ဟာလန်းကိုခေါ်ခဲ့မယ်ဆိုရင် ရီးရဲလ်ကနေထွက်မယ်လို့ ဘန်ဇီမာ ခြိမ်းခြောက်ထား

ရီးရဲလ်မက်ရစ် အသင်းအနေနဲ့လာမယ့်နွေရာသီမှာ ဟာလန်းကိုခေါ်ခဲ့မယ်ဆိုရင်

ရီးရဲလ်ကနေထွက်မယ်လို့ တိုက်စစ်မှူးဘန် ဇီမာ က

ခြိမ်းခြောက်ထားကြောင်း သိရပါတယ်။

အသက် ၃၄ နှစ်ရှိနေပေမယ့် ဘန်ဇီမာ ဟာရီးရဲလ်အတွက်

အရေးပါတဲ့တိုက် စစ်မှူးအဖြစ်ဆက်ရှိနေသေးပြီး

ဒီရာသီပြိုင်ပွဲအရပ်ရပ် ၂၇ ပွဲကစားခဲ့ရာမှာ ၂၄ ဂိုးအထိ

သွင်းယူထားနိုင်သူဖြစ်ပါတယ်။

ဒါ ပေမယ့် ရီးရဲလ်ဥက္ကဌ ပီရက်ဇ်ဟာ ဘန်ဇီမာနေရာမှာ

ရေရှည်အစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ယောက်ကို

ခေါ်ယူဖို့ ပြင်ဆင် နေပြီး လာမယ့်နွေရာသီမှာ

ဒေါ့မန်ကနေထွက်ဖို့ရှိနေတဲ့ ဟာလန်း ကိုခေါ်ယူဖို့ကြိုးစားနေတာပါ။

ဟာလန်း ဟာအသက် ၂၁ နှစ်သာရှိသေးသလို

ဂိုးသွင်းနှုန်းလည်းအရမ်းမြင့်မားတဲ့အတွက် ဒီနော်ဝေသားရောက်လာရင်

သူ့ရဲ့ကျောနံပါတ် ၉ ကိုစွန့်လွှတ် ရဖို့ရှိနေတာကြောင့်

ဘန်ဇီမာက ဒေါသထွက်နေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း El Nacional သတင်းစာကြီးက

ရီးရဲလ် အနေနဲ့ ဟာလန်းနဲ့ ဘန်ဇီမာ တို့နှစ်ဦးထဲက တစ်ဦးကိုသာ

ရွေးချယ်ရတော့မယ်လို့ ဖော်ပြသွားတာဖြစ်ပါတယ်။

ဘန်ဇီမာ ဟာဝါရင့်တိုက်စစ်မှူးဖြစ်ပြီး အသက်လည်းရလာပေမယ့်

သူ့ကစားသမားဘဝကိုစွန့်လွှတ်လိုခြင်းမရှိသေးလို့

ဟာ လန်းသာရောက်လာရင် သူ့ရဲ့ပုံမှန်နေရာအတွက်

အာမခံချက်ပျောက်ဆုံးနိုင်လို့လည်း ရီးရဲလ်ကနေထွက်ဖို့

ခြိမ်းခြောက်ထား တာဖြစ်ပါတယ်။

ဒါပေမယ့် ပီရက်ဇ် ကတော့ရီးရဲလ်ကိုအကြိမ်ကြိမ်

ပြန်လည်တည်ဆောက်ထားသူပီပီ ငယ်ရွယ်ပြီးအလား အလာ

ပိုကောင်းတဲ့သူတွေကို ခေါ်ယူမှာဖြစ်လို့

ဘန်ဇီမာကို ထွက်ချင်ရင်လည်းထွက်ခိုင်းမယ့်ပုံရှိနေပါတယ်။

ဘန်ဇီမာ ဟာ ရီးရဲလ်နဲ့ ၂၀၂၃ အထိစာချုပ်သက်တမ်းရှိထားသူဖြစ်ပြီး

သူ့ကိုတန်ဖိုးထားနေသရွေ့ရီးရဲလ်မှာသာ ကစားသမားဘဝ

အဆုံး သတ်ဖို့အထိ ရည်ရွယ်ထားသူဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်ဖြစ်တဲ့ ဘန်ဇီမာ သာရီးရဲလ်ကနေထွက်မယ်ဆိုရင်

သူ့ကိုခေါ် ယူဖို့ ပီအက်စ်ဂျီအသင်းကစိတ်ဝင်စားနေတယ်လို့လည်းဆိုပါတယ်။

ရီးရဲလ်ဟာ ဘန်ဇီမာ ရဲ့နေရာမှာအစားထိုးဖို့အတွက်

ဘာပေ ကိုလည်းခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘာပေ နဲ့ ဘန်ဇီမာ တို့ဟာပြင်သစ်လက်ရွေးစင်အသင်းမှာ

အတူတွဲကစားခဲ့ကြလို့ ဘာပေ ရောက်လာရင်တော့ပြဿနာမရှိနိုင်ပါဘူး။

zawgyi

ဟာလန္းကိုေခၚခဲ့မယ္ဆိုရင္ ရီးရဲလ္ကေနထြက္မယ္လို႔ ဘန္ဇီမာ ၿခိမ္းေျခာက္ထား

ရီးရဲလ္မက္ရစ္ အသင္းအေနနဲ႔လာမယ့္ေႏြရာသီမွာ ဟာလန္းကိုေခၚခဲ့မယ္ဆိုရင္

ရီးရဲလ္ကေနထြက္မယ္လို႔ တိုက္စစ္မႉးဘန္ ဇီမာ က

ၿခိမ္းေျခာက္ထားေၾကာင္း သိရပါတယ္။

အသက္ ၃၄ ႏွစ္ရွိေနေပမယ့္ ဘန္ဇီမာ ဟာရီးရဲလ္အတြက္

အေရးပါတဲ့တိုက္ စစ္မႉးအျဖစ္ဆက္ရွိေနေသးၿပီး

ဒီရာသီၿပိဳင္ပြဲအရပ္ရပ္ ၂၇ ပြဲကစားခဲ့ရာမွာ ၂၄ ဂိုးအထိ

သြင္းယူထားႏိုင္သူျဖစ္ပါတယ္။

ဒါ ေပမယ့္ ရီးရဲလ္ဥကၠဌ ပီရက္ဇ္ဟာ ဘန္ဇီမာေနရာမွာ

ေရရွည္အစားထိုးဖို႔အတြက္ တိုက္စစ္မႉးတစ္ေယာက္ကို

ေခၚယူဖို႔ ျပင္ဆင္ ေနၿပီး လာမယ့္ေႏြရာသီမွာ

ေဒါ့မန္ကေနထြက္ဖို႔ရွိေနတဲ့ ဟာလန္း ကိုေခၚယူဖို႔ႀကိဳးစားေနတာပါ။

ဟာလန္း ဟာအသက္ ၂၁ ႏွစ္သာရွိေသးသလို

ဂိုးသြင္းႏႈန္းလည္းအရမ္းျမင့္မားတဲ့အတြက္ ဒီေနာ္ေဝသားေရာက္လာရင္

သူ႔ရဲ႕ေက်ာနံပါတ္ ၉ ကိုစြန႔္လႊတ္ ရဖို႔ရွိေနတာေၾကာင့္

ဘန္ဇီမာက ေဒါသထြက္ေနတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း El Nacional သတင္းစာႀကီးက

ရီးရဲလ္ အေနနဲ႔ ဟာလန္းနဲ႔ ဘန္ဇီမာ တို႔ႏွစ္ဦးထဲက တစ္ဦးကိုသာ

ေ႐ြးခ်ယ္ရေတာ့မယ္လို႔ ေဖာ္ျပသြားတာျဖစ္ပါတယ္။

ဘန္ဇီမာ ဟာဝါရင့္တိုက္စစ္မႉးျဖစ္ၿပီး အသက္လည္းရလာေပမယ့္

သူ႔ကစားသမားဘဝကိုစြန႔္လႊတ္လိုျခင္းမရွိေသးလို႔

ဟာ လန္းသာေရာက္လာရင္ သူ႔ရဲ႕ပုံမွန္ေနရာအတြက္

အာမခံခ်က္ေပ်ာက္ဆုံးႏိုင္လို႔လည္း ရီးရဲလ္ကေနထြက္ဖို႔

ၿခိမ္းေျခာက္ထား တာျဖစ္ပါတယ္။

ဒါေပမယ့္ ပီရက္ဇ္ ကေတာ့ရီးရဲလ္ကိုအႀကိမ္ႀကိမ္

ျပန္လည္တည္ေဆာက္ထားသူပီပီ ငယ္႐ြယ္ၿပီးအလား အလာ

ပိုေကာင္းတဲ့သူေတြကို ေခၚယူမွာျဖစ္လို႔

ဘန္ဇီမာကို ထြက္ခ်င္ရင္လည္းထြက္ခိုင္းမယ့္ပုံရွိေနပါတယ္။

ဘန္ဇီမာ ဟာ ရီးရဲလ္နဲ႔ ၂၀၂၃ အထိစာခ်ဳပ္သက္တမ္းရွိထားသူျဖစ္ၿပီး

သူ႔ကိုတန္ဖိုးထားေနသေ႐ြ႕ရီးရဲလ္မွာသာ ကစားသမားဘဝ

အဆုံး သတ္ဖို႔အထိ ရည္႐ြယ္ထားသူျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ျဖစ္တဲ့ ဘန္ဇီမာ သာရီးရဲလ္ကေနထြက္မယ္ဆိုရင္

သူ႔ကိုေခၚ ယူဖို႔ ပီအက္စ္ဂ်ီအသင္းကစိတ္ဝင္စားေနတယ္လို႔လည္းဆိုပါတယ္။

ရီးရဲလ္ဟာ ဘန္ဇီမာ ရဲ႕ေနရာမွာအစားထိုးဖို႔အတြက္

ဘာေပ ကိုလည္းေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဘာေပ နဲ႔ ဘန္ဇီမာ တို႔ဟာျပင္သစ္လက္ေ႐ြးစင္အသင္းမွာ

အတူတြဲကစားခဲ့ၾကလို႔ ဘာေပ ေရာက္လာရင္ေတာ့ျပႆနာမရွိႏိုင္ပါဘူး။