
မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့စနေနေ့က
ဗီလာနဲ့သရေကျခဲ့တဲ့ အဝေးကွင်းပွဲကိုလွဲချော်ခဲ့ပြီးနောက်
လေ့ကျင့်ခန်းတွေပြန်လည်ပြုလုပ်နေပြီး ထုံးစံအတိုင်း
လေ့ကျင့်ရေးကွင်းယှဥ်ပြိုင်မှုမှာ သူပါဝင်တဲ့အသင်းအနိုင်ရခဲ့မှုကို
အင်စတာဂရမ်ပေါ်ပို့စ်တင်ခဲ့ပါတယ်။
ပုံစာကိုတော့ the winners are… ဆိုပြီး အီမိုဂျီတွေနဲ့အတူတင်ခဲ့တာပါ။
ဒီပုံမှာ ဂိုးသမားတွန်ဟီတန်၊ ဖီးလ်ဂျုံးစ်၊ လုခ်ရှော၊ ဗန်ဒီဘိခ်နဲ့
ရက်ရှ်ဖို့ဒ်အပြင် ပေါ့ဂ်ဘာလည်းပါဝင်လာလို့
ဒီပြင်သစ်သားက မန်ယူအတွက်ပြန်ကစားနိုင်ဖို့နီးစပ်လာတာကိုတွေ့ရမှာပါ။
ကြားရက် ဘရန်းဖို့ဒ်နဲ့ပွဲမှာပေါ့ဂ်ဘာ ပါမလားဆိုတာသေချာမသိရသေးပေမယ့်
စီရော်နယ်ဒိုကတော့ ပြန်ပါဖို့သေချာသလောက်ပါဘဲ။
ဒီပို့စ်ကိုပရိသတ်တွေအကြိုက်တွေ့ခဲ့ပြီး တင်ပြီး ၁၅ နာရီအတွင်းမှာ
နှစ်သက်သူပေါင်း ၅.၆ သန်းကျော်သွားခဲ့ပါတယ်။
ဒီလိုတင်ခဲ့ပြီးနောက် ကစားဖော်ဖြစ်တဲ့ ဆန်ချိုက ပို့စ်အောက်မှာ
နောက်ပြောင်တဲ့မှတ်ချက်ပေးခဲ့ရာမှာ ပရိသတ်တွေသဘောကျပြီး
တင်ပြီး ၃ နာရီအတွင်းနှစ်သက်သူ ၁၃၈၃၈ အထိရှိခဲ့တာကိုလည်းတွေ့ရပါတယ်။
ဆန်ချိုက” အခုတစ်လောအတွင်း
ခင်ဗျားရဲ့ပထမဆုံးနိုင်ပွဲပေါ့၊ ပျော်လိုက်စမ်းပါအစ်ကိုကြီးရာ” လို့တင်ခဲ့တာပါ။
ဆန်ချိုက နောက်ပြောင်တဲ့သဘောနဲ့တင်ခဲ့တာဖြစ်ပေမယ့်
အမြင်နှစ်မျိုးရှိနေပြီး ဒီပေါ်တူဂီသားက လေ့ကျင့်ခန်းမဆင်းနိုင်တာ
တစ်ပတ်နီးပါးလောက်ရှိနေလို့ ပြန်ဆင်းချိန်နိုင်ပွဲရတာကို
ညွှန်းဆိုတာလည်းဖြစ်နိုင်သလို မန်ယူအသင်းက ၂၀၂၂ အတွင်းမှာ
စီရော်နယ်ဒိုမပါဘဲတစ်ပွဲသာအနိုင်ရထားမှုကို
ရည်ညွှန်းတာလည်းဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
စီရော်နယ်ဒိုမန်ယူအသင်းမှာပါဝင်ပြီးအနိုင်ရခဲ့တဲ့ နောက်ဆုံးပွဲက
၂၀၂၁ ဒီဇင်ဘာနှောင်းပိုင်းမှာ ဘန်လေကိုအနိုင်ရခဲ့တဲ့ပွဲစဥ်ဖြစ်ပါတယ်။
ဆန်ချိုဟာ စီရော်နယ်ဒို အပေါ်သာအခုလိုနောက်ပြောင်ခဲ့ပေမယ့်
သူကိုယ်တိုင်လည်း ၂၀၂၂ အတွင်းမှာခြေစွမ်းမပြနိုင်သေးပါဘူး။
ဗီလာကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲကို ဒဏ်ရာကြောင့်သူလွဲချော်ခဲ့သလို
ဗီလာနဲဘဲကစားပြီး သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်မှာလည်း
အရန်အဖြစ်သာရှိခဲ့ပြီး လူစားဝင်ချိန်မှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
zawgyi
စီေရာ္နယ္ဒိုရဲ႕ ပို႔စ္မွာ ဆန္ခ်ိဳရဲ႕ မွတ္ခ်က္ကို ပရိသတ္ေတြသေဘာက်ေန
မန္ယူအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့စေနေန႔က
ဗီလာနဲ႔သေရက်ခဲ့တဲ့ အေဝးကြင္းပြဲကိုလြဲေခ်ာ္ခဲ့ၿပီးေနာက္
ေလ့က်င့္ခန္းေတြျပန္လည္ျပဳလုပ္ေနၿပီး ထုံးစံအတိုင္း
ေလ့က်င့္ေရးကြင္းယွဥ္ၿပိဳင္မႈမွာ သူပါဝင္တဲ့အသင္းအႏိုင္ရခဲ့မႈကို
အင္စတာဂရမ္ေပၚပို႔စ္တင္ခဲ့ပါတယ္။
ပုံစာကိုေတာ့ the winners are… ဆိုၿပီး အီမိုဂ်ီေတြနဲ႔အတူတင္ခဲ့တာပါ။
ဒီပုံမွာ ဂိုးသမားတြန္ဟီတန္၊ ဖီးလ္ဂ်ဳံးစ္၊ လုခ္ေရွာ၊ ဗန္ဒီဘိခ္နဲ႔
ရက္ရွ္ဖို႔ဒ္အျပင္ ေပါ့ဂ္ဘာလည္းပါဝင္လာလို႔
ဒီျပင္သစ္သားက မန္ယူအတြက္ျပန္ကစားႏိုင္ဖို႔နီးစပ္လာတာကိုေတြ႕ရမွာပါ။
ၾကားရက္ ဘရန္းဖို႔ဒ္နဲ႔ပြဲမွာေပါ့ဂ္ဘာ ပါမလားဆိုတာေသခ်ာမသိရေသးေပမယ့္
စီေရာ္နယ္ဒိုကေတာ့ ျပန္ပါဖို႔ေသခ်ာသေလာက္ပါဘဲ။
ဒီပို႔စ္ကိုပရိသတ္ေတြအႀကိဳက္ေတြ႕ခဲ့ၿပီး တင္ၿပီး ၁၅ နာရီအတြင္းမွာ
ႏွစ္သက္သူေပါင္း ၅.၆ သန္းေက်ာ္သြားခဲ့ပါတယ္။
ဒီလိုတင္ခဲ့ၿပီးေနာက္ ကစားေဖာ္ျဖစ္တဲ့ ဆန္ခ်ိဳက ပို႔စ္ေအာက္မွာ
ေနာက္ေျပာင္တဲ့မွတ္ခ်က္ေပးခဲ့ရာမွာ ပရိသတ္ေတြသေဘာက်ၿပီး
တင္ၿပီး ၃ နာရီအတြင္းႏွစ္သက္သူ ၁၃၈၃၈ အထိရွိခဲ့တာကိုလည္းေတြ႕ရပါတယ္။
ဆန္ခ်ိဳက” အခုတစ္ေလာအတြင္း
ခင္ဗ်ားရဲ႕ပထမဆုံးႏိုင္ပြဲေပါ့၊ ေပ်ာ္လိုက္စမ္းပါအစ္ကိုႀကီးရာ” လို႔တင္ခဲ့တာပါ။
ဆန္ခ်ိဳက ေနာက္ေျပာင္တဲ့သေဘာနဲ႔တင္ခဲ့တာျဖစ္ေပမယ့္
အျမင္ႏွစ္မ်ိဳးရွိေနၿပီး ဒီေပၚတူဂီသားက ေလ့က်င့္ခန္းမဆင္းႏိုင္တာ
တစ္ပတ္နီးပါးေလာက္ရွိေနလို႔ ျပန္ဆင္းခ်ိန္ႏိုင္ပြဲရတာကို
ၫႊန္းဆိုတာလည္းျဖစ္ႏိုင္သလို မန္ယူအသင္းက ၂၀၂၂ အတြင္းမွာ
စီေရာ္နယ္ဒိုမပါဘဲတစ္ပြဲသာအႏိုင္ရထားမႈကို
ရည္ၫႊန္းတာလည္းျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။
စီေရာ္နယ္ဒိုမန္ယူအသင္းမွာပါဝင္ၿပီးအႏိုင္ရခဲ့တဲ့ ေနာက္ဆုံးပြဲက
၂၀၂၁ ဒီဇင္ဘာေႏွာင္းပိုင္းမွာ ဘန္ေလကိုအႏိုင္ရခဲ့တဲ့ပြဲစဥ္ျဖစ္ပါတယ္။
ဆန္ခ်ိဳဟာ စီေရာ္နယ္ဒို အေပၚသာအခုလိုေနာက္ေျပာင္ခဲ့ေပမယ့္
သူကိုယ္တိုင္လည္း ၂၀၂၂ အတြင္းမွာေျခစြမ္းမျပႏိုင္ေသးပါဘူး။
ဗီလာကိုအႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲကို ဒဏ္ရာေၾကာင့္သူလြဲေခ်ာ္ခဲ့သလို
ဗီလာနဲဘဲကစားၿပီး သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္မွာလည္း
အရန္အျဖစ္သာရွိခဲ့ၿပီး လူစားဝင္ခ်ိန္မွာလည္း ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။