
ဘရန့်ဖို့ဒ်ကို ၁-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်လာပြီး ဂိုးသွင်းနိုင်ခဲ့တဲ့
ရက်ရှ်ဖို့ဒ်ဟာ ၃ လအတွင်း မန်ယူအတွက် ၁၁ ပွဲဆက်တိုက်
ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နောက်ဆုံးပွဲတွေမှာ ကစားပုံ စိတ်မပါလက်မပါဖြစ်နေသလို
ကြိုးစားအားထုတ်မှုကင်းမဲ့တယ်လို့လည်း ဝေဖန်ခံခဲ့ရတဲ့
ရက်ရှ်ဖို့ဒ်ဟာ ဘရန့်ဖို့ဒ်ပွဲမှာတော့ အလယ်ကျောက ဘရူနိုချပေးတာကို
ပိတ်သွင်းပြီး မန်ယူအတွက် ၀-၃ ဖြစ်စေတဲ့ ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။
တိုက်ဆိုင်မှုတစ်ခုကတော့ ရက်ရှ်ဖို့ဒ်ဟာ ဒီဇင်ဘာလမကုန်ခင်လေးကမှ
သူ့ရဲ့ကျောင်းနေဘက်ငယ်ချစ် လူစီယာလိွုက်စ်နဲ့ ချစ်ကြိုးပြန်သွယ်ခဲ့သလို
အချစ်ဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့ပြီးမှ မန်ယူအတွက် ဂိုးပြန်သွင်းနိုင်ခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ လူစီယာနဲ့ ကျောင်းနေစဥ္ကတည်းက
ချစ်ကြိုးသွယ်ခဲ့ကြသူတွေဖြစ်ပေမယ့် ဗြိတိန်မှာ ကိုဗစ်ကြောင့်
စည်းမျဥ္းတွေမျိုးစုံစထုတ်ခဲ့တဲ့အချိန်ကစလို့
ရက်ရှ်ဖို့ဒ်နဲ့ လူစီယာတို့အကြားမှာလည်း သွေးအေးသွားခဲ့သလို
လွန်ခဲ့တဲ့ ၈ လကျော်ကစပြီး သူတို့ရဲ့ ၈ နှစ်ကြာအချစ်ရေးအေးစက်သွားခဲ့တာပါ။
ရက်ရှ်ဖို့ရဲ့ ပြီးခဲ့တဲ့နောက်ဆုံးပွဲတွေမှာ ခြေစွမ်းမပြနိုင်မှု၊
စိတ်မပါတဲ့ကစားပုံတွေနဲ့ ပတ်သက်ပြီးတော့လည်း
မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွ ိုင်ကိန်း၊
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားတို့အပါအဝင်
ဘောလုံးသုံးသပ်ဝေဖန်သူတွေနဲ့ မီဒီယာတွေက ထောက်ပြဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဒီလို အားမရစရာခြေစွမ်းနဲ့ ကစားပုံကြောင့်လည်း
ဗီလာနဲ့ ၂-၂ သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရက်ရှ်ဖို့ဒ်ပါဝင်ခွင့်မရခဲ့ပါဘူး။
ဘရန့်ဖို့ဒ်ပွဲမှာလည်း လူစားဝင်အဖြစ်သာ ကစားခဲ့ရပေမယ့်
ဂိုးသွင်းလိုက်နိုင်ခဲ့ပြီးနောက်မှာတော့ လူမှုကွန်ရက်အသုံးပြုသူတစ်ချို့က
FA မဟုတ်တော့မှပဲ ရက်ရှ်ဖို့ဒ်လည်း ဂိုးပြန်သွင်းလာနိုင်ပြီလို့
မှတ်ချက်တွေပေးနေကြပါတယ်
zawgyi
FA မဟုတ္ေတာ့မွပဲ ရက္ရွ္ဖို႔ဒ္လည္း ဂိုးျပန္သြင္းလာႏိုင္ၿပီ
ဘရန္႔ဖို႔ဒ္ကို ၁-၃ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လူစားဝင္လာၿပီး ဂိုးသြင္းႏိုင္ခဲ့တဲ့
ရက္ရွ္ဖို႔ဒ္ဟာ ၃ လအတြင္း မန္ယူအတြက္ ၁၁ ပြဲဆက္တိုက္
ဂိုးေပါက္ေပ်ာက္မႈကို အဆုံးသတ္လိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေနာက္ဆုံးပြဲေတြမွာ ကစားပုံ စိတ္မပါလက္မပါျဖစ္ေနသလို
ႀကိဳးစားအားထုတ္မႈကင္းမဲ့တယ္လို႔လည္း ေဝဖန္ခံခဲ့ရတဲ့
ရက္ရွ္ဖို႔ဒ္ဟာ ဘရန္႔ဖို႔ဒ္ပြဲမွာေတာ့ အလယ္ေက်ာက ဘ႐ူႏိုခ်ေပးတာကို
ပိတ္သြင္းၿပီး မန္ယူအတြက္ ၀-၃ ျဖစ္ေစတဲ့ ဦးေဆာင္ဂိုးသြင္းယူေပးႏိုင္ခဲ့တာပါ။
တိုက္ဆိုင္မႈတစ္ခုကေတာ့ ရက္ရွ္ဖို႔ဒ္ဟာ ဒီဇင္ဘာလမကုန္ခင္ေလးကမွ
သူ႔ရဲ႕ေက်ာင္းေနဘက္ငယ္ခ်စ္ လူစီယာလိြဳက္စ္နဲ႔ ခ်စ္ႀကိဳးျပန္သြယ္ခဲ့သလို
အခ်စ္ေဟာင္းနဲ႔ ျပန္လည္လက္တြဲခဲ့ၿပီးမွ မန္ယူအတြက္ ဂိုးျပန္သြင္းႏိုင္ခဲ့တာပါ။
ရက္ရွ္ဖို႔ဒ္ဟာ လူစီယာနဲ႔ ေက်ာင္းေနစၪၠတည္းက
ခ်စ္ႀကိဳးသြယ္ခဲ့ၾကသူေတြျဖစ္ေပမယ့္ ၿဗိတိန္မွာ ကိုဗစ္ေၾကာင့္
စည္းမ်ၪ္းေတြမ်ိဳးစုံစထုတ္ခဲ့တဲ့အခ်ိန္ကစလို႔
ရက္ရွ္ဖို႔ဒ္နဲ႔ လူစီယာတို႔အၾကားမွာလည္း ေသြးေအးသြားခဲ့သလို
လြန္ခဲ့တဲ့ ၈ လေက်ာ္ကစၿပီး သူတို႔ရဲ႕ ၈ ႏွစ္ၾကာအခ်စ္ေရးေအးစက္သြားခဲ့တာပါ။
ရက္ရွ္ဖို႔ရဲ့ ၿပီးခဲ့တဲ့ေနာက္ဆုံးပြဲေတြမွာ ေျခစြမ္းမျပႏိုင္မႈ၊
စိတ္မပါတဲ့ကစားပုံေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း
မန္ယူအသင္းေခါင္းေဆာင္ေဟာင္း ႐ြ ိုင္ကိန္း၊
အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း အလန္ရွီးယားတို႔အပါအဝင္
ေဘာလုံးသုံးသပ္ေဝဖန္သူေတြနဲ႔ မီဒီယာေတြက ေထာက္ျပေဝဖန္မႈေတြ ရွိခဲ့ပါတယ္။
ဒီလို အားမရစရာေျခစြမ္းနဲ႔ ကစားပုံေၾကာင့္လည္း
ဗီလာနဲ႔ ၂-၂ သေရက်တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ရက္ရွ္ဖို႔ဒ္ပါဝင္ခြင့္မရခဲ့ပါဘူး။
ဘရန္႔ဖို႔ဒ္ပြဲမွာလည္း လူစားဝင္အျဖစ္သာ ကစားခဲ့ရေပမယ့္
ဂိုးသြင္းလိုက္ႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ လူမႈကြန္ရက္အသုံးျပဳသူတစ္ခ်ိဳ႕က
FA မဟုတ္ေတာ့မွပဲ ရက္ရွ္ဖို႔ဒ္လည္း ဂိုးျပန္သြင္းလာႏိုင္ၿပီလို႔
မွတ္ခ်က္ေတြေပးေနၾကပါတယ္