
နှစ်သစ်ကူးအကြိုနေ့မှာ ကားတိုက်မှုဖြစ်ခဲ့တဲ့နောက်အတော်လေး





ထိတ်လန့်ခဲ့ရတယ်လို့ဆိုခဲ့တဲ့ ယူနိုက်တက်တောင်ပံတိုက်စစ်
ကစားသမား အန်တိုနီကဖွင့်ဟခဲ့ပါတယ်။ ဘရာဇီးကြယ်ပွင့်ဟာ





BMW အမျိုးအစားနဲ့ ကားတိုက်မှုဖြစ်ခဲ့သလို ဝုဗ်ကို ၁-၀ နဲ့
အနိုင်ရတဲ့ပွဲအပြီးမှာတော့ အန်တိုနီရဲ့ BMW X6 ဟာလမ်းပေါ်မှာတင်
ပျက်စီးသွားခဲ့ရပါတယ်။ ဂရိတ်မန်ချက်စတာ၊ ဟာလီနားက





သူ့ရဲ့နေအိမ်အနီးနား မိုင်တိုင် ၅၆မှာ အန်တိုနီ ကားတိုက်မှုဖြစ်ခဲ့ပြီး
အရမ်းကိုတုန်လှုပ်ခဲ့တယ်လို့ SunSport ရဲ့စာမျက်နှာထက်မှာ





သီးသန့်ပါရှိခဲ့တာဖြစ်တယ်။ ယူနိုက်တက်အသင်းရဲ့
ပြီးခဲ့တဲ့တနင်္လာနေ့လေ့ကျင့်ရေးကိုတော့ အန်တိုနီဟာ
ပေါင် ၃၃၇၀၀၀ တန်ကြေးရှိတဲ့ Lamborghini နဲ့အတူ





လာရောက်ခဲ့ပါတယ်။ ပေါ့ပါးပြီးသွက်လက်လွန်းတဲ့
အနက်ရောင် Lamborghini နဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်း





လာရောက်ခဲ့တဲ့ အန်တိုနီရဲ့ပုံရိပ်တွေကို မီဒီယာတွေက
အမိဖမ်းနိုင်ခဲ့တာဖြစ်တယ်။ ယူနိုက်တက်ကြယ်ပွင့်ဟာ
ဒီကားသစ်ကို နိုဝင်ဘာလတုန်းကဝယ်ယူခဲ့တာဖြစ်ပြီး





အင်စတာဂရမ်စာမျက်နှာမှာချပြခဲ့ပါသေးတယ်။
ချာလ်တန်နဲ့ပွဲမတိုင်ခင်လေ့ကျင့်ရေးကို အန်တိုနီက





Lamborghini နဲ့လာခဲ့သလို မက်ဂွိုင်းယားက Range Rover၊
ဖရက်ဒ်က Bentley ကားနဲ့အတူလေ့ကျင့်ရေးလာရောက်ခဲ့တာဖြစ်တယ်။
အဲရစ်ဆင်ကလည်း အလန်းစား Porsche ပြိုင်ကားလေးနဲ့





လာရောက်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်
ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာဒါဘီအဖြစ်





မန်စီးတီးကို အိမ်ကွင်းလက်ခံကစားရဖို့ရှိနေပါတယ်။
zawgyi
BMW နဲ႔ကားတိုက္မႈျဖစ္ၿပီး Lamborghini ေျပာင္းစီးခဲ့တဲ့ အန္တိုနီ





ႏွစ္သစ္ကူးအႀကိဳေန႔မွာ ကားတိုက္မႈျဖစ္ခဲ့တဲ့ေနာက္အေတာ္ေလး
ထိတ္လန႔္ခဲ့ရတယ္လို႔ဆိုခဲ့တဲ့ ယူႏိုက္တက္ေတာင္ပံတိုက္စစ္





ကစားသမား အန္တိုနီကဖြင့္ဟခဲ့ပါတယ္။ ဘရာဇီးၾကယ္ပြင့္ဟာ
BMW အမ်ိဳးအစားနဲ႔ ကားတိုက္မႈျဖစ္ခဲ့သလို ဝုဗ္ကို ၁-၀ နဲ႔
အႏိုင္ရတဲ့ပြဲအၿပီးမွာေတာ့ အန္တိုနီရဲ႕ BMW X6 ဟာလမ္းေပၚမွာတင္





ပ်က္စီးသြားခဲ့ရပါတယ္။ ဂရိတ္မန္ခ်က္စတာ၊ ဟာလီနားက
သူ႔ရဲ႕ေနအိမ္အနီးနား မိုင္တိုင္ ၅၆မွာ အန္တိုနီ ကားတိုက္မႈျဖစ္ခဲ့ၿပီး





အရမ္းကိုတုန္လႈပ္ခဲ့တယ္လို႔ SunSport ရဲ႕စာမ်က္ႏွာထက္မွာ
သီးသန႔္ပါရွိခဲ့တာျဖစ္တယ္။ ယူႏိုက္တက္အသင္းရဲ႕
ၿပီးခဲ့တဲ့တနလၤာေန႔ေလ့က်င့္ေရးကိုေတာ့ အန္တိုနီဟာ





ေပါင္ ၃၃၇၀၀၀ တန္ေၾကးရွိတဲ့ Lamborghini နဲ႔အတူ
လာေရာက္ခဲ့ပါတယ္။ ေပါ့ပါးၿပီးသြက္လက္လြန္းတဲ့





အနက္ေရာင္ Lamborghini နဲ႔ ကာရင္တန္ေလ့က်င့္ေရးကြင္း
လာေရာက္ခဲ့တဲ့ အန္တိုနီရဲ႕ပုံရိပ္ေတြကို မီဒီယာေတြက
အမိဖမ္းႏိုင္ခဲ့တာျဖစ္တယ္။ ယူႏိုက္တက္ၾကယ္ပြင့္ဟာ





ဒီကားသစ္ကို ႏိုဝင္ဘာလတုန္းကဝယ္ယူခဲ့တာျဖစ္ၿပီး
အင္စတာဂရမ္စာမ်က္ႏွာမွာခ်ျပခဲ့ပါေသးတယ္။





ခ်ာလ္တန္နဲ႔ပြဲမတိုင္ခင္ေလ့က်င့္ေရးကို အန္တိုနီက
Lamborghini နဲ႔လာခဲ့သလို မက္ဂြိဳင္းယားက Range Rover၊
ဖရက္ဒ္က Bentley ကားနဲ႔အတူေလ့က်င့္ေရးလာေရာက္ခဲ့တာျဖစ္တယ္။





အဲရစ္ဆင္ကလည္း အလန္းစား Porsche ၿပိဳင္ကားေလးနဲ႔
လာေရာက္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္





ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာဒါဘီအျဖစ္
မန္စီးတီးကို အိမ္ကြင္းလက္ခံကစားရဖို႔ရွိေနပါတယ္။