Giant Killer  မစ်ဒယ်ဘရော့

ကမ္ဘာ့ဘောလုံးရဲ့သက်တမ်းအရင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အက်ဖ်အေဖလားမှာ

ကမောက်ကမရလဒ်တွေ မကြာခဏထွက်တတ်ပြီး အဲဒါကပဲ

အက်ဖ်အေဖလားရဲ့အဓိကဆွဲဆောင်မှုဖြစ်ပါတယ်။

Giant Killer ဆိုတာ အောက်တန်းအသင်းက အသင်းကြီးတစ်သင်းကို

နောက်ကောက်ချနိုင်ရင် အဲဒီအောက်တန်းအသင်းကို ညွှန်းဆိုလေ့ရှိတဲ့အသုံးအနှုန်းပါ။

Giant Killer ကို အင်္ဂလိပ်လိုတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့

ဘီလူးသတ်သမားပေါ့။ နှစ်ပေါင်း ၁၅၀ ကျော်ကြာ အက်ဖ်အေဖလား

သမိုင်းတစ်လျှောက် Giant Killer ပေါင်းများစွာရှိခဲ့ပြီး ဒီရာသီမှာလည်း

မှတ်မှတ်ရရ Giant Killer တစ်သင်းရှိနေပါတယ်။ အဲဒီအသင်းကတော့

ချန်ပီယံရှစ်အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာက ရပ်တည်နေတဲ့

မစ်ဒယ်ဘရော့ပါ။ မစ်ဒယ်ဘရော့အသင်းရဲ့ပဲ့ကိုင်ရှင်ကလည်း တစ်ချိန်က

ရှက်ဖီးယူနဲ့ပရီးမီးယားလိဂ်ကို ကိုင်လှုပ်ခဲ့ဖူးတဲ့ ခရစ်ဝိုင်ဒါပါ။

ခရစ်ဝိုင်ဒါရဲ့အသင်းဟာ ဒီရာသီအက်ဖ်အေဖလားမှာ တတိယအဆင့်က

စပြိုင်ခဲ့ရပြီး အဲဒီမှာ အောက်တန်းအသင်းတစ်သင်းကို နာကျင်အချိန်ပို

အနိုင်ဂိုးနဲ့ နောက်ကောက်ချပြီး နောက်တစ်ဆင့်တက်ခဲ့တာပါ။

စတုတ္ထအဆင့်ရောက်တော့ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနဲ့တွေ့တာဖြစ်လု့ိ

သူတို့အတွက် အခွင့်အလမ်းနည်းခဲ့ပေမယ့် ၁-၁ ကန်ခဲ့ကာ

ပင်နယ်တီအဆုံးအဖြတ်မှာ ရန်းနစ်ရဲ့အသင်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ပဉ္စမအဆင့်မှာလည်း နောက်ထပ်ပရီးမီးယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့

စပါးနဲ့ ရင်ဆိုင်တွေ့ရပြန်တယ်။ အင်္ဂါညက ကစားခဲ့တဲ့ အဲဒီပွဲမှာ

ကွန်တီရဲ့အသင်းကို သာမန်ပွဲချိန်မိနစ် ၉၀ အတွင်း ဂိုးမရှိသရေကန်နိုင်ခဲ့ပြီး

အချိန်ပိုဆက်ကန်ရာမှာ ၁၀၇ မိနစ်အရောက် ၁၉ နှစ်အရွယ်

လူစားဝင်ကစားသမားလေးကိုဘန်ရဲ့ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို

တက်ရောက်နိုင်ခဲ့တာပါ။

Zawgyi

Giant Killer  မစ္ဒယ္ဘေရာ့
ကမာၻ႔ေဘာလုံးရဲ႕သက္တမ္းအရင့္ဆုံးၿပိဳင္ပြဲျဖစ္တဲ့ အက္ဖ္ေအဖလားမွာ

ကေမာက္ကမရလဒ္ေတြ မၾကာခဏထြက္တတ္ၿပီး အဲဒါကပဲ

အက္ဖ္ေအဖလားရဲ႕အဓိကဆြဲေဆာင္မႈျဖစ္ပါတယ္။
Giant Killer ဆိုတာ ေအာက္တန္းအသင္းက အသင္းႀကီးတစ္သင္းကို

ေနာက္ေကာက္ခ်ႏိုင္ရင္ အဲဒီေအာက္တန္းအသင္းကို ၫႊန္းဆိုေလ့ရွိတဲ့အသုံးအႏႈန္းပါ။

Giant Killer ကို အဂၤလိပ္လိုတိုက္႐ိုက္ဘာသာျပန္မယ္ဆိုရင္ေတာ့

ဘီလူးသတ္သမားေပါ့။ ႏွစ္ေပါင္း ၁၅၀ ေက်ာ္ၾကာ အက္ဖ္ေအဖလား

သမိုင္းတစ္ေလွ်ာက္ Giant Killer ေပါင္းမ်ားစြာရွိခဲ့ၿပီး ဒီရာသီမွာလည္း

မွတ္မွတ္ရရ Giant Killer တစ္သင္းရွိေနပါတယ္။ အဲဒီအသင္းကေတာ့

ခ်န္ပီယံရွစ္အမွတ္ေပးဇယားမွာ အဆင့္ ၈ ေနရာက ရပ္တည္ေနတဲ့

မစ္ဒယ္ဘေရာ့ပါ။ မစ္ဒယ္ဘေရာ့အသင္းရဲ႕ပဲ့ကိုင္ရွင္ကလည္း တစ္ခ်ိန္က

ရွက္ဖီးယူနဲ႔ပရီးမီးယားလိဂ္ကို ကိုင္လႈပ္ခဲ့ဖူးတဲ့ ခရစ္ဝိုင္ဒါပါ။

ခရစ္ဝိုင္ဒါရဲ႕အသင္းဟာ ဒီရာသီအက္ဖ္ေအဖလားမွာ တတိယအဆင့္က

စၿပိဳင္ခဲ့ရၿပီး အဲဒီမွာ ေအာက္တန္းအသင္းတစ္သင္းကို နာက်င္အခ်ိန္ပို

အႏိုင္ဂိုးနဲ႔ ေနာက္ေကာက္ခ်ၿပီး ေနာက္တစ္ဆင့္တက္ခဲ့တာပါ။

စတုတၳအဆင့္ေရာက္ေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ မန္ယူနဲ႔ေတြ႕တာျဖစ္လု႔ိ

သူတို႔အတြက္ အခြင့္အလမ္းနည္းခဲ့ေပမယ့္ ၁-၁ ကန္ခဲ့ကာ

ပင္နယ္တီအဆုံးအျဖတ္မွာ ရန္းနစ္ရဲ႕အသင္းကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။

 

ပၪၥမအဆင့္မွာလည္း ေနာက္ထပ္ပရီးမီးယားလိဂ္အသင္းႀကီးတစ္သင္းျဖစ္တဲ့

စပါးနဲ႔ ရင္ဆိုင္ေတြ႕ရျပန္တယ္။ အဂၤါညက ကစားခဲ့တဲ့ အဲဒီပြဲမွာ

ကြန္တီရဲ႕အသင္းကို သာမန္ပြဲခ်ိန္မိနစ္ ၉၀ အတြင္း ဂိုးမရွိသေရကန္ႏိုင္ခဲ့ၿပီး

အခ်ိန္ပိုဆက္ကန္ရာမွာ ၁၀၇ မိနစ္အေရာက္ ၁၉ ႏွစ္အ႐ြယ္

လူစားဝင္ကစားသမားေလးကိုဘန္ရဲ႕ဂိုးနဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္အဆင့္ကို

တက္ေရာက္ႏိုင္ခဲ့တာပါ။