F–16 ဖိုက်တာဂျက်လေယာဉ်တွေခြံရံပြီး ကာတာအရောက်ခရီးနှင်ခဲ့တဲ့ လီဝန်ဒေါစကီးရဲ့ ပိုလန်အသင်း

လီဝန်ဒေါစကီးရဲ့ ပိုလန်အသင်းကတော့ ကာတာကို ဖိုက်တာဂျက်တွေရဲ့အကူအညီနဲ့ လုံခြုံရေးယူပြီးသွားရောက်ခဲ့ပါတယ်။

ယူကရိန်းနယ်စပ်နဲ့ ၄မိုင်အကွာမှာ ဒုံးကျည်ကျခဲ့ပြီးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ပိုလန်

လယ်လုပ်သား ၂ဦး 6သဆုံးခဲ့ပြီးတဲ့နောက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တွေအတွက် ပိုလန်စစ်တပ်ကလုံခြုံရေးတင်းကြပ်ပေးခဲ့တာဖြစ်တယ်။

ပိုလန်စစ်တပ်ဟာ သူတို့ရဲ့ကစားသမားတွေပြဿနာတစ်စုံတစ်ရာမရှိဖို့အတွက် ကစားသမားတွေပါတဲ့လောယဉ်ကို ဖိုက်တာဂျက် ၂စင်းနဲ့အကာအကွယ်ပေးပြီး

ကာတာအရောက်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်။ ပိုလန်ပြည်သား ၂ယောက် အသက်ဆုံးပါးခဲ့ပြီးနောက် အရေးပေါ်နေတိုးအစည်းအဝေးကျင်းပခဲ့ရသလို ပိုလန်သမ္မတဒူဒါကတော့

မတော်တဆဖြစ်ရပ်လို့ယုံကြည်နေပါတယ်။ နေတိုးအဖွဲ့အတွင်းရေးမှူးကလည်း ရည်ရွယ်ချက်မရှိဘဲ မတော်တဆကျရောက်ပြီးကံဆိုးခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ပိုလန်စစ်တပ်ကတော့ နယ်စပ်ကနေ အရှေ့အလယ်ပိုင်းအထိ လုံခြုံရေးတွေတင်းကျပ်စွာချမှတ်ထားပါတယ်။

ပိုလန်အသင်းကတော့ တိုက်လေယာဉ်တွေရဲ့အကူအညီနဲ့ ကာတာအထိအဆင်ပြေပြေ ရောက်ရှိလာခဲ့တာဖြစ်တယ်။

“ပိုလန်တောင်ပိုင်းနယ်စပ်ကို တိုက်လေယာဉ်တွေရဲ့အကူအညီနဲ့ လာရောက်နိုင်ခဲ့တယ်။ လေယာဉ်မှူးတွေကို ကျေးဇူးတင်သလို

အပြန်ခရီးအတွက်နှုတ်ဆက်ခဲ့ပါတယ်” လို့ ပိုလန်အသင်းက အသိပေးရေးသားခဲ့ပါတယ်။ ပိုလန်အသင်ဟာ ဆော်ဒီ၊ အာဂျင်တီးနား၊

မက္ကဆီကိုတို့နဲ့ အုပ်စုအဆင့်မှာ အပြိုင်ကြဲရဖို့ရှိနေပါတယ်။

(Zawgyi)

ဖိုက္တာဂ်က္ေလယာဥ္ေတြၿခံရံၿပီး ကာတာအေရာက္ခရီးႏွင္ခဲ့တဲ့ လီဝန္ေဒါစကီးရဲ႕ ပိုလန္အသင္း

လီဝန္ေဒါစကီးရဲ႕ ပိုလန္အသင္းကေတာ့ ကာတာကို ဖိုက္တာဂ်က္ေတြရဲ႕အကူအညီနဲ႔လုံၿခဳံေရးယူၿပီးသြားေရာက္ခဲ့ပါတယ္။ ယူကရိန္းနယ္စပ္နဲ႔ ၄မိုင္အကြာမွာ

ဒုံးက်ည္က်ခဲ့ၿပီးေပါက္ကြဲမႈျဖစ္ပြားခဲ့တာေၾကာင့္ ပိုလန္ လယ္လုပ္သား ၂ဦး ေသဆုံးခဲ့ၿပီးတဲ့ေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေတြအတြက္ ပိုလန္စစ္တပ္ကလုံၿခဳံေရးတင္းၾကပ္ေပးခဲ့တာျဖစ္တယ္။

ပိုလန္စစ္တပ္ဟာ သူတို႔ရဲ႕ကစားသမားေတြျပႆနာတစ္စုံတစ္ရာမရွိဖို႔အတြက္ ကစားသမားေတြပါတဲ့ေလာယဥ္ကို ဖိုက္တာဂ်က္ ၂စင္းနဲ႔အကာအကြယ္ေပးၿပီး ကာတာအေရာက္ပို႔ေဆာင္ေပးခဲ့တာျဖစ္တယ္။

ပိုလန္ျပည္သား ၂ေယာက္ အသက္ဆုံးပါးခဲ့ၿပီးေနာက္ အေရးေပၚေနတိုးအစည္းအေဝးက်င္းပခဲ့ရသလို ပိုလန္သမၼတဒူဒါကေတာ့ မေတာ္တဆျဖစ္ရပ္လို႔ယုံၾကည္ေနပါတယ္။

ေနတိုးအဖြဲ႕အတြင္းေရးမႉးကလည္း ရည္႐ြယ္ခ်က္မရွိဘဲ မေတာ္တဆက်ေရာက္ၿပီးကံဆိုးခဲ့တာျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။ ဒါေပမဲ့ ပိုလန္စစ္တပ္ကေတာ့

နယ္စပ္ကေန အေရွ႕အလယ္ပိုင္းအထိလုံၿခဳံေရးေတြတင္းၾကပ္စြာခ်မွတ္ထားပါတယ္။ ပိုလန္အသင္းကေတာ့ တိုက္ေလယာဥ္ေတြရဲ႕အကူအညီနဲ႔

ကာတာအထိအဆင္ေျပေျပေရာက္ရွိလာခဲ့တာျဖစ္တယ္။ “ပိုလန္ေတာင္ပိုင္းနယ္စပ္ကို တိုက္ေလယာဥ္ေတြရဲ႕အကူအညီနဲ႔ လာေရာက္ႏိုင္ခဲ့တယ္။

ေလယာဥ္မႉးေတြကိုေက်းဇူးတင္သလို အျပန္ခရီးအတြက္ႏႈတ္ဆက္ခဲ့ပါတယ္” လို႔ ပိုလန္အသင္းက အသိေပးေရးသားခဲ့ပါတယ္။ ပိုလန္အသင္ဟာ ေဆာ္ဒီ၊ အာဂ်င္တီးနား၊ မကၠဆီကိုတို႔နဲ႔ အုပ္စုအဆင့္မွာ အၿပိဳင္ႀကဲရဖို႔ရွိေနပါတယ္။