
ယူနိုက်တက်အသင်းဟာ နယူးကာဆယ်နဲ့ ကာရာဘောင်းဖလား





ဗိုလ်လုပွဲကစားနေချိန်မှာတော့ ရော်နယ်ဒိုဟာ လန်ဒန်နဲ့ မိုင်ပေါင်း
၃၀၀၀ နီးပါးဝန်းကျင်မှာရှိနေသလို ဒီရာသီ ကာရာဘောင်းဖလားပွဲစဉ်





ဝင်ရောက်ကစားခဲ့ခြင်းမရှိခဲ့ပေမယ့် ချန်ပီယံဆုတံဆိပ်ကိုတော့ လက်ခံခွင့်ရှိနေပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဟာ ဝင်ဘလေကွင်းထဲမှာ
ငှက်ကျားတွေကိုအနိုင်ယူပြီး ၆ နှစ်နီးပါး ဆဖလားမိုးခေါင်းမှုကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။





ဒီလိုအချိန်မှာတော့ ရော်နယ်ဒိုဟာ အရှေ့အလယ်ပိုင်း Diriyah အရီနာမှာထိုးသတ်မယ့်
Youtuber ဂျိတ်ပေါလ်နဲ့ WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖြူရီရဲ့ညီဖြစ်သူ





တွမ်မီဖြူရီတို့ပွဲကိုကြည့်ဖို့စိတ်ဝင်စားနေခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်အသင်း
ကာရာဘောင်းဖလားဆွတ်ခူးသွားချိန်မှာတော့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ
အသင်းကနေထွက်ခွာခဲ့တဲ့ ရော်နယ်ဒိုနဲ့ပက်သတ်လို့ သဘောထားကွဲလွဲမှုတွေ





ကြုံရနိုင်တဲ့နေ့ဖြစ်ခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ရော်နယ်ဒိုဟာ
အိုးလ်ထရက်ဖို့ဒ်ကို အမုန်းတရားတွေနဲ့ကျောခိုင်းခဲ့တာဖြစ်ပေမယ့်





အသင်းဟောင်းရဲ့အောင်မြင်မှုမှာ ဂုဏ်ပြုဆုတံဆိပ်ရဖို့အခြေအနေရှိပါသေးတယ်။
ကာရာဘောင်းဖလားဗိုလ်လုပွဲမတိုင်ခင်တစ်ရက်မှာ ရော်နယ်ဒိုက
အယ်လ်နက်ဆာကစားသမားဘ၀ ဒုတိယမြောက်ဟက်ထရစ်ဂိုးရယူနိုင်ခဲ့ပေမယ့်





သူ့အတွက်တော့ သရဲနီတွေနဲ့အတူ ဝင်ဘလေကွင်းမှာရှိနေတာက
ပိုပြီးကျေနပ်စရာဖြစ်ပါလိမ့်မယ်။ EFL ရဲ့ စည်းမျဉ်း ၂၀.၂ အရကြည့်ရင်တော့





“စီမံခန့်ခွဲရေးအဖွဲ့ဟာ ဖိုင်နယ်မှာအနိုင်ရတဲ့အသင်းကို အမှတ်တရဆုတံဆိပ် ၃၀
ပေးအပ်ချီးမြှင့်မှာဖြစ်သလို အရေးနိမ့်တဲ့ ကလပ်အတွက်လည်း ဆုတံဆိပ် ၃၀ ချီးမြှင့်ပါမယ်။
အပိုဆုတံဆိပ်တွေအတွက်တော့ စီမံခန့်ခွဲရေးအဖွဲ့ရဲ့သဘောတူညီချက်နဲ့





တင်ပြနိုင်ပေမယ့် တောင်းခံတဲ့ကလပ်က ကုန်ကျစရိတ်ကိုကျခံရမှာပါ” လို့
သတ်မှတ်ထားတာဖြစ်တယ်။ ဆိုလိုတာကတော့ ကာရာဘောင်းချန်ပီယံဆုတံဆိပ်ကို





ရော်နယ်ဒိုရရှိခြင်း၊ မရရှိခြင်းက ယူနိုက်တက်အသင်းနဲ့တိုက်ရိုက်ပက်သတ်မှုရှိနေတာပါ။
zawgyi
EFL ရဲ႕ စည္းမ်ဥ္း ၂၀.၂ အရ ကာရာေဘာင္းခ်န္ပီယံဆုတံဆိပ္ကို ေရာ္နယ္ဒိုရျခင္း၊ မရျခင္းက ယူႏိုက္တက္နဲ႔ တိုက္႐ိုက္ပက္သတ္ေန





ယူႏိုက္တက္အသင္းဟာ နယူးကာဆယ္နဲ႔ ကာရာေဘာင္းဖလား
ဗိုလ္လုပြဲကစားေနခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ လန္ဒန္နဲ႔ မိုင္ေပါင္း





၃၀၀၀ နီးပါးဝန္းက်င္မွာရွိေနသလို ဒီရာသီ ကာရာေဘာင္းဖလားပြဲစဥ္
ဝင္ေရာက္ကစားခဲ့ျခင္းမရွိခဲ့ေပမယ့္ ခ်န္ပီယံဆုတံဆိပ္ကိုေတာ့ လက္ခံခြင့္ရွိေနပါတယ္။
ေပၚတူဂီတိုက္စစ္မႉးရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြဟာ ဝင္ဘေလကြင္းထဲမွာ





ငွက္က်ားေတြကိုအႏိုင္ယူၿပီး ၆ ႏွစ္နီးပါး ဆဖလားမိုးေခါင္းမႈကိုအဆုံးသတ္ႏိုင္ခဲ့တာျဖစ္တယ္။
ဒီလိုအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုဟာ အေရွ႕အလယ္ပိုင္း Diriyah အရီနာမွာထိုးသတ္မယ့္





Youtuber ဂ်ိတ္ေပါလ္နဲ႔ WBC ဟဲဗီးဝိတ္ခ်န္ပီယံ တိုင္ဆန္ျဖဴရီရဲ႕ညီျဖစ္သူ
တြမ္မီျဖဴရီတို႔ပြဲကိုၾကည့္ဖို႔စိတ္ဝင္စားေနခဲ့တာပါ။ ဒါေပမယ့္ ယူႏိုက္တက္အသင္း
ကာရာေဘာင္းဖလားဆြတ္ခူးသြားခ်ိန္မွာေတာ့ ၿပီးခဲ့တဲ့ႏိုဝင္ဘာလမွာ





အသင္းကေနထြက္ခြာခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔ပက္သတ္လို႔ သေဘာထားကြဲလြဲမႈေတြ
ႀကဳံရႏိုင္တဲ့ေန႔ျဖစ္ခဲ့ပါတယ္။ တနည္းအားျဖင့္ေတာ့ ေရာ္နယ္ဒိုဟာ





အိုးလ္ထရက္ဖို႔ဒ္ကို အမုန္းတရားေတြနဲ႔ေက်ာခိုင္းခဲ့တာျဖစ္ေပမယ့္
အသင္းေဟာင္းရဲ႕ေအာင္ျမင္မႈမွာ ဂုဏ္ျပဳဆုတံဆိပ္ရဖို႔အေျခအေနရွိပါေသးတယ္။
ကာရာေဘာင္းဖလားဗိုလ္လုပြဲမတိုင္ခင္တစ္ရက္မွာ ေရာ္နယ္ဒိုက





အယ္လ္နက္ဆာကစားသမားဘ၀ ဒုတိယေျမာက္ဟက္ထရစ္ဂိုးရယူႏိုင္ခဲ့ေပမယ့္
သူ႔အတြက္ေတာ့ သရဲနီေတြနဲ႔အတူ ဝင္ဘေလကြင္းမွာရွိေနတာက





ပိုၿပီးေက်နပ္စရာျဖစ္ပါလိမ့္မယ္။ EFL ရဲ႕ စည္းမ်ဥ္း ၂၀.၂ အရၾကည့္ရင္ေတာ့
“စီမံခန႔္ခြဲေရးအဖြဲ႕ဟာ ဖိုင္နယ္မွာအႏိုင္ရတဲ့အသင္းကို အမွတ္တရဆုတံဆိပ္ ၃၀
ေပးအပ္ခ်ီးျမႇင့္မွာျဖစ္သလို အေရးနိမ့္တဲ့ ကလပ္အတြက္လည္း ဆုတံဆိပ္ ၃၀ ခ်ီးျမႇင့္ပါမယ္။





အပိုဆုတံဆိပ္ေတြအတြက္ေတာ့ စီမံခန႔္ခြဲေရးအဖြဲ႕ရဲ႕သေဘာတူညီခ်က္နဲ႔
တင္ျပႏိုင္ေပမယ့္ ေတာင္းခံတဲ့ကလပ္က ကုန္က်စရိတ္ကိုက်ခံရမွာပါ” လို႔





သတ္မွတ္ထားတာျဖစ္တယ္။ ဆိုလိုတာကေတာ့ ကာရာေဘာင္းခ်န္ပီယံဆုတံဆိပ္ကို
ေရာ္နယ္ဒိုရရွိျခင္း၊ မရရွိျခင္းက ယူႏိုက္တက္အသင္းနဲ႔တိုက္႐ိုက္ပက္သတ္မႈရွိေနတာပါ။