Call Of Duty ရဲ့ Modern Warfare II မှာ မက်ဆီ၊ နေမာနဲ့ပေါ့ဘာတို့ကို ဇာတ်ကောင် အဖြစ်မြင်ရနိုင်တယ်လို့ သတင်းထွက်လာ

ပြီးခဲ့တဲ့နှစ်တွေအတွင်း အနုပညာရှင်တွေနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေရှိခဲ့တဲ့ Call Of Duty စီးရီးမှာ ဘောလုံးသမားတွေကို ဇာတ်ကောင်အဖြစ်ထည့်သွင်းမယ်လို့ သတင်းထွက်လာပါတယ်။

ဒီဂိမ်းစစ်ပွဲထဲမှာ Vanguard ဟာဂိမ်းကစားသူတွေကို ဂန္တဝင်ရက်ပ်ပါ Snoop Dogg ရဲ့ပုံစံနဲ့ပါ ကစားခွင့်ပေးခဲ့သလို The Terminator၊ ရမ်ဘို၊ Die Hard တို့ကဇာတ်ကောင် တွေကိုထည့်သွင်းထားပြီးဖြစ်ပါတယ်။

အခုတော့ ဘောလုံးလောကရဲ့ကြယ်ပွင့်တွေဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ ပေါ့ဘာတို့ဟာ Call Of Duty ရဲ့ Modern Warfare II မှာပါဝင်ကစားနိုင်တဲ့ ဇာတ်ကောင်တွေအဖြစ် ရေပန်းစားလာပါတယ်။

Developers Activision က Modern Warfare II မှာထိပ်တန်းဘောလုံးသမားတွေပါဝင်နိုင်ဖို့ စီစဉ်နေပြီး အောက်တိုဘာ ၂၆ရက်နေ့ကျရင် ဗြိတိန်မှာထွက်ရှိမယ်လို့ ပေါက်ကြားလာတာဖြစ်တယ်။

ဂိမ်းအသစ်မထွက်သေးပေမဲ့ ပြီးခဲ့တဲ့လမှာကစားနိုင်တဲ့ Beta ဗားရှင်းကတစ်ဆင့် ဘောလုံးသမားတွေပါဝင်လာနိုင်တယ်ဆိုတာ ပေါက်ကြားလာတာဖြစ်နိုင်ပါတယ်။ Call of Duty leaker TheGhostOfHope ကမက်ဆီ၊ နေမာနဲ့ ပေါ့ဘာတို့ပါဝင်တဲ့ အော်ပရေတာအမည်စာရင်းကို တွစ်တာမှာတင်သွင်းခဲ့ပြီးတဲ့နောက် အကြောင်းအရာက ပိုပြီးခိုင်မာလာတာဖြစ်တယ်။

ဒီစာရင်းထဲမှာ အက်ခ်ဆဲလ်၊ ကော်နာ၊ ဂရွမ်စ်ကို၊ ကလော့စ်၊ လူနာ၊ မက်ဆီ၊ နေမာ၊ ပေါ့ဘာ၊ ရေးယက်စ်၊ ရိုဇီတို့ ပါဝင်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာချိန်မှာ ဘောလုံးသမားတွေပါဝင်လာမလား ဆိုပြီး ပရိသတ်တွေဘက်က ရင်ခုန်နေကြပြီဖြစ်တယ်။

Modern Warfare II မှာဘောလုံးသမားတွေပါဝင်လာနိုင်တာနဲ့ပတ်သတ်လို့ ပရိသတ်တစ်ယောက်က “ဘယ်သူမှမသိတဲ့ မက်ဆီဖြစ်ဖို့ ၁၅နှစ်ကျော်စောင့်ခဲ့ရတယ်” လို့ တွစ်တာမှာရေး သားခဲ့သလို “အမှန်ဆိုရင်တော့ အံ့ဩစရာပါ”၊ “မက်ဆီပါလာမယ်ဆိုရင်တော့ ငါ့ ပိုက်ဆံတွေသာ ယူလိုက်ပါတော့” လို့ဆိုပြီး မှတ်ချက်ပြုသွားခဲ့ပါတယ်။

(Zawgyi)

Call Of Duty ရဲ႕ Modern Warfare II မွာ မက္ဆီ၊ ေနမာနဲ႔ေပါ့ဘာတို႔ကို ဇာတ္ေကာင္ အျဖစ္ျမင္ရႏိုင္တယ္လို႔ သတင္းထြက္လာ

ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အႏုပညာရွင္ေတြနဲ႔ပူးေပါင္းလုပ္ေဆာင္မႈေတြရွိခဲ့တဲ့ Call Of Duty စီးရီးမွာ ေဘာလုံးသမားေတြကို ဇာတ္ေကာင္အျဖစ္ထည့္သြင္းမယ္လို႔ သတင္းထြက္လာပါတယ္။

ဒီဂိမ္းစစ္ပြဲထဲမွာ Vanguard ဟာဂိမ္းကစားသူေတြကို ဂႏၲဝင္ရက္ပ္ပါ Snoop Dogg ရဲ႕ပုံစံနဲ႔ပါ ကစားခြင့္ေပးခဲ့သလို The Terminator၊ ရမ္ဘို၊ Die Hard တို႔ကဇာတ္ေကာင္ ေတြကိုထည့္သြင္းထားၿပီးျဖစ္ပါတယ္။

အခုေတာ့ ေဘာလုံးေလာကရဲ႕ၾကယ္ပြင့္ေတြျဖစ္တဲ့ မက္ဆီ၊ ေနမာနဲ႔ ေပါ့ဘာတို႔ဟာ Call Of Duty ရဲ႕ Modern Warfare II မွာပါဝင္ကစားႏိုင္တဲ့ ဇာတ္ေကာင္ေတြအျဖစ္ ေရပန္းစားလာပါတယ္။

Developers Activision က Modern Warfare II မွာထိပ္တန္းေဘာလုံးသမားေတြပါဝင္ႏိုင္ဖို႔ စီစဥ္ေနၿပီး ေအာက္တိုဘာ ၂၆ရက္ေန႔က်ရင္ ၿဗိတိန္မွာထြက္ရွိမယ္လို႔ ေပါက္ၾကားလာတာျဖစ္တယ္။

ဂိမ္းအသစ္မထြက္ေသးေပမဲ့ ၿပီးခဲ့တဲ့လမွာကစားႏိုင္တဲ့ Beta ဗားရွင္းကတစ္ဆင့္ ေဘာလုံးသမားေတြပါဝင္လာႏိုင္တယ္ဆိုတာ ေပါက္ၾကားလာတာျဖစ္ႏိုင္ပါတယ္။ Call of Duty leaker TheGhostOfHope ကမက္ဆီ၊ ေနမာနဲ႔ ေပါ့ဘာတို႔ပါဝင္တဲ့ ေအာ္ပေရတာအမည္စာရင္းကို တြစ္တာမွာတင္သြင္းခဲ့ၿပီးတဲ့ေနာက္ အေၾကာင္းအရာက ပိုၿပီးခိုင္မာလာတာျဖစ္တယ္။

ဒီစာရင္းထဲမွာ အက္ခ္ဆဲလ္၊ ေကာ္နာ၊ ဂ႐ြမ္စ္ကို၊ ကေလာ့စ္၊ လူနာ၊ မက္ဆီ၊ ေနမာ၊ ေပါ့ဘာ၊ ေရးယက္စ္၊ ႐ိုဇီတို႔ ပါဝင္ေနၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲနီးလာခ်ိန္မွာ ေဘာလုံးသမားေတြပါဝင္လာမလား ဆိုၿပီး ပရိသတ္ေတြဘက္က ရင္ခုန္ေနၾကၿပီျဖစ္တယ္။

Modern Warfare II မွာေဘာလုံးသမားေတြပါဝင္လာႏိုင္တာနဲ႔ပတ္သတ္လို႔ ပရိသတ္တစ္ေယာက္က “ဘယ္သူမွမသိတဲ့ မက္ဆီျဖစ္ဖို႔ ၁၅ႏွစ္ေက်ာ္ေစာင့္ခဲ့ရတယ္” လို႔ တြစ္တာမွာေရး သားခဲ့သလို “အမွန္ဆိုရင္ေတာ့ အံ့ဩစရာပါ”၊ “မက္ဆီပါလာမယ္ဆိုရင္ေတာ့ ငါ့ ပိုက္ဆံေတြသာ ယူလိုက္ပါေတာ့” လို႔ဆိုၿပီး မွတ္ခ်က္ျပဳသြားခဲ့ပါတယ္။