အဲရစ်ဆင်ကို ခေါ်ယူသွားဖို့အတွက် ဘရန့်ဖိုဒ့်အသင်း ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းထား

လက်ရှိမှာ အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်လို့နေတဲ့

စပါး အင်တာမီလန်အသင်းတွေရဲ့ ကွင်းလယ်ကစားသမားဟောင်း

အဲရစ်ဆင်ကို ခေါ်ယူသွားဖို့အတွက် ဘရန့်ဖိုဒ့်အသင်းကနေ

(၆)လစာချုပ်အပြင် (၁)နှစ်ထပ်မံသက်တမ်းတိုးခွင့်ရှိတဲ့

ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့လက အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းလိုက်တဲ့နောက်

အဲရစ်ဆင်ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဘရန့်ဖို့ဒ်က စုံစမ်းခဲ့တာပါ။

ဘရန့်ဖို့ဒ်အသင်းမှာ ခိုင်မာတဲ့ ဒိန်းမတ်သား အဆက်အသွယ် ရှိနေပြီး

နည်းပြ သောမတ်စ် ဖရန့်နဲ့ နိုင်ငံအသင်းဖော် ခရစ္စတီယန် နော်ဂတ်၊

မက်သီးယပ် ဂျန်ဆင်တို့က အဲရစ်ဆင်နဲ့ ရင်းနှီးကြသူတွေ ဖြစ်ပါတယ်။

ဒိန်းမတ်သားဟာ ဆွစ်ဇာလန် တောင်ပိုင်းမှာ လေ့ကျင့်နေတာဖြစ်သလို

သူ့ရဲ့ ရွေးချယ်စရာတွေကို စိစစ်သုံးသပ်နေဆဲဖြစ်ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိ ဒိန်းမတ် ကွင်းလယ်တိုက်စစ်ကစားသမား

အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာပဲ နှလုံးပြဿာနာကြောင့်

ကွင်းအတွင်း လဲကျခဲ့ပြီး အသက်သေဆုံးနိုင်တဲ့

အန္တရာယ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အသက်ဘေးကနေ

လွတ်မြောက်ခဲ့ရသလို အခုဆိုရင်လည်း နှလုံးကို စက်တပ်ဆင်ထားပြီး

သူ့ရဲ့ဘောလုံးသမားဘဝကိုပါ ရှေ့ဆက်နိုင်ဖို့ပါ

အလားအလာကောင်း နေရတာဖြစ်ပါတယ်။

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပေမယ့်လည်း

အီတလီ ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ထားတဲ့

စည်းမျဉ်းစည်းကမ်းတွေအရ နှလုံးခုန်စက် တပ်ဆင်ထားသူ တစ်ယောက်ကို

ဘောလုံးကစားခွင့် မပြုနိုင်တာကြောင့်

အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားရပြီး Free Agent တစ်ဦး ဖြစ်လာခဲ့ရတာပါ။

zawgyi

အဲရစ္ဆင္ကို ေခၚယူသြားဖို႔အတြက္ ဘရန႔္ဖိုဒ့္အသင္း ကမ္းလွမ္းမႈတစ္ရပ္နဲ႔ ကမ္းလွမ္းထား

လက္ရွိမွာ အသင္းလက္မဲ့ ကစားသမားတစ္ဦး ျဖစ္လို႔ေနတဲ့

စပါး အင္တာမီလန္အသင္းေတြရဲ႕ ကြင္းလယ္ကစားသမားေဟာင္း

အဲရစ္ဆင္ကို ေခၚယူသြားဖို႔အတြက္ ဘရန႔္ဖိုဒ့္အသင္းကေန

(၆)လစာခ်ဳပ္အျပင္ (၁)ႏွစ္ထပ္မံသက္တမ္းတိုးခြင့္ရွိတဲ့

ကမ္းလွမ္းမႈတစ္ရပ္နဲ႔ ကမ္းလွမ္းထားတယ္လို႔ သိရွိရပါတယ္။

ၿပီးခဲ့တဲ့လက အင္တာမီလန္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းလိုက္တဲ့ေနာက္

အဲရစ္ဆင္ရဲ႕ အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး ဘရန႔္ဖို႔ဒ္က စုံစမ္းခဲ့တာပါ။

ဘရန႔္ဖို႔ဒ္အသင္းမွာ ခိုင္မာတဲ့ ဒိန္းမတ္သား အဆက္အသြယ္ ရွိေနၿပီး

နည္းျပ ေသာမတ္စ္ ဖရန႔္နဲ႔ ႏိုင္ငံအသင္းေဖာ္ ခရစၥတီယန္ ေနာ္ဂတ္၊

မက္သီးယပ္ ဂ်န္ဆင္တို႔က အဲရစ္ဆင္နဲ႔ ရင္းႏွီးၾကသူေတြ ျဖစ္ပါတယ္။

ဒိန္းမတ္သားဟာ ဆြစ္ဇာလန္ ေတာင္ပိုင္းမွာ ေလ့က်င့္ေနတာျဖစ္သလို

သူ႔ရဲ႕ ေ႐ြးခ်ယ္စရာေတြကို စိစစ္သုံးသပ္ေနဆဲျဖစ္ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိ ဒိန္းမတ္ ကြင္းလယ္တိုက္စစ္ကစားသမား

အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာပဲ ႏွလုံးျပႆာနာေၾကာင့္

ကြင္းအတြင္း လဲက်ခဲ့ၿပီး အသက္ေသဆုံးႏိုင္တဲ့

အႏၲရာယ္မ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ရေပမယ့္ အသက္ေဘးကေန

လြတ္ေျမာက္ခဲ့ရသလို အခုဆိုရင္လည္း ႏွလုံးကို စက္တပ္ဆင္ထားၿပီး

သူ႔ရဲ႕ေဘာလုံးသမားဘဝကိုပါ ေရွ႕ဆက္ႏိုင္ဖို႔ပါ

အလားအလာေကာင္း ေနရတာျဖစ္ပါတယ္။

အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းမွာ ပါဝင္ကစားေနတာ ျဖစ္ေပမယ့္လည္း

အီတလီ ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန ထုတ္ျပန္ထားတဲ့

စည္းမ်ဥ္းစည္းကမ္းေတြအရ ႏွလုံးခုန္စက္ တပ္ဆင္ထားသူ တစ္ေယာက္ကို

ေဘာလုံးကစားခြင့္ မျပဳႏိုင္တာေၾကာင့္

အသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းထားရၿပီး Free Agent တစ္ဦး ျဖစ္လာခဲ့ရတာပါ။