
မန်ချက်စတာယူနိုက်တက်ဟာမစ်ဒယ်ဘရော့ကိုဧည့်ခံကစားရမယ့်
အက်ဖ်အေဖလားပွဲစဉ်တွင် ပုံမှန်အသုံးပြုနေတဲ့ခြေအိတ်အနက်ကို
ဝတ်ဆင်သွားမှာမဟုတ်ဘဲအဖြူရောင်ခြေအိတ်ဝတ်ဆင်သွားပါမယ်။
ယူနိုက်တက်ဟာ Colour-Blind ပရိသတ်များရဲ့အမြင်အာရုံ
ပြဿနာဖြစ်လာမှာစိုးလို့ယင်းသို့ခြေအိတ်အရောင်
ပြောင်းလဲဝတ်ဆင်သွားမှာလည်းဖြစ်ပါတယ်။
မစ်ဒယ်ဘရော့ဟာခြေအိတ် အနက်ရောင်(သို့မဟုတ်)အစိမ်းရောင်ကိုသာ
အသုံးပြုရာယူနိုက်တက်အတွက်ခြေအိတ်အဖြူရောင်ကို
လွတ်လပ်စွာရွေးချယ်နိုင်ပါတယ်။
ခြေအိတ်အရောင်ပြောင်းလဲမှုပြုလုပ်လျှင်လည်းယူနိုက်တက်အတွက်
ခက်ခဲတဲ့ကာလသေချာပေါက်ရောက်လာမယ်လို့
မစ်ဒယ်ဘရော့နည်းပြဟောင်းနေးလ်ဝါနော့ကိုသတိပေးထားပါတယ်။
ဝါနော့ဟာနိုဝင်ဘာလတုန်းကမစ်ဒယ်ဘရော့နည်းပြရာထူးမှ
ထွက်ခွာခဲ့ရသူဖြစ်ပြီးခရစ်ဝိုင်ဒါနှင့်အစားထိုးခံခဲ့ရပါတယ်။
ဝါနော့က “သူတို့(ယူနိုက်တက်)မှာတကိုယ်တော်ကောင်းတာတွေအများကြီးပါ။
ဒါပေမဲ့အသင်းလိုက်မကောင်းပါဘူး။သူတို့ဟာအက်ဖ်အေဖလားမှာ
ကျွန်တော့်အသင်းဟောင်းနဲ့ရင်ဆိုင်ရပါမယ်။
မစ်ဒယ်ဘရော့နောက်တန်းသုံးယောက် ဒီရယ်ဖရိုင်း၊အန်ဖာနီးဒီစတီးလီ၊
ပက်ဒီမက်နီယာတို့ကိုပြောင်းသုံးမှာမဟုတ်ပါဘူး။
သူတို့ဟာယူနိုက်တက်ခံစစ်ထက်ပိုကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။
zawgyi
Colour-Blind ပရိသတ်များရဲ့အမြင်အာရုံ ပြဿနာဖြစ်လာမှာစိုးလို့ ခြေအိတ်အရောင်ပြောင်းဝတ်ဆင်သွားမယ့် ယူနိုက်တက်