အဲရစ်လာမီလာရဲ့  Rabona ကန်ချက်ဂိုးဟာ ၂၀၂၁ အတွက် Fifa Puskas Award ရရှိခဲ့

စပါးအသင်းကွင်းလယ်လူ အဲရစ်လာမီလာ ရဲ့အာဆင်နယ်ဘက်ကို

ကန်သွင်းခဲ့တဲ့ Rabona ကန်ချက်ဂိုးဟာ ၂၀၂၁ အတွက်

ဖီဖာရဲ့အကောင်းဆုံးဂိုးဆု(Fifa Puskas Award) ကို

ရရှိခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ လာမီလာ ဟာ

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က အမ်းမရိတ်စ်ကွင်းမှာ

အာဆင်နယ်ကို ၂-၁ နဲ့ရှုံးခဲ့တဲ့ပွဲမှာ ဒီကန်ချက်နဲ့ဂိုးရယူခဲ့တာဖြစ်ပါတယ်။

Rabona ကန်ချက်ဆိုတာ ဘောလုံးအားကစားမှာ

ကန်ချက်နည်းစနစ်တစ်ခုဖြစ်ပြီး ရပ်ထားတဲ့ခြေထောက်ရဲ့အနောက်ကနေ

နောက်တစ်ဖက်နဲ့ ခွကျော်ြပီးကန်တဲ့ပုံစံဖြစ်ပါတယ်။

လာမီလာ ဟာပြီးခဲ့တဲ့နွေရာသီကစပါးကနေ ဆီဗီလာအသင်းဆီ

ပြောင်းသွားတဲ့သူဖြစ်ပြီး အကောင်ဆုံးဂိုးဆုအတွက်

ပက်ထရစ်ရှစ်ခ်၊ တာရီမီ တို့ရဲ့ဂိုးတွေနဲ့ပြိုင်ဆိုင်ခဲ့ရတာပါ။

စပါးအသင်းက ကစားသမားတစ်ဦးအခုလို Fifa Puskas Award ရရှိခဲ့တာဟာ

၂ နှစ်ဆက်တိုက်ဖြစ်ပြီး ၂၀၂၀ အတွက်ဆုကိုဆွန်ဟောင်မင်ကရရှိခဲ့သေးတာပါ။

လာမီလာ ဟာဖီဖာရဲ့ဆုရခဲ့ရုံတင်မကဘဲ

ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဂိုးဆုကို

ဒီဂိုးနဲ့ဘဲရရှိခဲ့သေးတာပါ။

သူ့ရဲ့ဂိုးက အကောင်းဆုံးဂိုးဆုရရှိခဲ့ပြီးနောက်မှာ

ရုပ်သံကနေတစ်ဆင့် လာမီလာက” ကျေးဇူးအများကြီးတင်ပါတယ်။

ဒီဆုရခဲ့လို့ ကျွန်တော်အရမ်းကိုပျော်ရပါတယ်။

ဒီဂိုးကန်တဲ့အခိုက်အတန့်မှာ ကျွန်တော်ဟာအများကြီး

စဥ်းစားခဲ့တာလည်း မဟုတ်ဘဲ ဒီလိုထူးခြားလိမ့်မယ်လို့လည်း မထင်ခဲ့ပါဘူး။

ကျွန်တော်ကပုံမှန်အတိုင်းသာကန်သွင်းလိုက်တာဖြစ်ပါတယ်” လို့ပြောသွားပါတယ်။

ဒီဂိုးအတွက်စတင်ပေးပို့ခဲ့သူက ရီဂူလွန်ဖြစ်ပြီး

အာဆင်နယ်ဂိုးဧရိယာထိပ်မှာရပ်နေရင်း ဘောလုံးရရှိခဲ့ရာကနေ

ပင်နယ်တီကန်တဲ့အမှတ်နားမှာရှိနေတဲ့ မိုရာဆီ ကိုပေးခဲ့ပါတယ်။

မိုရာက ချက်ခြင်းဆိုသလို လာမီလာဆီပေးခဲ့ရာကနေ

ဒီအာဂျင်တီးနားသားကလည်း အချိန်မဆိုင်းဘဲ ဘယ်ခြေကိုခွကျော်ကာ

ညာခြေချင်းဝတ်နဲ့ ကန်သွင်းလိုက်တာဖြစ်ပါတယ်။

သူ့ကန်ချက်ကဟာ အာဆင်နယ်ကွင်းလယ်လူ ပါတေးရဲ့

ခြေထောက်ကြားထဲကနေဖြတ်သွားပြီး ဂိုးဝင်ခဲ့တာပါ။

ဒီဂိုးသွင်းခဲ့ပေမယ့် လာမီလာ ဟာနှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံလိုက်ရပြီး

စပါးလည်းရှုံးနိမ့်ခဲ့ပါတယ်။

လာမီလာကအခုလို Rabona ကန်ချက်နဲ့ဂိုးသွင်းတာ

ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကသူဒီပုံစံနဲ့သွင်းခဲ့တာ

၂ ကြိမ်ရှိခဲ့သေးတယ်လို့ သိရပါတယ်။

၂၀၁၄ ကယူရိုပါလိဂ်မှာ ဂရိကလပ် ထရီပိုလစ်နဲ့

သူ့ကစားသမားဘဝအစောပိုင်းက ရေးဗားပလိတ်မှာရှိနေတုန်းကလည်း

သွင်းယူခဲ့ဘူးတယ်လို့ သိရပါတယ်။

zawgyi

အဲရစ္လာမီလာရဲ႕  Rabona ကန္ခ်က္ဂိုးဟာ ၂၀၂၁ အတြက္ Fifa Puskas Award ရရွိခဲ့

စပါးအသင္းကြင္းလယ္လူ အဲရစ္လာမီလာ ရဲ႕အာဆင္နယ္ဘက္ကို

ကန္သြင္းခဲ့တဲ့ Rabona ကန္ခ်က္ဂိုးဟာ ၂၀၂၁ အတြက္

ဖီဖာရဲ႕အေကာင္းဆုံးဂိုးဆု(Fifa Puskas Award) ကို

ရရွိခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ လာမီလာ ဟာ

ၿပီးခဲ့တဲ့ မတ္လ ၁၄ ရက္က အမ္းမရိတ္စ္ကြင္းမွာ

အာဆင္နယ္ကို ၂-၁ နဲ႔ရႈံးခဲ့တဲ့ပြဲမွာ ဒီကန္ခ်က္နဲ႔ဂိုးရယူခဲ့တာျဖစ္ပါတယ္။

Rabona ကန္ခ်က္ဆိုတာ ေဘာလုံးအားကစားမွာ

ကန္ခ်က္နည္းစနစ္တစ္ခုျဖစ္ၿပီး ရပ္ထားတဲ့ေျခေထာက္ရဲ႕အေနာက္ကေန

ေနာက္တစ္ဖက္နဲ႔ ခြေက်ာ္ၿပီးကန္တဲ့ပုံစံျဖစ္ပါတယ္။

လာမီလာ ဟာၿပီးခဲ့တဲ့ေႏြရာသီကစပါးကေန ဆီဗီလာအသင္းဆီ

ေျပာင္းသြားတဲ့သူျဖစ္ၿပီး အေကာင္ဆုံးဂိုးဆုအတြက္

ပက္ထရစ္ရွစ္ခ္၊ တာရီမီ တို႔ရဲ႕ဂိုးေတြနဲ႔ၿပိဳင္ဆိုင္ခဲ့ရတာပါ။

စပါးအသင္းက ကစားသမားတစ္ဦးအခုလို Fifa Puskas Award ရရွိခဲ့တာဟာ

၂ ႏွစ္ဆက္တိုက္ျဖစ္ၿပီး ၂၀၂၀ အတြက္ဆုကိုဆြန္ေဟာင္မင္ကရရွိခဲ့ေသးတာပါ။

လာမီလာ ဟာဖီဖာရဲ႕ဆုရခဲ့႐ုံတင္မကဘဲ

ၿပီးခဲ့တဲ့ရာသီပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးဂိုးဆုကို

ဒီဂိုးနဲ႔ဘဲရရွိခဲ့ေသးတာပါ။

သူ႔ရဲ႕ဂိုးက အေကာင္းဆုံးဂိုးဆုရရွိခဲ့ၿပီးေနာက္မွာ

႐ုပ္သံကေနတစ္ဆင့္ လာမီလာက” ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ဒီဆုရခဲ့လို႔ ကြၽန္ေတာ္အရမ္းကိုေပ်ာ္ရပါတယ္။

ဒီဂိုးကန္တဲ့အခိုက္အတန႔္မွာ ကြၽန္ေတာ္ဟာအမ်ားႀကီး

စဥ္းစားခဲ့တာလည္း မဟုတ္ဘဲ ဒီလိုထူးျခားလိမ့္မယ္လို႔လည္း မထင္ခဲ့ပါဘူး။

ကြၽန္ေတာ္ကပုံမွန္အတိုင္းသာကန္သြင္းလိုက္တာျဖစ္ပါတယ္” လို႔ေျပာသြားပါတယ္။

ဒီဂိုးအတြက္စတင္ေပးပို႔ခဲ့သူက ရီဂူလြန္ျဖစ္ၿပီး

အာဆင္နယ္ဂိုးဧရိယာထိပ္မွာရပ္ေနရင္း ေဘာလုံးရရွိခဲ့ရာကေန

ပင္နယ္တီကန္တဲ့အမွတ္နားမွာရွိေနတဲ့ မိုရာဆီ ကိုေပးခဲ့ပါတယ္။

မိုရာက ခ်က္ျခင္းဆိုသလို လာမီလာဆီေပးခဲ့ရာကေန

ဒီအာဂ်င္တီးနားသားကလည္း အခ်ိန္မဆိုင္းဘဲ ဘယ္ေျခကိုခြေက်ာ္ကာ

ညာေျခခ်င္းဝတ္နဲ႔ ကန္သြင္းလိုက္တာျဖစ္ပါတယ္။

သူ႔ကန္ခ်က္ကဟာ အာဆင္နယ္ကြင္းလယ္လူ ပါေတးရဲ႕

ေျခေထာက္ၾကားထဲကေနျဖတ္သြားၿပီး ဂိုးဝင္ခဲ့တာပါ။

ဒီဂိုးသြင္းခဲ့ေပမယ့္ လာမီလာ ဟာႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံလိုက္ရၿပီး

စပါးလည္းရႈံးနိမ့္ခဲ့ပါတယ္။

လာမီလာကအခုလို Rabona ကန္ခ်က္နဲ႔ဂိုးသြင္းတာ

ပထမဆုံးအႀကိမ္မဟုတ္ဘဲ အရင္ကသူဒီပုံစံနဲ႔သြင္းခဲ့တာ

၂ ႀကိမ္ရွိခဲ့ေသးတယ္လို႔ သိရပါတယ္။

၂၀၁၄ ကယူ႐ိုပါလိဂ္မွာ ဂရိကလပ္ ထရီပိုလစ္နဲ႔

သူ႔ကစားသမားဘဝအေစာပိုင္းက ေရးဗားပလိတ္မွာရွိေနတုန္းကလည္း

သြင္းယူခဲ့ဘူးတယ္လို႔ သိရပါတယ္။