ်ဇာလန်နာရီကုမ္ပဏီ Patek Philippe က

ထုတ်လုပ်ပြီး ၁၈ ကာရတ်ရှိတဲ့ ရွှေုဖြူနဲ့ပြုလုပ်ထားတဲ့

Aquanaut Chronograph 5968 မော်ဒယ်၊ တန်ဖိုးကြီး အားကစားနာရီဖြစ်ပါတယ်။

ဆုတွေကို လက်ခံရယူပြီးနောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာမှာတော့

သူ့လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ နာရီကို အားလုံးက သတိမပြုမဘဲ မနေနိုင်ခဲ့ကြပါဘူး။

Patek Philippe ဟာ ဆွစ္ဇာလန်နာရီထုတ်ကုမ္ပဏီတွေထဲက

နာမည်ကြီးတစ်ခုဖြစ်ပါတယ်။ ၁၈၃၉ ခုနှစ်ကတည်းက နာရီထုတ်လာတာဖြစ်ပြီး

ကမ္ဘာ့သက်တမ်းအရင့်ဆုံးနာရီထုတ်လုပ်တဲ့ ကုမ္ပဏီထဲတစ်ခုဖြစ်ပါတယ်။

လီဝန်ဒေါစကီးပတ်ထားတဲ့ နာရီအမျိုးအစားကိုတော့ ၂၀၁၈ ခုနှစ်ကမှ

စတင်ရောင်းချခဲ့တာဖြစ်ပြီး တန်ဖိုးအားဖြင့် ပေါင် ၁၇၀၀၀၀ အထိ ရှိနေပါတယ်။

zawgyi

Globe Soccer Awards ဆုေပးပြဲကို ေပါင္ ၁၇၀၀၀၀ တန္ နာရီဝတ္ၿပီးပြဲတက္ခဲ့တဲ့ လီဝန္ေဒါစကီး

ဒူဘိုင္းမွာ ျပဳလုပ္ခဲ့တဲ့ Globe Soccer Awards ဆုေပးပြဲကို

လီဝန္ေဒါစကီးတက္ေရာက္ခဲ့ရာမွာ တန္ဖိုးအားျဖင့္ ေပါင္ ၁၇၀၀၀၀ တန္တဲ့

တန္ဖိုးႀကီး နာရီကို ဝတ္ဆင္ၿပီး ပြဲတက္ခဲ့တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

ပိုလန္နဲ႔ ဘိုင္ယန္တိုက္စစ္မႈး လီဝန္ေဒါစကီးဟာ ၂၀၂၁ အတြင္း

ၿပိဳင္ပြဲစုံ ၅၉ ပြဲကစားၿပီး ၆၉ ဂိုးအထိ သြင္းႏိုင္ခဲ့ပါတယ္။

ဥေရာပထိပ္တန္းလိဂ္ေတြထဲမွာေတာ့ ျပကၡဒိန္တစ္ႏွစ္အတြင္း

ဂိုးအမ်ားဆုံးသြင္းသူလည္းျဖစ္ခဲ့ပါတယ္။

အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ လီဝန္ေဒါစကီးဟာ Globe Soccer Awards ဆုေပးပြဲမွာ

ဆု ၂ ခု လက္ခံရရွိခဲ့ပါတယ္။ မာရာဒိုနာဆုလို႔ အမည္ေပးထားတဲ့

တစ္ႏွစ္တာအတြင္းအေကာင္းဆုံးဂိုးသြင္းသူဆုနဲ႔

Tik Tok ပရိတ္သတ္အႀကိဳက္ဆုံးဆုကို ရရွိခဲ့တာပါ။

ဒီဆုေတြကို လက္ခံဖို႔ ဒူဘိုင္းက အာမာနီဟိုတယ္ကို

လီဝန္ေဒါစကီးေရာက္လာခဲ့ရာမွာေတာ့ သပ္ရပ္ေက်ာ့ရွင္းစြာဝတ္ဆင္လာခဲ့သလို

သူ႔ရဲ႕ လက္မွာပတ္ထားတဲ့ တန္ဖိုးႀကီး နာရီကို မီဒီယာေတြက သတိျပဳမိခဲ့ၾကတာပါ။

လီဝန္ေဒါစကီးပတ္ထားတဲ့နာရီဟာ ဆြစ္ဇာလန္နာရီကုမၸဏီ Patek Philippe က

ထုတ္လုပ္ၿပီး ၁၈ ကာရတ္ရွိတဲ့ ေ႐ႊုျဖဴနဲ႔ျပဳလုပ္ထားတဲ့

Aquanaut Chronograph 5968 ေမာ္ဒယ္၊ တန္ဖိုးႀကီး အားကစားနာရီျဖစ္ပါတယ္။

ဆုေတြကို လက္ခံရယူၿပီးေနာက္ ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားရာမွာေတာ့

သူ႔လက္ေကာက္ဝတ္မွာ ပတ္ထားတဲ့ နာရီကို အားလုံးက သတိမျပဳမဘဲ မေနႏိုင္ခဲ့ၾကပါဘူး။

Patek Philippe ဟာ ဆြစၨာလန္နာရီထုတ္ကုမၸဏီေတြထဲက

နာမည္ႀကီးတစ္ခုျဖစ္ပါတယ္။ ၁၈၃၉ ခုႏွစ္ကတည္းက နာရီထုတ္လာတာျဖစ္ၿပီး

ကမာၻ႔သက္တမ္းအရင့္ဆုံးနာရီထုတ္လုပ္တဲ့ ကုမၸဏီထဲတစ္ခုျဖစ္ပါတယ္။

လီဝန္ေဒါစကီးပတ္ထားတဲ့ နာရီအမ်ိဳးအစားကိုေတာ့ ၂၀၁၈ ခုႏွစ္ကမွ

စတင္ေရာင္းခ်ခဲ့တာျဖစ္ၿပီး တန္ဖိုးအားျဖင့္ ေပါင္ ၁၇၀၀၀၀ အထိ ရွိေနပါတယ္။