Centodieci ကလက်ရှိအချိန်မှာ၁၀စီးဘဲထုတ်လုပ်ရသေးတဲ့ကားကို ယူရို ၉.၅ သန်းနဲ့ ဝယ်လိုက်တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂.၄စက္ကန့်တွင် 0-100km/h အထိ

စွမ်းဆောင်နှုန်းမြင့်မားတဲ့ Bugatti Centodieci စူပါကားကိုယူရို၉.၅သန်းဖြင့်

ဝယ်ယူလိုက်ကြောင်းသိရပါတယ်။ မန်ချက်စတာစူပါစတားဟာ

တန်ဖိုးကြီးစူပါကားများစွာကိုဝယ်ယူစုဆောင်းထားသူလည်းဖြစ်ပါတယ်။

Baloon d’Or ဆုကိုငါးကြိမ်ရရှိထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ

Bugatti ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပြီး Chiron ၊ Veyron ၊

La Voiture Noire တို့ကိုဝယ်ယူထားပါတယ်။ La Voiture Noire က

တန်ဖိုးဒေါ်လာ၁၈သန်းဖြစ်ပြီးရော်နယ်ဒိုဝယ်ယူခဲ့ဖူးသမျှကားတွေထဲမှာ

တန်ဖိုးအကြီးဆုံးကားဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ Ferrari F430 ၊

Phanton Rolls-Royce၊Lamborghini Aventador နှင့်Maserati GranCabrio

တို့ကိုလည်းဝယ်ယူထားပါတယ်။ Bentley Continental GTC ကလည်း

ရော်နယ်ဒိုပိုင်ဆိုင်ထားတဲ့ကားတွေထဲမှာလှပတဲ့ကားတစ်စီးဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကလည်း MaLaren Senna ကိုပေါင်၇၅၀၀၀ဖြင့်ဝယ်ယူခဲ့ပါသေးတယ်။

တစ်ဖက်တွင်သူ့ချစ်သူဂျော်ဂျီနာကလည်းသူ့မွေးနေ့တုန်းကပေါင်၆သိန်းတန်

Mercedes G Wagon ကိုလက်ဆောင်အဖြစ်ဝယ်ပေးခဲ့ပါသေးတယ်။

ဒါပေမယ့်ယခု ခရစ္စတီယာနိုရော်နယ်ဒိုဝယ်ယူလိုက်တဲ့ Bugatti Centodieci

ကတော့ယင်းကားအားလုံးကိုကျော်ဖြတ်မယ့်ကားပါ။

Centodieci ကလက်ရှိအချိန်မှာ၁၀စီးဘဲထုတ်လုပ်ရသေးတဲ့ကားဖြစ်ပါတယ်။

BILD ကရော်နယ်ဒိုဟာယင်း၁၀စီးထဲမှတစ်စီးကိုဝယ်ယူလိုက်ကြောင်း

ဖော်ပြလာပါတယ်။ Bugatti Centodieci ကို ၁၀ စီးရောင်းချထားတယ်ဆိုပေမယ့်

ကားကိုအပြီးသတ်မထုတ်လုပ်ရသေးပါဘူး။ဝယ်ယူထားသူများဟာ

၂၀၂၂ခုနှစ်ကျမှကားကိုလက်ဝယ်ရရှိမှာဖြစ်ပါတယ်။

zawgyi

Centodieci ကလက္ရွိအခ်ိန္မွာ၁၀စီးဘဲထုတ္လုပ္ရေသးတဲ့ကားကို ယူ႐ို ၉.၅ သန္းနဲ႔ ဝယ္လိုက္တဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂.၄စကၠန႔္တြင္ 0-100km/h အထိ

စြမ္းေဆာင္ႏႈန္းျမင့္မားတဲ့ Bugatti Centodieci စူပါကားကိုယူ႐ို၉.၅သန္းျဖင့္

ဝယ္ယူလိုက္ေၾကာင္းသိရပါတယ္။ မန္ခ်က္စတာစူပါစတားဟာ

တန္ဖိုးႀကီးစူပါကားမ်ားစြာကိုဝယ္ယူစုေဆာင္းထားသူလည္းျဖစ္ပါတယ္။

Baloon d’Or ဆုကိုငါးႀကိမ္ရရွိထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

Bugatti ရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ၿပီး Chiron ၊ Veyron ၊

La Voiture Noire တို႔ကိုဝယ္ယူထားပါတယ္။ La Voiture Noire က

တန္ဖိုးေဒၚလာ၁၈သန္းျဖစ္ၿပီးေရာ္နယ္ဒိုဝယ္ယူခဲ့ဖူးသမွ်ကားေတြထဲမွာ

တန္ဖိုးအႀကီးဆုံးကားျဖစ္ပါတယ္။ ဒါ့အျပင္သူဟာ Ferrari F430 ၊

Phanton Rolls-Royce၊Lamborghini Aventador ႏွင့္Maserati GranCabrio

တို႔ကိုလည္းဝယ္ယူထားပါတယ္။ Bentley Continental GTC ကလည္း

ေရာ္နယ္ဒိုပိုင္ဆိုင္ထားတဲ့ကားေတြထဲမွာလွပတဲ့ကားတစ္စီးျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း MaLaren Senna ကိုေပါင္၇၅၀၀၀ျဖင့္ဝယ္ယူခဲ့ပါေသးတယ္။

တစ္ဖက္တြင္သူ႔ခ်စ္သူေဂ်ာ္ဂ်ီနာကလည္းသူ႔ေမြးေန႔တုန္းကေပါင္၆သိန္းတန္

Mercedes G Wagon ကိုလက္ေဆာင္အျဖစ္ဝယ္ေပးခဲ့ပါေသးတယ္။

ဒါေပမယ့္ယခု ခရစၥတီယာႏိုေရာ္နယ္ဒိုဝယ္ယူလိုက္တဲ့ Bugatti Centodieci

ကေတာ့ယင္းကားအားလုံးကိုေက်ာ္ျဖတ္မယ့္ကားပါ။

Centodieci ကလက္ရွိအခ်ိန္မွာ၁၀စီးဘဲထုတ္လုပ္ရေသးတဲ့ကားျဖစ္ပါတယ္။

BILD ကေရာ္နယ္ဒိုဟာယင္း၁၀စီးထဲမွတစ္စီးကိုဝယ္ယူလိုက္ေၾကာင္း

ေဖာ္ျပလာပါတယ္။ Bugatti Centodieci ကို ၁၀ စီးေရာင္းခ်ထားတယ္ဆိုေပမယ့္

ကားကိုအၿပီးသတ္မထုတ္လုပ္ရေသးပါဘူး။ဝယ္ယူထားသူမ်ားဟာ

၂၀၂၂ခုႏွစ္က်မွကားကိုလက္ဝယ္ရရွိမွာျဖစ္ပါတယ္။