အဲဗာတန်အသင်းဟာ နည်းပြ ရာဖာ ဘင်နီတက်ဇ်ကို
ရာထူးက ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။
” အဲဗာတန် အသင်းရဲ့ နည်းပြချုပ် ဘင်နီတက်ဇ်ဟာ အသင်းရဲ့ နည်းပြ ရာထူးကနေ
ထွက်ခွာတော့မှာ ဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။”
” ၂၀၂၁ ဇွန်လမှာ အသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ဘင်နီတက်ဇ်ဟာ
ရုတ်တရတ် ချက်ချင်းပဲရလဒ်ဆိုး အကျိုးဆက်ကြောင့်
အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။”
” အသင်းရဲ့ နည်းပြသစ် ခန့်အပ်မှုကိုတော့ အမြန်ဆုံး
ရှာဖွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” လို့
အဲဗာတန် အသင်းက ကြေညာသွား ခဲ့ပါတယ်။
ဘင်နီတက်ဇ် ဟာ ဥရောပမှာ ဂုဏ်သိက္ခာရှိတဲ့ နည်းပြ တစ်ယောက် ဖြစ်ပေမယ့်
အဲဗာတန် အသင်းမှာတော့ ထင်တိုင်း မပေါက်ခဲ့ဘဲ
အချိန်တို အတွင်း ရာထူးက ထုတ်ပယ် ခံခဲ့ရတာ ဖြစ်ပါတယ်။
ဘင်နီတက်ဇ်လက်ထက်မှာ အဲဗာတန်အသင်းဟာ
အဆင့် ၁၅ အထိ ရောက်ရှိနေခဲ့ပြီး စက်တင်ဘာလကနေ
ယခုအချိန်ထိ ပရီးမီးယားလိဂ်နိုင်ပွဲ ၁ ပွဲသာ ရှိခဲ့တာကြောင့်
ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
တစ်ပွဲတည်းသောနိုင်ပွဲကတော့ အာဆင်နယ်အသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
စပိန်သားကြီးဟာ အဲဗာတန်နည်းပြဘဝမှာ ရက် ၂၀၀ သာ ကြာမြင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နောဝစ်အသင်းကို ရှုံးနိမ့်မှုဟာ အဲဗာတန် အသင်းအတွက်
နောက်ဆုံး ၁၃ပွဲမှာ ၉ပွဲမြောက် ရှုံးပွဲ ဖြစ်ခဲ့ပြီး တန်းဆင်းဇုံနဲ့ ၆မှတ်သာ
ကွာဟတဲ့ အနေအထားထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။
zawgyi
စပိန်သားကြီးဘင်နီတက်ဇ် အဲဗာတန်နည်းပြဘဝမှာ ရက် ၂၀၀ သာ ကြာမြင့်ခဲ့