France Football မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်ကိုပြန်လည်တုံ့ပြန်လိုက်တဲ့ စီရော်နယ်ဒို

မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူ့အပေါ်မဟုတ်မမှန်

မှတ်ချက်ပေးခဲ့တဲ့ France Football မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်ကို

ပြန်လည်တုံ့ပြန်လိုက်ကြောင်းသိရပါတယ်။ France Football မဂ္ဂဇင်း ဟာ

၁၉၅၆ ကတည်းကတည်ထောင်ထားတာဖြစ်ပြီး ဥရောပမှာဩ ဇာကြီးမားတဲ့

မီဒီယာတစ်ခုလည်းဖြစ်ကာ ကစားသမားတိုင်းတန်ဖိုးထားကြရတဲ့

Ballon d’Or ဆုကိုရွေးချယ်ပေးအပ်နေတာလည်းဖြစ် ပါတယ်။

တနင်္လာနေ့ကကျင်းပခဲ့တဲ့ Ballon d’Or ဆုပေးပွဲမတိုင်ခင်မှာ

အဲဒီမဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်ဖြစ်တဲ့ ပက်စကယ်ဖယ် က စီရော် နယ်ဒိုထံမှာ

ရည်မှန်းချက်တစ်ခုတည်းရှိပြီး အဲဒါကတော့သူ့ရဲ့ရေရှည်ပြိုင်ဘက်ဖြစ်တဲ့

မက်ဆီထက် Ballon d’Or ဆုပိုရပြီးကစားသမား ဘဝကိုအဆုံးသတ်ဖို့ဘဲလို့

ပြောခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောခဲ့တာကလည်း စီရော်နယ်ဒိုကိုယ်တိုင်က

သူ့ကိုပြောခဲ့လို့ဘဲဖြစ်တယ်လို့ ပက် စကယ်ဖယ်က ဆိုခဲ့ပါသေးတယ်။

၂၀၂၁ အတွက် Ballon d’Or ဆုကိုမက်ဆီ ရရှိသွားတာကြောင့်

ဒီအာဂျင်တီးနားသားဟာ စီရော်နယ် ဒိုထက်ဆု ၂ ကြိမ်ပိုခဲ့ပြီး ၇ ကြိမ်အဖြစ်

စံချိန်တင်ရရှိသွားပါတယ်။ ဒါကြောင့်လည်း စီရော်နယ်ဒိုက

သူအဲဒီလိုမပြောခဲ့ဘူးဆိုတာကို followers ၃၇၁ သန်းရှိတဲ့

သူ့ Instagram ကနေတစ်ဆင့် Ballon d’Or ဆုပေးပွဲမတိုင်ခင်

ဖြေရှင်းချက်ထုတ်ပြန်သွားပါတယ်။ သူ့ Instagram မှာပေါ်တူဂီလိုဖော်ပြခဲ့ပြီး

ဒါကိုအင်္ဂလိပ်လိုဘာသာပြန်ထားတာကို ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

သူက” ဒီကနေ့ကတော့ အရင်တစ်ပတ်က ပက်စကယ်ဖယ်က

ကျွန်တော့်ရဲ့တစ်ခုတည်းသောရည်မှန်း ချက်က Ballons d’Or ဆုကို

မက်ဆီထက်ပိုရပြီး ကစားသမားဘဝကိုအဆုံးသတ်ဖို့ဘဲဖြစ်တယ်လို့

သူ့ကိုပြောခဲ့တယ်ဆိုတဲ့စကားကို ဖြေ ရှင်းတာပါ။ သူလိမ်ခဲ့တာဖြစ်ပြီး

ကျွန်တော့်နာမည်ကိုသုံးကာ သူ့ကိုယ်သူနာမည်ကြီးစေဖို့နဲ့

သူလုပ်နေတဲ့မဂ္ဂဇင်းအတွက် ဈေးကွက်မြှင့် တင်ခဲ့တာပါ။

ဒီလိုဂုဏ်သိက္ခာရှိတဲ့ဆုမျိုးကိုပေးနေတဲ့သူက လိမ်လည်ပြောဆိုတာဟာ

လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ ဒါဟာ ကျွန်တော့် လို Ballon d’Or ဆုကို

လေးစားတဲ့သူမျိုးကို မလေးမစားပြုမူတာပါဘဲ။ ဆုပေးပွဲကို

ကျွန်တော်မတက်ခဲ့တာကိုလည်း ကွာရန်တင်း ဝင်ရ မှာစိုးလို့ဆိုပြီး

ထပ်လိမ်ခဲ့ပါသေးတယ်။ အခြေအမြစ်မရှိတာတွေပေါ့။ ဘယ်သူ့ကိုမှ

ဆန့်ကျင်မှာမဟုတ်လို့ ကျွန်တော့်ကစားသမားဘဝ အစကတည်းက

အားကစားသမားပီသမှုနဲ့ တရားမျှတမှုရှိမှုတွေကိုဘဲအခြေခံပြီး

ဆုကိုဘယ်သူရရ အမြဲတမ်းဂုဏ်ပြုခဲ့ပါတယ်။ ကျွန် တော်က

ကိုယ်ကစားနေတဲ့ကလပ်နဲ့ ကိုယ့်ကိုချစ်တဲ့သူတွေအတွက်

ကိုယ်တိုင်အနိုင်ရအောင်ဘဲ အမြဲကြိုးစားပါတယ်။

ကျွန်တော့်ရဲ့ အကြီးမားဆုံးသောရည်မှန်းချက်က ကစားနေတဲ့ကလပ်အတွက်

ဆုဖလားတွေအစုံအလင်ရရှိဖို့နဲ့ လက်ရွေးစင်အသင်းအတွက်ဖလား တွေရဖို့ပါဘဲ။

နောက်ထပ်အကြီးမားဆုံးရည်မှန်းချက်က ကျွန်တော့်လိုမျိုး

ပရော်ဖက်ရှင်နယ်ဖြစ်လိုတဲ့ဘယ်သူမဆိုအတွက် စံနမူနာပြ ဖြစ်စေဖို့ပါဘဲ။

နောက်ထပ်အကြီးမားဆုံးရည်မှန်းချက်က ကျွန်တော့်နာမည်ကို

ကမ္ဘာ့ဘောလုံးလောကရဲ့ရွှေပေလွှာမှာရေးထိုးထားနိုင် ဖို့ပါဘဲ။

လက်ရှိမှာတော့ ကျွန်တော်ဟာ မန်ယူအသင်းရဲ့လာမယ့်ပွဲအတွက်

ကစားဖော်တွေ၊ ပရိသတ်တွေနဲ့အတူအရာရာကိုအာရုံစိုက် ဖို့ဘဲဖြစ်ပြီး

ရနိုင်သမျှအောင်မြင်မှုကို ရယူဖို့ပါဘဲ။ ကျန်တာတွေလား

ဒါကတော့နောက်မှပေါ့” လို့ဆိုသွားပါတယ်။

zawgyi

France Football မဂၢဇင္းရဲ႕အယ္ဒီတာခ်ဳပ္ကိုျပန္လည္တုံ႔ျပန္လိုက္တဲ့ စီေရာ္နယ္ဒို

မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ သူ႔အေပၚမဟုတ္မမွန္

မွတ္ခ်က္ေပးခဲ့တဲ့ France Football မဂၢဇင္းရဲ႕အယ္ဒီတာခ်ဳပ္ကို

ျပန္လည္တုံ႔ျပန္လိုက္ေၾကာင္းသိရပါတယ္။ France Football မဂၢဇင္း ဟာ

၁၉၅၆ ကတည္းကတည္ေထာင္ထားတာျဖစ္ၿပီး ဥေရာပမွာဩ ဇာႀကီးမားတဲ့

မီဒီယာတစ္ခုလည္းျဖစ္ကာ ကစားသမားတိုင္းတန္ဖိုးထားၾကရတဲ့

Ballon d’Or ဆုကိုေ႐ြးခ်ယ္ေပးအပ္ေနတာလည္းျဖစ္ ပါတယ္။

တနလၤာေန႔ကက်င္းပခဲ့တဲ့ Ballon d’Or ဆုေပးပြဲမတိုင္ခင္မွာ

အဲဒီမဂၢဇင္းရဲ႕အယ္ဒီတာခ်ဳပ္ျဖစ္တဲ့ ပက္စကယ္ဖယ္ က စီေရာ္ နယ္ဒိုထံမွာ

ရည္မွန္းခ်က္တစ္ခုတည္းရွိၿပီး အဲဒါကေတာ့သူ႔ရဲ႕ေရရွည္ၿပိဳင္ဘက္ျဖစ္တဲ့

မက္ဆီထက္ Ballon d’Or ဆုပိုရၿပီးကစားသမား ဘဝကိုအဆုံးသတ္ဖို႔ဘဲလို႔

ေျပာခဲ့တာျဖစ္ပါတယ္။ ဒီလိုေျပာခဲ့တာကလည္း စီေရာ္နယ္ဒိုကိုယ္တိုင္က

သူ႔ကိုေျပာခဲ့လို႔ဘဲျဖစ္တယ္လို႔ ပက္ စကယ္ဖယ္က ဆိုခဲ့ပါေသးတယ္။

၂၀၂၁ အတြက္ Ballon d’Or ဆုကိုမက္ဆီ ရရွိသြားတာေၾကာင့္

ဒီအာဂ်င္တီးနားသားဟာ စီေရာ္နယ္ ဒိုထက္ဆု ၂ ႀကိမ္ပိုခဲ့ၿပီး ၇ ႀကိမ္အျဖစ္

စံခ်ိန္တင္ရရွိသြားပါတယ္။ ဒါေၾကာင့္လည္း စီေရာ္နယ္ဒိုက

သူအဲဒီလိုမေျပာခဲ့ဘူးဆိုတာကို followers ၃၇၁ သန္းရွိတဲ့

သူ႔ Instagram ကေနတစ္ဆင့္ Ballon d’Or ဆုေပးပြဲမတိုင္ခင္

ေျဖရွင္းခ်က္ထုတ္ျပန္သြားပါတယ္။ သူ႔ Instagram မွာေပၚတူဂီလိုေဖာ္ျပခဲ့ၿပီး

ဒါကိုအဂၤလိပ္လိုဘာသာျပန္ထားတာကို ထပ္ဆင့္ေဖာ္ျပေပးလိုက္ပါတယ္။

သူက” ဒီကေန႔ကေတာ့ အရင္တစ္ပတ္က ပက္စကယ္ဖယ္က

ကြၽန္ေတာ့္ရဲ႕တစ္ခုတည္းေသာရည္မွန္း ခ်က္က Ballons d’Or ဆုကို

မက္ဆီထက္ပိုရၿပီး ကစားသမားဘဝကိုအဆုံးသတ္ဖို႔ဘဲျဖစ္တယ္လို႔

သူ႔ကိုေျပာခဲ့တယ္ဆိုတဲ့စကားကို ေျဖ ရွင္းတာပါ။ သူလိမ္ခဲ့တာျဖစ္ၿပီး

ကြၽန္ေတာ့္နာမည္ကိုသုံးကာ သူ႔ကိုယ္သူနာမည္ႀကီးေစဖို႔နဲ႔

သူလုပ္ေနတဲ့မဂၢဇင္းအတြက္ ေဈးကြက္ျမႇင့္ တင္ခဲ့တာပါ။

ဒီလိုဂုဏ္သိကၡာရွိတဲ့ဆုမ်ိဳးကိုေပးေနတဲ့သူက လိမ္လည္ေျပာဆိုတာဟာ

လုံးဝလက္ခံႏိုင္စရာမရွိပါဘူး။ ဒါဟာ ကြၽန္ေတာ့္ လို Ballon d’Or ဆုကို

ေလးစားတဲ့သူမ်ိဳးကို မေလးမစားျပဳမူတာပါဘဲ။ ဆုေပးပြဲကို

ကြၽန္ေတာ္မတက္ခဲ့တာကိုလည္း ကြာရန္တင္း ဝင္ရ မွာစိုးလို႔ဆိုၿပီး

ထပ္လိမ္ခဲ့ပါေသးတယ္။ အေျခအျမစ္မရွိတာေတြေပါ့။ ဘယ္သူ႔ကိုမွ

ဆန႔္က်င္မွာမဟုတ္လို႔ ကြၽန္ေတာ့္ကစားသမားဘဝ အစကတည္းက

အားကစားသမားပီသမႈနဲ႔ တရားမွ်တမႈရွိမႈေတြကိုဘဲအေျခခံၿပီး

ဆုကိုဘယ္သူရရ အၿမဲတမ္းဂုဏ္ျပဳခဲ့ပါတယ္။ ကြၽန္ ေတာ္က

ကိုယ္ကစားေနတဲ့ကလပ္နဲ႔ ကိုယ့္ကိုခ်စ္တဲ့သူေတြအတြက္

ကိုယ္တိုင္အႏိုင္ရေအာင္ဘဲ အၿမဲႀကိဳးစားပါတယ္။

ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံးေသာရည္မွန္းခ်က္က ကစားေနတဲ့ကလပ္အတြက္

ဆုဖလားေတြအစုံအလင္ရရွိဖို႔နဲ႔ လက္ေ႐ြးစင္အသင္းအတြက္ဖလား ေတြရဖို႔ပါဘဲ။

ေနာက္ထပ္အႀကီးမားဆုံးရည္မွန္းခ်က္က ကြၽန္ေတာ့္လိုမ်ိဳး

ပေရာ္ဖက္ရွင္နယ္ျဖစ္လိုတဲ့ဘယ္သူမဆိုအတြက္ စံနမူနာျပ ျဖစ္ေစဖို႔ပါဘဲ။

ေနာက္ထပ္အႀကီးမားဆုံးရည္မွန္းခ်က္က ကြၽန္ေတာ့္နာမည္ကို

ကမာၻ႔ေဘာလုံးေလာကရဲ႕ေ႐ႊေပလႊာမွာေရးထိုးထားႏိုင္ ဖို႔ပါဘဲ။

လက္ရွိမွာေတာ့ ကြၽန္ေတာ္ဟာ မန္ယူအသင္းရဲ႕လာမယ့္ပြဲအတြက္

ကစားေဖာ္ေတြ၊ ပရိသတ္ေတြနဲ႔အတူအရာရာကိုအာ႐ုံစိုက္ ဖို႔ဘဲျဖစ္ၿပီး

ရႏိုင္သမွ်ေအာင္ျမင္မႈကို ရယူဖို႔ပါဘဲ။ က်န္တာေတြလား

ဒါကေတာ့ေနာက္မွေပါ့” လို႔ဆိုသြားပါတယ္။