
ပီတာဘရော့ကို အိမ်ကွင်းမှာ ၁-၀ နဲ့အနိုင်ရခဲ့ပြီးနောက် ဒါဘီဟာ
ချန်ပီယံရှစ်အဆင့် ၂၂ ကို တက်လာနိုင်ပြီဖြစ်ပါတယ်။ ပီတာဘရော့နဲ့
၂၁ မှတ်စီတူပေမယ့် ဂိုးကွာခြားချက်နဲ့ အဆင့် ၂၂ ရောက်လာတာပါ။
အဆင့် ၂၁ က ရက်ဒင်းနဲ့လည်း ၅ မှတ်သာ ကွာတော့လို့ ဒီရာသီအပြီး
တန်းမဆင်းရမယ့် မျှော်လင့်ချက်တွေ ပိုမိုရှင်သန်လာနေပါပြီ။
ဒါဘီဟာ ဘဏ္ဍာရေးပြသာနာတွေကြောင့် ၂၁ မှတ်လျော့ခံရတဲ့
အခြေအနေကနေ တန်းမဆင်းရဖို့ မျှော်လင့်ချက်အလွန်ကောင်းလာခဲ့တာပါ။
ပီတာဘရော့နဲ့ပွဲမှာလည်း အနိုင်ရအောင် နောက်ဆုံးမိနစ်အထိ
ကြိုးစားခဲ့ရတာပါ။ ပီတာဘရော့ ဘယ်အစွန်ခံစစ်မှုးဟေဒန်က
ပွဲချိန် ၃၅ မိနစ်မှာ ၂ ဝါ ၁ နီနဲ့ထွက်ခဲ့ရပေမယ့် ဒါဘီအသင်းခေါင်းဆောင်
လောရန့်ကလည်း ဒုတိယပိုင်းစပြီး ၂ မိနစ်မှာ တိုက်ရိုက် အနီကတ်နဲ့
ထွက်ခဲ့ရလို့ အနိုင်ရဖို့ နောက်ဆုံးအချိန်အထိ ရုန်းခဲ့ရတာပါ။
လူစားဝင်လာတဲ့တိုက်စစ်ကွင်းလယ်ကစားသမားလေး
လူဝီဆီဘလေးက ပွဲချိန် ၉၂ မိနစ်မှာ အနိုင်ဂိုးသွင်းလိုက်ချိန်မှာတော့
ဒါဘီပရိသတ်တွေ၊ ကစားသမားတွေနဲ့ နည်းပြ ရွန်နီတို့ရဲ့ ပျော်ရွှင်မှုက
အတိုင်းအဆမရှိအောင်လည်း ဖြစ်ခဲ့ပါတယ်။
တစ်ချိန်က မန်ယူမှာ မြင်တွေ့ခဲ့ရဖူးတဲ့ Fergie Time ဂိုးတွေကို
ရွန်နီဦးဆောင်နေတဲ့ ဒါဘီမှာမြင်တွေ့နေရတာလည်းဖြစ်ပြီး
အခုလိုမျိုးနောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ကြိုးစားနေမှုတွေကြောင့်
ဒီရာသီအပြီး ချန်ပီယံရှစ်မှာ ဒါဘီ ဆက်လက်ရပ်တည်နိုင်မယ်လို့
ယုံကြည်သူတွေ ပိုများလာနေပြီ ဖြစ်ပါတယ်
Zawgyi
Fergie Time ဂိုးေတြနဲ႔ ႐ြန္နီ
ပီတာဘေရာ့ကို အိမ္ကြင္းမွာ ၁-၀ နဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ဒါဘီဟာ
ခ်န္ပီယံရွစ္အဆင့္ ၂၂ ကို တက္လာႏိုင္ၿပီျဖစ္ပါတယ္။ ပီတာဘေရာ့နဲ႔
၂၁ မွတ္စီတူေပမယ့္ ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၂၂ ေရာက္လာတာပါ။
အဆင့္ ၂၁ က ရက္ဒင္းနဲ႔လည္း ၅ မွတ္သာ ကြာေတာ့လို႔ ဒီရာသီအၿပီး
တန္းမဆင္းရမယ့္ ေမွ်ာ္လင့္ခ်က္ေတြ ပိုမိုရွင္သန္လာေနပါၿပီ။
ဒါဘီဟာ ဘ႑ာေရးျပသာနာေတြေၾကာင့္ ၂၁ မွတ္ေလ်ာ့ခံရတဲ့
အေျခအေနကေန တန္းမဆင္းရဖို႔ ေမွ်ာ္လင့္ခ်က္အလြန္ေကာင္းလာခဲ့တာပါ။
ပီတာဘေရာ့နဲ႔ပြဲမွာလည္း အႏိုင္ရေအာင္ ေနာက္ဆုံးမိနစ္အထိ
ႀကိဳးစားခဲ့ရတာပါ။ ပီတာဘေရာ့ ဘယ္အစြန္ခံစစ္မႈးေဟဒန္က
ပြဲခ်ိန္ ၃၅ မိနစ္မွာ ၂ ဝါ ၁ နီနဲ႔ထြက္ခဲ့ရေပမယ့္ ဒါဘီအသင္းေခါင္းေဆာင္
ေလာရန္႔ကလည္း ဒုတိယပိုင္းစၿပီး ၂ မိနစ္မွာ တိုက္႐ိုက္ အနီကတ္နဲ႔
ထြက္ခဲ့ရလို႔ အႏိုင္ရဖို႔ ေနာက္ဆုံးအခ်ိန္အထိ ႐ုန္းခဲ့ရတာပါ။
လူစားဝင္လာတဲ့တိုက္စစ္ကြင္းလယ္ကစားသမားေလး
လူဝီဆီဘေလးက ပြဲခ်ိန္ ၉၂ မိနစ္မွာ အႏိုင္ဂိုးသြင္းလိုက္ခ်ိန္မွာေတာ့
ဒါဘီပရိသတ္ေတြ၊ ကစားသမားေတြနဲ႔ နည္းျပ ႐ြန္နီတို႔ရဲ႕ ေပ်ာ္႐ႊင္မႈက
အတိုင္းအဆမရွိေအာင္လည္း ျဖစ္ခဲ့ပါတယ္။
တစ္ခ်ိန္က မန္ယူမွာ ျမင္ေတြ႕ခဲ့ရဖူးတဲ့ Fergie Time ဂိုးေတြကို
႐ြန္နီဦးေဆာင္ေနတဲ့ ဒါဘီမွာျမင္ေတြ႕ေနရတာလည္းျဖစ္ၿပီး
အခုလိုမ်ိဳးေနာက္ဆုံးအခ်ိန္အထိ တိုက္ပြဲဝင္ႀကိဳးစားေနမႈေတြေၾကာင့္
ဒီရာသီအၿပီး ခ်န္ပီယံရွစ္မွာ ဒါဘီ ဆက္လက္ရပ္တည္ႏိုင္မယ္လို႔
ယုံၾကည္သူေတြ ပိုမ်ားလာေနၿပီ ျဖစ္ပါတယ္