
FA တွေက RS တွေ အကြောင်းကိုမသိသလို၊ ဆိုးလ်ရှားကလည်း
ဘန်ဒီဘိခ်ကို ဘယ်နေရာမှာ သုံးရမလဲဆိုတာ အခုအထိ
နားမလည်နိုင်သေးပါဘူး။ ဈေးတန်တန်နဲ့ ရလို့သာ နာမည်ရှိ
ကစားသမားတစ်ယောက်ကို ပြယုဂ်အတွက် ခေါ်ယူလိုက်ဟန်တူပါတယ်။
နည်းပြဆိုးလ်ရှားအနေနဲ့ ဘန်ဒီဘိခ် အား ခေါ်ယူပေးခဲ့တဲ့
ဘုတ်အဖွဲ့၏လုပ်ရပ်ကို အသိအမှတ်ပြုထောက်ခံခဲ့သော်လည်း
တကယ့်လက်တွေ့တွင်မူ ဘန်ဒီဘိခ်အားခေါ်ယူပေးရန်
ဆိုးလ်ရှားမှဘုတ်အဖွဲ့ထံဖိအားပေးတောင်းဆိုခဲ့တယ်ဆိုတဲ့
စကားများမှာ အတုအယောင်များသာ ဖြစ်နိုင်ပါတယ်။
ဘန်ဒီဘိခ်ကို အပြောင်းအရွှေ့ဈေးကွက်တွင် “သာမန်ထက်လျော့နည်းသော
လျှော့ဈေးဖြင့်ရနိုင်မည်” ဟူတဲ့အချက်က ယူနိုက်တက်ဘုတ်အဖွဲ့ကို
ဆွဲဆောင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ ပေါင်သန်း(၄၀)မှာ ယူနိုက်တက်လို
အသင်းတစ်သင်းအဖို့ လျှော့ဈေးဟုပင်ဆိုရမှာ ဖြစ်ပါတယ်။
တစ်ဖက်တွင် မြို့ခံပြိုင်ဘက်မန်စီးတီးမှာ အဆိုပါ
သန်း(၄၀)တန်ဈေးနှုန်းဖြင့် Nathan Ake ကို အသင့်သုံးအရန်ခံစစ်မှူးအဖြစ်
ခေါ်ယူခဲ့ပါတယ်။အဲဒီ အနေအထားကို ကြည့်မယ်ဆိုရင် ပေါင်သန်း(၄၀)ဆိုတဲ့
တန်ကြေးကို ဘုတ်အဖွဲ့က လျှော့ဈေးလို့ သတ်မှတ်တာ ဖြစ်နိုင်ပါတယ်။
ပေါ့ဘာဟာ ပြစ်ဒဏ်ကြောင့် ရော အခု ဒဏ်ရာပြဿနာကြောင့်ပါ
မပါဝင်နိုင်သေးတဲ့အပြင် ၊ ဖရက်ဒ်ဟာလည်း ဝက်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာ
ပါဝင်နိုင်ဖို့မသေချာတဲ့အခြေအနေတစ်ခုမှာတော့
စနေနေ့မှာယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်ဟာ ဘန်ဒီဘိခ်အတွက်
အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဘန်ဒီဘိခ် ကတော့ အခုလာမယ့်ပွဲစဉ်များအတွင်း ယူနိုက်တက်
လူစာရင်းမှာ ပါဝင်ခွင့်မရဘဲ ပွဲထွက်ခွင့် ဆက်လက် ဆုံးရှုံးနေပါက
ဇန်နဝါရီအပြောင်းအရွေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာသွားဖို့ ရာခိုင်နှုန်းများနေပါတယ်။
zawgyi
FA ေတြက RS ေတြ အေၾကာင္းကိုမသိသလို၊ ဆိုးလ္ရွားကလည္း ခုထိဘန္ဒီဘိခ္အေၾကာင္းကို မသိေသး
FA ေတြက RS ေတြ အေၾကာင္းကိုမသိသလို၊ ဆိုးလ္ရွားကလည္း
ဘန္ဒီဘိခ္ကို ဘယ္ေနရာမွာ သုံးရမလဲဆိုတာ အခုအထိ
နားမလည္ႏိုင္ေသးပါဘူး။ ေဈးတန္တန္နဲ႔ ရလို႔သာ နာမည္ရွိ
ကစားသမားတစ္ေယာက္ကို ျပယုဂ္အတြက္ ေခၚယူလိုက္ဟန္တူပါတယ္။
နည္းျပဆိုးလ္ရွားအေနနဲ႔ ဘန္ဒီဘိခ္ အား ေခၚယူေပးခဲ့တဲ့
ဘုတ္အဖြဲ႕၏လုပ္ရပ္ကို အသိအမွတ္ျပဳေထာက္ခံခဲ့ေသာ္လည္း
တကယ့္လက္ေတြ႕တြင္မူ ဘန္ဒီဘိခ္အားေခၚယူေပးရန္
ဆိုးလ္ရွားမွဘုတ္အဖြဲ႕ထံဖိအားေပးေတာင္းဆိုခဲ့တယ္ဆိုတဲ့
စကားမ်ားမွာ အတုအေယာင္မ်ားသာ ျဖစ္ႏိုင္ပါတယ္။
ဘန္ဒီဘိခ္ကို အေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ “သာမန္ထက္ေလ်ာ့နည္းေသာ
ေလွ်ာ့ေဈးျဖင့္ရႏိုင္မည္” ဟူတဲ့အခ်က္က ယူႏိုက္တက္ဘုတ္အဖြဲ႕ကို
ဆြဲေဆာင္ခဲ့ျခင္းပင္ျဖစ္ပါတယ္။ ေပါင္သန္း(၄၀)မွာ ယူႏိုက္တက္လို
အသင္းတစ္သင္းအဖို႔ ေလွ်ာ့ေဈးဟုပင္ဆိုရမွာ ျဖစ္ပါတယ္။
တစ္ဖက္တြင္ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးမွာ အဆိုပါ
သန္း(၄၀)တန္ေဈးႏႈန္းျဖင့္ Nathan Ake ကို အသင့္သုံးအရန္ခံစစ္မႉးအျဖစ္
ေခၚယူခဲ့ပါတယ္။အဲဒီ အေနအထားကို ၾကည့္မယ္ဆိုရင္ ေပါင္သန္း(၄၀)ဆိုတဲ့
တန္ေၾကးကို ဘုတ္အဖြဲ႕က ေလွ်ာ့ေဈးလို႔ သတ္မွတ္တာ ျဖစ္ႏိုင္ပါတယ္။
ေပါ့ဘာဟာ ျပစ္ဒဏ္ေၾကာင့္ ေရာ အခု ဒဏ္ရာျပႆနာေၾကာင့္ပါ
မပါဝင္ႏိုင္ေသးတဲ့အျပင္ ၊ ဖရက္ဒ္ဟာလည္း ဝက္ဖိုဒ့္အသင္းနဲ႔ပြဲစဥ္မွာ
ပါဝင္ႏိုင္ဖို႔မေသခ်ာတဲ့အေျခအေနတစ္ခုမွာေတာ့
စေနေန႔မွာယွဥ္ၿပိဳင္ကစားရမယ့္ ပြဲစဥ္ဟာ ဘန္ဒီဘိခ္အတြက္
အခြင့္အေရးတစ္ခု ျဖစ္လာႏိုင္ပါတယ္။
ဘန္ဒီဘိခ္ ကေတာ့ အခုလာမယ့္ပြဲစဥ္မ်ားအတြင္း ယူႏိုက္တက္
လူစာရင္းမွာ ပါဝင္ခြင့္မရဘဲ ပြဲထြက္ခြင့္ ဆက္လက္ ဆုံးရႈံးေနပါက
ဇန္နဝါရီအေျပာင္းအေ႐ြ႕မွာ ယူႏိုက္တက္ကေန ထြက္ခြာသြားဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။