အခက်အခဲကြားကနေ သရဲနီတွေရဲ့ ပြိုင်ပွဲစုံအိမ်ကွင်း ၁၃ ပွဲဆက်နိုင်ပွဲ

February 4, 2023 author one 0

ပဲလေ့စ်နဲ့ နောက်ဆုံး ၅ကြိမ်တွေ့ဆုံမှုမှာ တစ်ပွဲသာနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီပွဲမှာတော့ ပုံမှန်လူစာရင်းနဲ့သာပွဲထွက်ခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ ဆာဘစ်ဇာကိုတော့ အရန်စာရင်းမှာသာ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ တန်ဟတ်ရဲ့အသင်းဟာပြိုင်ပွဲစုံ အိမ်ကွင်း ၁၂ ပွဲဆက် အနိုင်ရထားတာဖြစ်သလို ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး ၅ပွဲ မှာ တစ်ဂိုးသာခွင့်ပြုထားရတာဖြစ်တယ်။ ရက်ရှ်ဖို့ဒ်ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး […]

နည်းပြဘဝမှာ ဂန်းနားတွေကိုပထမဆုံးအိမ်ကွင်းနိုင်ပွဲရအောင် ရှောင်ဒိုင်ချီ စွမ်းဆောင်ပြခဲ့

February 4, 2023 author one 0

အဲဗာတန်ဟာ ဒီပွဲအနိုင်ရရင်တော့ ၄၅ နှစ်ကျော်အတွင်း အိမ်ကွင်းမှာ ဂန်းနားတွေကို လိဂ် ၃ပွဲဆက်အနိုင်ရတဲ့ စံချိန်ကိုပိုင်ဆိုင်မှာပါ။ အာဆင်နယ်ဘက်ကကြည့်ရင်တော့ ဂွတ်ဒီဆင့်ပါ့ခ်ကို လာရောက်ခဲ့တဲ့ ထိပ်တန်းလိဂ်နောက်ဆုံး ၁၀ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့တာဖြစ်တယ်။ အခြားတစ်ဖက်မှာတော့ ဂန်းနားတွေဟာ တော်ဖီတွေနဲ့ရင်ဆိုင်ခဲ့တဲ့ လိဂ်ပွဲစဉ်တွေမှာ ၉၉ပွဲ အထိအနိုင်ရခဲ့ဖူးပြီး အင်္ဂလိပ်လိဂ်ပြိုင်ပွဲသမိုင်းမှာတော့ အသင်းတစ်သင်းဟာ တူညီတဲ့ပြိုင်ဘက်တစ်သင်းကို […]

ချဲလ်ဆီးပိုကောင်းလာဖို့အတွက် ပေါ်တာကိုစိတ်ရှည်ပေးရလိမ့်မယ်လို့ ဂယ်ရီနဗီးလ် သုံးသပ်လိုက်

February 4, 2023 author one 0

လန်ဒန်ကလပ်ဟာ ပိုင်ရှင်သစ်တော့ဒ်ဘိုလေ လက်ထက်အပြောင်းအရွှေ့ ဈေးကွက်နှစ်ရပ်မှာ ပေါင်သန်း ၆၀၀ လောက်သုံးထားပေမဲ့ အောင်မြင်မှုရဖို့အချိန်လိုအပ်နေတာကြောင့် နည်းပြဂရေဟမ်ပေါ်တာကို စိတ်ရှည်ပေးဖို့လိုအပ်တယ်လို့ ဂယ်ရီနဗီးလ်က ဆိုခဲ့ပါတယ်။ အပြာရောင်တွေဟာ ပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်တစ်ခုတည်းမှာ ပေါင် ၃၂၃ သန်းအထိသုံးစွဲခဲ့တာဖြစ်သလို ပြီးခဲ့တဲ့နွေဈေးကွက်ပါ ထည့်တွက်ရင် ပေါင် ၅၆၆ သန်းအထိရှိလာပြီဖြစ်တယ်။ သောကြာည ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာတော့ […]

ရော်နယ်ဒိုကို မျက်ကွယ်ပြုလိုက်ပြီး မက်ဆီကသာ အကြီးကျယ်ဆုံးကစားသမားဖြစ်တယ်လို့ ရာမို့စ် ဝန်ခံလိုက်

February 4, 2023 author one 0

ရာမို့စ်ဟာ ရီးရဲလ်မှာကစားစဉ်အတွင်း အာဂျင်တီးနားသားကိုပြိုင်ဘက်အဖြစ် အကြိမ်ပေါင်းစွာရင်ဆိုင်ခဲ့သလို နောက်ဆုံးမှာတော့ မက်ဆီကသာ အကြီးကျယ်ဆုံး ကစားသမားဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။စပိန်လက်ရွေးစင်ဟောင်းဟာ သူ့ရဲ့ရီးရဲလ်အသင်းဖော်ဟောင်း ရော်နယ်ဒိုကိုထာဝရအကောင်းဆုံးအဖြစ် နှစ်ပေါင်းများစွာထောက်ခံပေးခဲ့သူဖြစ်တယ်။ အနည်းဆုံးတော့ ရာမို့စ် ရီးရဲလ်နဲ့ ဖြတ်သန်းချိန်အတွင်း ရော်နယ်ဒိုနဲ့ မက်ဆီကို အဆင့်တူသတ်မှတ်ခဲ့တာပါ။ မကြာခဏဆိုသလို အယ်လ်ကလက်ဆီကိုဒါဘီပွဲစဉ်တွေမှာ ရာမို့စ်က မက်ဆီနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ ဘောလုံးလောကမှာတော့ […]

ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဆာဘစ်ဇာကို သေချာပေါက်ပွဲထုတ်မယ်လို့ တန်ဟတ် လမ်းကြောင်းပေးပြောဆို

February 4, 2023 author one 0

ယူနိုက်တက်နည်းပြတန်ဟတ်ကတော့ ကစားသမားသစ် ဆာဘစ်ဇာကို ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပွဲထုတ်မယ်လို့ လမ်းကြောင်းပေးပြောဆိုခဲ့ပါတယ်။ သရဲနီတွေဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဇယားထိပ်ဆုံးက အာဆင်နယ်ကိုရှုံးပြီးတဲ့နောက် လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ရမှာဖြစ်တယ်။ နည်းပြဗီအဲရာရဲ့ ပဲလေ့စ်ကတော့ ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲနှစ်ရပ်မှာ နိုင်ပွဲလုံးဝမရသေးပေမဲ့ ယူနိုက်တက်ကို အိမ်ကွင်း ဆဲလ်ဟာ့စ်ပါ့ခ်မှာ ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး […]

လန်ဒန်မြို့လယ်ခေါင်က Ritz စားသောက်ဆိုင်မှာ ပီအက်စ်ဂျီဥက္ကဌနဲ့ တွေ့ဆုံခဲ့တဲ့ ဆာလက် ပါရီကလပ်ကိုပြောင်းရွှေ့ဖို့ နီးစပ်လာ

February 4, 2023 author one 0

လီဗာပူးတိုက်စစ်မှူးဆာလက်ဟာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ၂၀၁၇ မှာ မာဆေးဆိုက်ကလပ်ကိုရောက်လာခဲ့တဲ့ အီဂျစ်သားဟာ အသင်းရဲ့အဓိကကျသူအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ ဒီညကစားမယ့် ဝုဗ်နဲ့ပွဲစဉ်ကတော့ ဆာလက်ရဲ့ လီဗာပူး ကစားသမားဘ၀ ပရီးမီးယားလိဂ်ပွဲ ၂၀၀ မြောက်ပါ။ ဝုဗ်နဲ့ပွဲစဉ်မှာ ဂိုးပေါက်ရှာတွေ့ခဲ့မယ်ဆိုရင်တော့ လီဗာပူးဂန္တဝင် ဂေါ်ဒွန်ဟော့ဒ်ဆန်ရဲ့ ၁၂၆ ဂိုး စံချိန်နဲ့တူညီသွားမှာဖြစ်ပြီး ပွဲအရေအတွက်နဲ့ကြည့်မယ်ဆိုရင်တော့ […]

ဖူလ်ဟမ်နဲ့ပွဲက ချဲလ်ဆီးရဲ့အဖြစ်ကို ပိုက်ဆံကုန်တာပဲအဖတ်တင်တယ်လို့ ပရိသတ်တွေ လှောင်ပြောင်

February 4, 2023 author one 0

တော့ဒ်ဘိုလေရဲ့ ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီဈေးကွက်မှာ ပေါင်သန်း ၃၀၀ ကျော်သုံးစွဲပြီးနောက် လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်ကိုအိမ်ကွင်းလက်ခံကစားခဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ အပြာရောင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့အဝေးကွင်းပွဲမှာ တိုက်စစ်မှူးသစ် ဂျာအိုဖိလစ် အနီကတ်ထိပြီး ဖူလ်ဟမ်ကို ၂-၁ နဲ့ ရှုံးခဲ့သလို လက်ရှိမှာလည်း ငွေကုန်တာပဲအဖတ်တင်တဲ့ပုံစံမျိုးနဲ့ တန်းတက်အသင်းကို သရေသာကစားနိုင်ခဲ့တာဖြစ်တယ်။ […]

ရော်နယ်ဒိုကို တစ်ပတ်ရိုက်ပထုတ်လိုက်ပြီး ဘန်ဇီမာနဲ့ မိုဒရစ်ကို တော်ကီနဲ့ချုပ်ပြလိုက်တဲ့ အန်ဆလော့တီ

February 3, 2023 author one 0

အန်ဆလော့တီဟာ စပိန်စူပါဖလားဗိုလ်လုပွဲအတွက် ဆော်ဒီခရီးစဉ်မှာ ရော်နယ်ဒိုနဲ့ပျော်ရွှင်စွာတွေ့ဆုံခဲ့ပြီး နှစ်ဦးသားပုံရိပ်တွေကို အင်စတာဂရမ်မှ မျှဝေခဲ့ဖူးပါတယ်။ အယ်လ်နက်ဆာအသင်းဟာ ပေါ်တူဂီစူပါစတားကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ရီးရဲလ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘန်ဇီမာနဲ့ မိုဒရစ်အတွက် ချိတ်ဆက်မှုတွေပြုလုပ်လာတာဖြစ်တယ်။ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ဟာ ၂၀၀၉ နွေဈေးကွက်မှာ ဘာနေဗျူးကို အတူရောက်လာခဲ့သူတွေဖြစ်ပြီး ပြင်သစ်ကြယ်ပွင့်ဟာ ရီးရဲလ်တစ်သင်းတည်းမှာပဲ စွဲစွဲမြဲမြဲကစားပေးခဲ့တာဖြစ်တယ်။ မိုဒရစ်အနေနဲ့ ကစားသမားဘဝနောက်ဆုံးအချိန်ရောက်ရှိလာပြီ […]

အတန်တန်တားနေတဲ့ကြားကထွက်သွားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် ငိုယိုမနေတော့ဘူးလို့ ဥက္ကဌ ရူအီကော်စတာ လှောင်ပြောင်

February 3, 2023 author one 0

ဘင်ဖီကာဥက္ကဌရူအီကော်စတာက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချဲလ်ဆီးကိုထွက်ခွာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကိုလှောင်ပြောင်တဲ့ပုံစံတစ်ရပ်နဲ့ ငိုနေမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ အန်ဇိုကို ရာသီကုန်အထိဆက်နေဖို့အပြင်းအထန်စည်းရုံးခဲ့ပေမဲ့ အာဂျင်တီးနား ကြယ်ပွင့်ကတော့ ခါးသီးစွာအဆုံးသတ်မယ့်လမ်းကို ရွေးချယ်ခဲ့တာဖြစ်တယ်။ “အန်ဇိုဖာနန်ဒက်ဇ်က ဘင်ဖီကာမှာဆက်နေဖို့ဆန္ဒမရှိခဲ့ပါဘူး။ သူက ငါတို့ကိုအခွင့်အရေးမပေးဘူး။ ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တယ်၊ စိတ်မကောင်းဖြစ်မိတယ်၊ ဒါပေမဲ့ ဆက်မနေချင်တဲ့ ကစားသမားအတွက် ငိုယိုနေမှာမဟုတ်ပါဘူး။ ချဲလ်ဆီးရောက်လာချိန်မှာတော့ […]

စွဲချက်တွေအားလုံးက လွတ်ကင်းခဲ့ပြီးနောက် နှုတ်ဆိတ်နေမှုတွေကို ဂရင်းဝုဒ် ချိုးဖျက်လိုက်ပြီ

February 3, 2023 author one 0

မုဒိမ်းမှုအပါအဝင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုစွဲချက်တွေကနေ လွတ်ကင်းခဲ့ပြီးနောက် ဂရင်းဝုဒ်ဘက်က နှုတ်ဆိတ်နေမှုတွေကို ချိုးဖျက်လိုက်ပြီလို့ The Sun သတင်းစာကရေးသားလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ယူနိုက်တက်တိုက်စစ်မှူးက “ဒီကိစ္စပြီးသွားတဲ့အတွက် စိတ်သက်သာရာရခဲ့ပြီး အားပေးခဲ့ကြတဲ့ မိသားစုနဲ့ ချစ်ရတဲ့သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလိုအချိန်မှာ နောက်ထပ် မှတ်ချက်ပေးစရာမရှိသေးပါဘူး” လို့ ပြောဆိုလာတာဖြစ်တယ်။ […]