ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ နှစ်ယောက်လည်း အပြစ်မရှိ အပြစ်ရှာ ပြောတတ်တယ်

ဘောလုံး အရေးဝေဖန်သုံးသပ်သူတွေထဲမှာ

ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ နှစ်ယောက်ကလည်း အာစွမ်းထက်ပါတယ်။

အပြစ်မရှိ အပြစ်ရှာ ပြောတတ်ပါသေးတယ်။

အခုလည်း ပရီးမီးယားလိဂ် အသင်းတွေဟာ ကိုဗစ် ကိစ္စကို

အကြောင်းပြပြီး အခွင့်အရေး ယူနေကြတယ် လို့ စွပ်စွဲပြောဆိုထားပြန်ပါတယ်။

Sky Sports ရဲ့ အစီအစဉ် တင်ဆက်မှုမှာဂယ်ရီ နဗီးလ် က

“ကျွန်တော့်ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ပရီးမီးယားလိဂ် မှ မဟုတ်ပါဘူး ။

EFL အနေနဲ့လည်း သူတို့ရဲ့ ပွဲစဉ်တွေကို မဖြစ် ဖြစ်အောင် ကစားခိုင်းဖို့ လိုလာပါပြီ။

အာဆင်နယ် မှာ ဆိုရင် ဘာလိုဂန် နဲ့ မေလန်း နိုင်း ကို အငှားချပစ်လိုက်တယ် ။

ချာကာ က အနီကဒ် ပြခံရတယ် ။ ဒါတွေက ဘယ်သူကမှ လုပ်တာ မဟုတ်ပါဘူး။

အဲဒီတော့ အာဆင်နယ် ပွဲကို ဘာဖြစ်လို့ ကိုဗစ် ကိစ္စနဲ့ ရွှေ့ဆိုင်းပေးရမှာလဲ။”

“လွန်ခဲ့တဲ့ အပတ်တွေ တုန်းက ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေက

ကိုဗစ် ကူးစက်ခံရလို့ ကစားသမားပေါင်း 10ယောက်-15 ယောက် အထိ

ကစားပေးနိုင်ခြင်း မရှိရင် ပွဲစဉ်တွေကို ရွှေ့ဆိုင်းသင့်တယ် ဆိုပြီး ပြောဆိုခဲ့ကြတာပါ။

အထူးသဖြင့် ယှဉ်ပြိုင်မယ့် ကစားသမား စာရင်းက

အတောင့်တင်းဆုံးမှာ ရှိမနေဘူး ဆိုရင်ပေါ့။

အခုတော့ အဲဒီ ပုံစံတွေကို ရပ်တန်းက ရပ်ရပါတော့မယ်”

“အသင်းမှာ ကိုဗစ် ကိစ္စ ဘယ်လောက်ထိ ကူးစက်ခံရတယ် ဆိုတာ

တိတိကျကျ မသိဘဲ နဲ့ ရွှေ့ဆိုင်းပေးတာမျိုး လုံး၀ မဖြစ်သင့်ပါဘူး။

အဲဒီလို ရွှေ့ကြေးဆိုရင် လီဗာပူး နဲ့ ပွဲကိုလည်း

ရွှေ့ပေးရမှာ မဟုတ်လား” လို့ ပြောပါတယ်။

ကာရေဂါကလည်း ” အာဆင်နယ် ပွဲလို့တော့ ခေါင်းစဉ်တပ်ပြီး

မပြောချင်ဘူးဗျာ။ ပရီးမီးယားလိဂ် တစ်ခုလုံး လို့ပဲ

ခေါင်းစဉ် တပ်ချင်ပါတယ်။ ကလပ် အသင်းတွေ အားလုံး ဟာ

ကိုဗစ် ကိစ္စ အကြောင်းပြပြီး အခွင့်အရေး ယူချင်နေကြတာပါ။”

“ဒါမျိုး ဘယ် ဥရောပ လိဂ် ပြိုင်ပွဲမှာမှ မရှိပါဘူး။

ဘိုင်ယန် မြူးနစ်လို အသင်းမျိုးတောင် 16 နှစ် သားလေးတွေ ထည့်ပြီး

ကစားနေရတာပဲလေ။ သူတို့တောင် အခုလို ပွဲစဉ်တွေ ဖြစ်အောင်

လုပ်ပြနေချိန်မှာ ဘာဖြစ်လို့ ပရီးမီးယားလိဂ် က မလုပ်နိုင်တာလဲ။

ဘာဖြစ်လို့ ပရီးမီးယားလိဂ် ကလပ်တွေ က လူငယ် ချာတိတ်တွေကို

အခွင့်အရေး မပေးနိုင်တာလဲ။ အားလုံး က

ကလပ် ကိုယ်စားပြု ကစားသမားတွေ မဟုတ်ဘူးလား”

“ကျွန်တော် ကတော့ ဂယ်ရီ ရဲ့ အမြင်ကို ထောက်ခံပါတယ်။

ကိုဗစ် ကူးစက်ခံရမှုတွေ များလွန်းလို့ ပွဲတွေ ရွှေ့ပေးရတာ လက်ခံလို့ ရပါတယ်။

ဒါပေမယ့် ဒဏ်ရာရတာတွေ ၊ ပွဲပယ်တာတွေ နဲ့

အာဖရိက ဖလား ပြိုင်ပွဲ စေလွှတ်လိုက်ရတဲ့ ကစားသမားတွေ ကို

ဒီစာရင်းမှာ လုံး၀ ထည့်တွက်စရာ မလိုပါဘူး။

ဒါတွေက အမြဲတမ်း ရင်ဆိုင်နေရမယ့်

အကြောင်းအရင်းတွေပဲလေ။”လို့ ပြောဆိုပါတယ်။

zawgyi

ဂယ္ရီနဗီးလ္နဲ႔ ကာေရဂါတို႔ ႏွစ္ေယာက္လည္း အျပစ္မရွိ အျပစ္ရွာ ေျပာတတ္တယ္

ေဘာလုံး အေရးေဝဖန္သုံးသပ္သူေတြထဲမွာ

ဂယ္ရီနဗီးလ္နဲ႔ ကာေရဂါတို႔ ႏွစ္ေယာက္ကလည္း အာစြမ္းထက္ပါတယ္။

အျပစ္မရွိ အျပစ္ရွာ ေျပာတတ္ပါေသးတယ္။

အခုလည္း ပရီးမီးယားလိဂ္ အသင္းေတြဟာ ကိုဗစ္ ကိစၥကို

အေၾကာင္းျပၿပီး အခြင့္အေရး ယူေနၾကတယ္ လို႔ စြပ္စြဲေျပာဆိုထားျပန္ပါတယ္။

Sky Sports ရဲ႕ အစီအစဥ္ တင္ဆက္မႈမွာဂယ္ရီ နဗီးလ္ က

“ကြၽန္ေတာ့္ရဲ႕ အျမင္ကို ပြင့္ပြင့္လင္းလင္း ေျပာရရင္ ပရီးမီးယားလိဂ္ မွ မဟုတ္ပါဘူး ။

EFL အေနနဲ႔လည္း သူတို႔ရဲ႕ ပြဲစဥ္ေတြကို မျဖစ္ ျဖစ္ေအာင္ ကစားခိုင္းဖို႔ လိုလာပါၿပီ။

အာဆင္နယ္ မွာ ဆိုရင္ ဘာလိုဂန္ နဲ႔ ေမလန္း ႏိုင္း ကို အငွားခ်ပစ္လိုက္တယ္ ။

ခ်ာကာ က အနီကဒ္ ျပခံရတယ္ ။ ဒါေတြက ဘယ္သူကမွ လုပ္တာ မဟုတ္ပါဘူး။

အဲဒီေတာ့ အာဆင္နယ္ ပြဲကို ဘာျဖစ္လို႔ ကိုဗစ္ ကိစၥနဲ႔ ေ႐ႊ႕ဆိုင္းေပးရမွာလဲ။”

“လြန္ခဲ့တဲ့ အပတ္ေတြ တုန္းက ကြၽန္ေတာ္တို႔ ေဆြးေႏြးခဲ့တာေတြက

ကိုဗစ္ ကူးစက္ခံရလို႔ ကစားသမားေပါင္း 10ေယာက္-15 ေယာက္ အထိ

ကစားေပးႏိုင္ျခင္း မရွိရင္ ပြဲစဥ္ေတြကို ေ႐ႊ႕ဆိုင္းသင့္တယ္ ဆိုၿပီး ေျပာဆိုခဲ့ၾကတာပါ။

အထူးသျဖင့္ ယွဥ္ၿပိဳင္မယ့္ ကစားသမား စာရင္းက

အေတာင့္တင္းဆုံးမွာ ရွိမေနဘူး ဆိုရင္ေပါ့။

အခုေတာ့ အဲဒီ ပုံစံေတြကို ရပ္တန္းက ရပ္ရပါေတာ့မယ္”

“အသင္းမွာ ကိုဗစ္ ကိစၥ ဘယ္ေလာက္ထိ ကူးစက္ခံရတယ္ ဆိုတာ

တိတိက်က် မသိဘဲ နဲ႔ ေ႐ႊ႕ဆိုင္းေပးတာမ်ိဳး လုံး၀ မျဖစ္သင့္ပါဘူး။

အဲဒီလို ေ႐ႊ႕ေၾကးဆိုရင္ လီဗာပူး နဲ႔ ပြဲကိုလည္း

ေ႐ႊ႕ေပးရမွာ မဟုတ္လား” လို႔ ေျပာပါတယ္။

ကာေရဂါကလည္း ” အာဆင္နယ္ ပြဲလို႔ေတာ့ ေခါင္းစဥ္တပ္ၿပီး

မေျပာခ်င္ဘူးဗ်ာ။ ပရီးမီးယားလိဂ္ တစ္ခုလုံး လို႔ပဲ

ေခါင္းစဥ္ တပ္ခ်င္ပါတယ္။ ကလပ္ အသင္းေတြ အားလုံး ဟာ

ကိုဗစ္ ကိစၥ အေၾကာင္းျပၿပီး အခြင့္အေရး ယူခ်င္ေနၾကတာပါ။”

“ဒါမ်ိဳး ဘယ္ ဥေရာပ လိဂ္ ၿပိဳင္ပြဲမွာမွ မရွိပါဘူး။

ဘိုင္ယန္ ျမဴးနစ္လို အသင္းမ်ိဳးေတာင္ 16 ႏွစ္ သားေလးေတြ ထည့္ၿပီး

ကစားေနရတာပဲေလ။ သူတို႔ေတာင္ အခုလို ပြဲစဥ္ေတြ ျဖစ္ေအာင္

လုပ္ျပေနခ်ိန္မွာ ဘာျဖစ္လို႔ ပရီးမီးယားလိဂ္ က မလုပ္ႏိုင္တာလဲ။

ဘာျဖစ္လို႔ ပရီးမီးယားလိဂ္ ကလပ္ေတြ က လူငယ္ ခ်ာတိတ္ေတြကို

အခြင့္အေရး မေပးႏိုင္တာလဲ။ အားလုံး က

ကလပ္ ကိုယ္စားျပဳ ကစားသမားေတြ မဟုတ္ဘူးလား”

“ကြၽန္ေတာ္ ကေတာ့ ဂယ္ရီ ရဲ႕ အျမင္ကို ေထာက္ခံပါတယ္။

ကိုဗစ္ ကူးစက္ခံရမႈေတြ မ်ားလြန္းလို႔ ပြဲေတြ ေ႐ႊ႕ေပးရတာ လက္ခံလို႔ ရပါတယ္။

ဒါေပမယ့္ ဒဏ္ရာရတာေတြ ၊ ပြဲပယ္တာေတြ နဲ႔

အာဖရိက ဖလား ၿပိဳင္ပြဲ ေစလႊတ္လိုက္ရတဲ့ ကစားသမားေတြ ကို

ဒီစာရင္းမွာ လုံး၀ ထည့္တြက္စရာ မလိုပါဘူး။

ဒါေတြက အၿမဲတမ္း ရင္ဆိုင္ေနရမယ့္

အေၾကာင္းအရင္းေတြပဲေလ။”လို႔ ေျပာဆိုပါတယ္။