
အူဒီးနီးစ်နဲ့ ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပြီး ဂျူဗင်တပ်စ်အသင်းအတွက်
အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေကြောင်း
တာဝန်ရှိသူတွေကို ဒိုင်ဘာလာ မက်ဆေ့ချ် ပေးပို့ခဲ့ပါတယ်။
အဆိုပါပွဲမှာ ထူးခြားစွာပဲ ဒိုင်ဘာလာဟာ ဂိုးသွင်းအပြီး
သူ့ရဲ့ အောင်ပွဲခံဟန်ကို မလုပ်ခဲ့ဘဲ အေးဆေးတည်ငြိမ်စွာ နေကာ
မျက်လုံးကလည်း အသင်းတာဝန်ရှိသူတွေ ရှိနေတဲ့
ပွဲကြည့်စင်ပေါ်သို့ကြည့်နေခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ အကြောင်းကို
ပရိသတ်တွေ ရှေ့မှာပါ အချက်ပြလိုက်တာ ဖြစ်နိုင်ပါတယ်။
အစောပိုင်းမှာ ဂျူဗင်တပ်စ်ဟာ ဒိုင်ဘာလာကို စာချုပ်သစ် ချုပ်ဆိုဖို့
အချက်အလက် ဆိုင်ရာ ကိန်း ဂဏန်းတွေ အားလုံး
သဘောတူညီမှု ရယူထားပြီးပြီ ဖြစ်သည့်တိုင်အောင် ၊
တကယ် ချုပ်ဆိုရမယ့် အချိန်ရောက်တော့ ပေးထားတဲ့ လစာပမာဏ က
များလွန်းနေတယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ နှာစေးနေတာ ဖြစ်ပါတယ်။
ဒါကို ကစားသမား ရဲ့ ဘက်က လုံး၀ မကျေမနပ် ဖြစ်နေတာပါ။
ဒိုင်ဘာလာရဲ့ လက်ရှိ စာချုပ်ဟာ ဒီရာသီ အကုန်မှာ
သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
ကစားသမားကတော့ သူ့ရဲ့အကြည့်တွေအတွက် အခုလို ပြောထားပါတယ်။
“ ကျွန်တော် က သူငယ်ချင်း တစ်ယောက်ကို လာကြည့်ဖို့
ဖိတ်ခေါ်ထားခဲ့တာပါ။ ဒါပေမယ့် သူ့ကို ရှာမတွေ့ ဖြစ်နေခဲ့တယ်လေ။
ပွဲကြည့်စင်ပေါ်မှာ လူတွေ များလွန်းတော့ ရှာမရဘူးပေါ့ဗျာ။”
“ဒီလို ရှင်းပြတဲ့ အပေါ်မှာ ယုံချင်ယုံ ၊ မယုံချင်နေပါ။
ဒါက ခင်ဗျားတို့ ကိစ္စပါ။ကျွန်တော်နဲ့ ပတ်သက်တဲ့
သတင်းတွေ အများကြီး ထွက်နေပါတယ်။
နောက်ကွယ်က အဖြစ်အပျက်တွေကလည်း
တော်တော်ကို များတာပါ။ ထုတ်တော့ မပြောချင်ဘူး။”
“စာချုပ်သစ် ချုပ်ဖို့ အတွက် ကျွန်တော့်မှာ
နောက်ထပ် သက်သေပြစရာ ဘာမှ မကျန်တော့ပါဘူး။
ကလပ် အသင်းက ဖေဖော်ဝါရီ ၊ မတ်လ လောက်မှာ စကားပြောဖို့
ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
ကျွန်တော့်ဘက်ကတော့ အချိန်မရွေးပါပဲ” လို့ ပြောဆိုသွားခဲ့ ပြန်ပါတယ်။
zawgyi
အေရးပါတဲ့ ကစားသမားအျဖစ္ ရွိေနေၾကာင္း တာဝန္ရွိသူေတြကို ဒိုင္ဘာလာ မက္ေဆ့ခ်္ ေပးပို႔
အူဒီးနီးစ္နဲ႔ ပြဲမွာ အသင္းအတြက္ အဖြင့္ဂိုးသြင္းယူၿပီး ဂ်ဴဗင္တပ္စ္အသင္းအတြက္
အေရးပါတဲ့ ကစားသမားအျဖစ္ ရွိေနေၾကာင္း
တာဝန္ရွိသူေတြကို ဒိုင္ဘာလာ မက္ေဆ့ခ်္ ေပးပို႔ခဲ့ပါတယ္။
အဆိုပါပြဲမွာ ထူးျခားစြာပဲ ဒိုင္ဘာလာဟာ ဂိုးသြင္းအၿပီး
သူ႔ရဲ႕ ေအာင္ပြဲခံဟန္ကို မလုပ္ခဲ့ဘဲ ေအးေဆးတည္ၿငိမ္စြာ ေနကာ
မ်က္လုံးကလည္း အသင္းတာဝန္ရွိသူေတြ ရွိေနတဲ့
ပြဲၾကည့္စင္ေပၚသို႔ၾကည့္ေနခဲ့ပါတယ္။
ဒါဟာ သူ႔ရဲ႕ စာခ်ဳပ္သစ္ ကိစၥနဲ႔ ပတ္သက္ၿပီး မေက်နပ္တဲ့ အေၾကာင္းကို
ပရိသတ္ေတြ ေရွ႕မွာပါ အခ်က္ျပလိုက္တာ ျဖစ္ႏိုင္ပါတယ္။
အေစာပိုင္းမွာ ဂ်ဴဗင္တပ္စ္ဟာ ဒိုင္ဘာလာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔
အခ်က္အလက္ ဆိုင္ရာ ကိန္း ဂဏန္းေတြ အားလုံး
သေဘာတူညီမႈ ရယူထားၿပီးၿပီ ျဖစ္သည့္တိုင္ေအာင္ ၊
တကယ္ ခ်ဳပ္ဆိုရမယ့္ အခ်ိန္ေရာက္ေတာ့ ေပးထားတဲ့ လစာပမာဏ က
မ်ားလြန္းေနတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္ နဲ႔ ႏွာေစးေနတာ ျဖစ္ပါတယ္။
ဒါကို ကစားသမား ရဲ႕ ဘက္က လုံး၀ မေက်မနပ္ ျဖစ္ေနတာပါ။
ဒိုင္ဘာလာရဲ႕ လက္ရွိ စာခ်ဳပ္ဟာ ဒီရာသီ အကုန္မွာ
သက္တမ္း ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။
ကစားသမားကေတာ့ သူ႔ရဲ႕အၾကည့္ေတြအတြက္ အခုလို ေျပာထားပါတယ္။
“ ကြၽန္ေတာ္ က သူငယ္ခ်င္း တစ္ေယာက္ကို လာၾကည့္ဖို႔
ဖိတ္ေခၚထားခဲ့တာပါ။ ဒါေပမယ့္ သူ႔ကို ရွာမေတြ႕ ျဖစ္ေနခဲ့တယ္ေလ။
ပြဲၾကည့္စင္ေပၚမွာ လူေတြ မ်ားလြန္းေတာ့ ရွာမရဘူးေပါ့ဗ်ာ။”
“ဒီလို ရွင္းျပတဲ့ အေပၚမွာ ယုံခ်င္ယုံ ၊ မယုံခ်င္ေနပါ။
ဒါက ခင္ဗ်ားတို႔ ကိစၥပါ။ကြၽန္ေတာ္နဲ႔ ပတ္သက္တဲ့
သတင္းေတြ အမ်ားႀကီး ထြက္ေနပါတယ္။
ေနာက္ကြယ္က အျဖစ္အပ်က္ေတြကလည္း
ေတာ္ေတာ္ကို မ်ားတာပါ။ ထုတ္ေတာ့ မေျပာခ်င္ဘူး။”
“စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ အတြက္ ကြၽန္ေတာ့္မွာ
ေနာက္ထပ္ သက္ေသျပစရာ ဘာမွ မက်န္ေတာ့ပါဘူး။
ကလပ္ အသင္းက ေဖေဖာ္ဝါရီ ၊ မတ္လ ေလာက္မွာ စကားေျပာဖို႔
ဆုံးျဖတ္ထားတယ္လို႔ ေျပာပါတယ္။
ကြၽန္ေတာ့္ဘက္ကေတာ့ အခ်ိန္မေ႐ြးပါပဲ” လို႔ ေျပာဆိုသြားခဲ့ ျပန္ပါတယ္။