ဘရာဇီးလက်ရွေးစင်အသင်းမှာ တစ်နှစ်ကျော်အချိန် အတွင်းပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပါဝင်လာတဲ့ ဒန်နီအဲလ်ဗက်စ်

ဘာစီလိုနာအသင်းမှာပြသနေတဲ့ ခြေစွမ်းကြောင့် နောက်ခံလူ ဒန်နီအဲလ်ဗက်စ်ကို

ဘရာဇီးအသင်းနည်းပြ တီတီက လာမယ့် နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက်

ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ညာနောက်ခံလူ အဲလ်ဗက်စ် ဟာ

ဘာစီလိုနာနဲ့ ၅ နှစ်ခွဲကြာကင်းကွာခဲ့ပြီးနောက်

ပြီးခဲ့တဲ့နိုဝင်ဘာလက ရာသီကုန်အထိစာချုပ်နဲ့ ပြန်ရောက် လာခဲ့သူဖြစ်ပါတယ်။

သူဟာလက်ရှိဘာစီလိုနာမှာ ခြေစွမ်းပြနေပြီး

သူ့ရဲ့ဘောလုံးပေးပို့ပုံကောင်းမွန်မှုတွေ၊ အတွေ့အကြုံတွေ ကြောင့်

ပုံမှန်နေရာရနေသူဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲလ်ဗက်စ်ဟာ ဘရာဇီးလက်ရွေးစင်အသင်းမှာ

တစ်နှစ်ကျော်အချိန် အတွင်းပထမဆုံးအကြိမ်အဖြစ်

ပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဆုဖလားအများဆုံးရသူအဖြစ် မှတ်တမ်း ဝင်ထားတဲ့

အဲလ်ဗက်စ်ဟာ ၂၀၂၂ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးအသင်းကိုဦးဆောင်ပြီး

ရွှေတံဆိပ်ရအောင်ဦးဆောင်နိုင်ခဲ့ သူလည်းဖြစ်ပါတယ်။

ဘရာဇီးဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်လို့

လက်ကျန် ၂ ပွဲဖြစ်တဲ့ အီကွေဒေါ၊ ပါရာဂွေး တို့နဲ့ပွဲတွေဟာ

သူတို့အတွက်အရေးမပါတော့ပါဘူး။

ဒါပေမယ့် နည်းပြတီတီ ကတော့ဘရာဇီးအသင်းကို

အကောင်းဆုံးလူစာရင်းသာအလိုရှိ လို့ ခြေစွမ်းပြနိုင်တဲ့သူတွေကို

ချန်ထားမှာမဟုတ်ဘူးလို့ဆိုခဲ့တဲ့အတိုင်း အဲလ်ဗက်စ်ပြန်ပါလာတာဖြစ်ပါတယ်။

လက်ရှိလူစာ ရင်းမှာ ခြေချင်းဝတ်ဒဏ်ရာရှိနေတဲ့

ပီအက်စ်ဂျီတိုက်စစ်မှူး နေမာ ကျန်ခဲ့ပေမယ့် ဗီလာရောက် ကော်တင်ဟို၊

ရီးရဲလ်မက်ဒ ရစ်မှာခြေစွမ်းပြနေတဲ့ ဗီနီစီးယက်စ်နဲ့

ရိုဒရိုင်ဂို တို့လည်းပါဝင်လာခဲ့ပါတယ်။

တီတီက” ကျွန်တော်တို့ဟာ ဘယ်အသင်းကိုမ ဆို

အင်အားအပြည့်နဲ့ရင်ဆိုင်သွားမှာပါ။

ဒီအတွက်လည်းခြေစွမ်းပြနိုင်တဲ့သူ ဘယ်သူ့ကိုမဆို

ကျွန်တော်တို့ ချန်ထားမှာမဟုတ် ပါဘူး။

ခြေစွမ်းပြနိုင်တယ်ဆိုရင် သူကစားတဲ့ကလပ်၊ နာမည်ကျော်ကြားမှု

စတာတွေကိုလုံးဝထည့်တွက်မှာမဟုတ်ပါဘူး” လို့ ပြောသွားပါတယ်။

လက်ရှိမှာ ကိုဗစ်ပြဿနာတွေကြောင့် ဥရောပအခြေစိုက်

ကစားသမားတွေအားလုံး အရင်ကစားရမယ့် အီကွေဒေါနဲ့အဝေးကွင်းပွဲအတွက်

ကွီတိုမြို့ကိုတိုက်ရိုက်လာရောက်ကြဖို့လည်း

ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ညွှန်ကြား ထားပါတယ်။

zawgyi

ဘရာဇီးလက္ေ႐ြးစင္အသင္းမွာ တစ္ႏွစ္ေက်ာ္အခ်ိန္ အတြင္းပထမဆုံးအႀကိမ္အျဖစ္ ျပန္လည္ပါဝင္လာတဲ့ ဒန္နီအဲလ္ဗက္စ္

ဘာစီလိုနာအသင္းမွာျပသေနတဲ့ ေျခစြမ္းေၾကာင့္ ေနာက္ခံလူ ဒန္နီအဲလ္ဗက္စ္ကို

ဘရာဇီးအသင္းနည္းျပ တီတီက လာမယ့္ ေနာက္ဆုံးကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္

ေ႐ြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ ညာေနာက္ခံလူ အဲလ္ဗက္စ္ ဟာ

ဘာစီလိုနာနဲ႔ ၅ ႏွစ္ခြဲၾကာကင္းကြာခဲ့ၿပီးေနာက္

ၿပီးခဲ့တဲ့ႏိုဝင္ဘာလက ရာသီကုန္အထိစာခ်ဳပ္နဲ႔ ျပန္ေရာက္ လာခဲ့သူျဖစ္ပါတယ္။

သူဟာလက္ရွိဘာစီလိုနာမွာ ေျခစြမ္းျပေနၿပီး

သူ႔ရဲ႕ေဘာလုံးေပးပို႔ပုံေကာင္းမြန္မႈေတြ၊ အေတြ႕အႀကဳံေတြ ေၾကာင့္

ပုံမွန္ေနရာရေနသူျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အဲလ္ဗက္စ္ဟာ ဘရာဇီးလက္ေ႐ြးစင္အသင္းမွာ

တစ္ႏွစ္ေက်ာ္အခ်ိန္ အတြင္းပထမဆုံးအႀကိမ္အျဖစ္

ျပန္လည္ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ကမာၻေပၚမွာ ဆုဖလားအမ်ားဆုံးရသူအျဖစ္ မွတ္တမ္း ဝင္ထားတဲ့

အဲလ္ဗက္စ္ဟာ ၂၀၂၂ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ဘရာဇီးအသင္းကိုဦးေဆာင္ၿပီး

ေ႐ႊတံဆိပ္ရေအာင္ဦးေဆာင္ႏိုင္ခဲ့ သူလည္းျဖစ္ပါတယ္။

ဘရာဇီးဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ၿပီးသားျဖစ္လို႔

လက္က်န္ ၂ ပြဲျဖစ္တဲ့ အီေကြေဒါ၊ ပါရာေဂြး တို႔နဲ႔ပြဲေတြဟာ

သူတို႔အတြက္အေရးမပါေတာ့ပါဘူး။

ဒါေပမယ့္ နည္းျပတီတီ ကေတာ့ဘရာဇီးအသင္းကို

အေကာင္းဆုံးလူစာရင္းသာအလိုရွိ လို႔ ေျခစြမ္းျပႏိုင္တဲ့သူေတြကို

ခ်န္ထားမွာမဟုတ္ဘူးလို႔ဆိုခဲ့တဲ့အတိုင္း အဲလ္ဗက္စ္ျပန္ပါလာတာျဖစ္ပါတယ္။

လက္ရွိလူစာ ရင္းမွာ ေျခခ်င္းဝတ္ဒဏ္ရာရွိေနတဲ့

ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာ က်န္ခဲ့ေပမယ့္ ဗီလာေရာက္ ေကာ္တင္ဟို၊

ရီးရဲလ္မက္ဒ ရစ္မွာေျခစြမ္းျပေနတဲ့ ဗီနီစီးယက္စ္နဲ႔

႐ိုဒ႐ိုင္ဂို တို႔လည္းပါဝင္လာခဲ့ပါတယ္။

တီတီက” ကြၽန္ေတာ္တို႔ဟာ ဘယ္အသင္းကိုမ ဆို

အင္အားအျပည့္နဲ႔ရင္ဆိုင္သြားမွာပါ။

ဒီအတြက္လည္းေျခစြမ္းျပႏိုင္တဲ့သူ ဘယ္သူ႔ကိုမဆို

ကြၽန္ေတာ္တို႔ ခ်န္ထားမွာမဟုတ္ ပါဘူး။

ေျခစြမ္းျပႏိုင္တယ္ဆိုရင္ သူကစားတဲ့ကလပ္၊ နာမည္ေက်ာ္ၾကားမႈ

စတာေတြကိုလုံးဝထည့္တြက္မွာမဟုတ္ပါဘူး” လို႔ ေျပာသြားပါတယ္။

လက္ရွိမွာ ကိုဗစ္ျပႆနာေတြေၾကာင့္ ဥေရာပအေျခစိုက္

ကစားသမားေတြအားလုံး အရင္ကစားရမယ့္ အီေကြေဒါနဲ႔အေဝးကြင္းပြဲအတြက္

ကြီတိုၿမိဳ႕ကိုတိုက္႐ိုက္လာေရာက္ၾကဖို႔လည္း

ဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္က ၫႊန္ၾကား ထားပါတယ္။