ဘက်ခမ်းက သူ့သမီးရဲ့နှုတ်ခမ်းကို နမ်းနေတဲ့ပုံတင်လို့ ဖောင်းထုခံနေရ

အင်္ဂလန်နဲ့ မန်ယူအသင်းဂန္ထဝင်ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ

သူ့ရဲ့အသက် ၁၀ နှစ်အရွယ်သမီးဖြစ်သူ ဟာပါဆဲဗင်း ကိုနမ်းနေ တဲ့ပုံကို

အင်စတာဂရမ်ပေါ်တင်ခဲ့ပြီးနောက် ဝေဖန်မှုတွေ

အပြင်းအထန်ခံနေရတယ်လို့ သိရပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိ တဲ့ ဘက်ခမ်းဟာပြီးခဲ့တဲ့သောကြာနေ့က

သူ့အင်စတာဂရမ်ပေါ်မှာ သူတို့သားအဖမနက်ခင်း လမ်းလျှောက်ရင်းနဲ့

နမ်းနေတဲ့ပုံ ကို အင်စတာဂရမ်ပေါ်တင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ followers ၇၀.၇ သန်းရှိတဲ့ အင်စတာဂရမ်မှာ

ဘက်ခမ်းက” ဖေဖေနဲ့ မင်း သမီးလီယာ တို့ရဲ့ချစ်စဖွယ်

မနက်ခင်းလမ်းလျှောက်ထွက်ခြင်း” လို့စာရေးသားပြီးပုံတွေတင်ခဲ့ပါတယ်။

ဒါပေမယ့်တစ်ခုသော ပုံမှာတော့ ဘက်ခမ်းက သူ့သမီးရဲ့နှုတ်ခမ်းကို

နမ်းနေတဲ့ပုံပါခဲ့လို့ ဆိုရှယ်မီဒီယာအသုံးပြုသူတွေက

ဒါကိုအပြင်းအထန်ဝေဖန် နေကြတာဖြစ်ပါတယ်။

တစ်ဦးက” ဘာကြောင့်များကိုယ့်သမီးရဲ့နှုတ်ခမ်းကိမှ

နမ်းနေတာလဲ၊ ဒါကရိုင်စိုင်းပြီး မလျော်ကန်တဲ့အပြုအမူ ဘဲ” လို့ဝေဖန်ခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း ” ဟာပါ ကကြီးလာပြီလေ။

ဒါကြောင့်သမီးဖြစ်ပေမယ့် နှုတ်ခမ်းကို နမ်းတာရပ်သင့်ပြီ” လို့ရေးပါတယ်။

နောက်ထပ်တစ်ယောက်ကလည်း” နှုတ်ခမ်းကိုနမ်းတာသိပ်ချိုမြိန်တာပေါ့။

ဒါပေမယ့် သမီးဖြစ်သူရဲ့နှုတ်ခမ်းကိုတော့ ကျေးဇူးပြုပြီး မနမ်းပါနဲ့” လို့ဆိုပါတယ်။

နောက်ထပ်မှတ်ချက်တွေမှာ” စောင့်ပါဦးဟ၊ ဘာ ကြောင့်များ

မိသားစုချင်းနှုတ်ခမ်းနမ်းနေရတာတုန်း”၊ ” ကျေးဇူးပြုပြီးနှုတ်ခမ်းနမ်းတာကို ရပ်ပေးပါ။

မိဘတစ်ဦးက သူ့က လေးရဲ့နှုတ်ခမ်းကိုနမ်းတာ မသင့်လျော်ပါဘူး” လို့တင်ခဲ့ပါတယ်။

ဒါပေမယ့် ဘက်ခမ်းဘက်ကနေကာကွယ်တဲ့ပရိသတ်တွေလည်းရှိနေပြီး

ဖခင်စိတ်နဲ့ ချစ်ပြတာဟာ ပုံမှန်ပါဘဲလို့ဆိုကြပြန်ပါ တယ်။

ဒီကာကွယ်တဲ့မှတ်ချက်တွေမှာတော့” ချက် မှာတော့ဒါမျိုးကပုံမှန်ကိစ္စပါ။

သာမန်ကလေးတွေအတွက် ဘာမှအပြာ ဆန်တဲ့ခံစားမှုတွေမရှိနိုင်ပါဘူး။

ကျုပ်ဆိုရင် မအေနဲ့ဖအေ ကိုတွေ့တိုင်းနမ်းနေတာဘဲ။

ဒါက ပြဿနာလားဆိုတာမသိပါဘူး”၊

” ငါ့အဖေနဲ့ အမေ ကလည်းငါ့ကိုတွေ့ရင်အခုထိဒီလိုနမ်းနေတုန်းဘဲ။

ဒါကြောင့် ဒါမျိုးမြင်တိုင်း မိဘတွေကိုသတိရတယ်။

လူတွေကဘာကြောင့်ရက်စက်တယ်လို့ ထင်နေကြတာလဲ” လို့ဆိုခဲ့ပါတယ်။

အခုလိုသမီးဖြစ်သူနှုတ်ခမ်းကိုနမ်းလို့ ဝေဖန်ခံရတာဟာ

ဘက်ခမ်းအတွက်ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

၂၀၁၇ တုန်းက ဟာပါ အသက် ၅ နှစ်အရွယ်မှာလည်း

ဘက်ခမ်းက အခုလိုနမ်းခဲ့သေးလို့ဝေဖန်ခံခဲ့ရပါတယ်။

အသက် ၄၆ နှစ်အရွယ်ဘက်ခမ်း ကတော့ သူ့လုပ်ရပ်နဲ့ပတ်သက်လို့

ကာကွယ်ခဲ့ပြီး သူ့သားသမီးတွေအားလုံးရဲ့နှုတ်ခမ်းကို နမ်းနေကျလို့ ဆိုခဲ့ပါတယ်။

zawgyi

ဘက္ခမ္းက သူ႔သမီးရဲ႕ႏႈတ္ခမ္းကို နမ္းေနတဲ့ပုံတင္လို႔ ေဖာင္းထုခံေနရ

အဂၤလန္နဲ႔ မန္ယူအသင္းဂႏၴဝင္ျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းဟာ

သူ႔ရဲ႕အသက္ ၁၀ ႏွစ္အ႐ြယ္သမီးျဖစ္သူ ဟာပါဆဲဗင္း ကိုနမ္းေန တဲ့ပုံကို

အင္စတာဂရမ္ေပၚတင္ခဲ့ၿပီးေနာက္ ေဝဖန္မႈေတြ

အျပင္းအထန္ခံေနရတယ္လို႔ သိရပါတယ္။

အသက္ ၄၆ ႏွစ္အ႐ြယ္ရွိ တဲ့ ဘက္ခမ္းဟာၿပီးခဲ့တဲ့ေသာၾကာေန႔က

သူ႔အင္စတာဂရမ္ေပၚမွာ သူတို႔သားအဖမနက္ခင္း လမ္းေလွ်ာက္ရင္းနဲ႔

နမ္းေနတဲ့ပုံ ကို အင္စတာဂရမ္ေပၚတင္ခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ followers ၇၀.၇ သန္းရွိတဲ့ အင္စတာဂရမ္မွာ

ဘက္ခမ္းက” ေဖေဖနဲ႔ မင္း သမီးလီယာ တို႔ရဲ႕ခ်စ္စဖြယ္

မနက္ခင္းလမ္းေလွ်ာက္ထြက္ျခင္း” လို႔စာေရးသားၿပီးပုံေတြတင္ခဲ့ပါတယ္။

ဒါေပမယ့္တစ္ခုေသာ ပုံမွာေတာ့ ဘက္ခမ္းက သူ႔သမီးရဲ႕ႏႈတ္ခမ္းကို

နမ္းေနတဲ့ပုံပါခဲ့လို႔ ဆိုရွယ္မီဒီယာအသုံးျပဳသူေတြက

ဒါကိုအျပင္းအထန္ေဝဖန္ ေနၾကတာျဖစ္ပါတယ္။

တစ္ဦးက” ဘာေၾကာင့္မ်ားကိုယ့္သမီးရဲ႕ႏႈတ္ခမ္းကိမွ

နမ္းေနတာလဲ၊ ဒါက႐ိုင္စိုင္းၿပီး မေလ်ာ္ကန္တဲ့အျပဳအမူ ဘဲ” လို႔ေဝဖန္ခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကလည္း ” ဟာပါ ကႀကီးလာၿပီေလ။

ဒါေၾကာင့္သမီးျဖစ္ေပမယ့္ ႏႈတ္ခမ္းကို နမ္းတာရပ္သင့္ၿပီ” လို႔ေရးပါတယ္။

ေနာက္ထပ္တစ္ေယာက္ကလည္း” ႏႈတ္ခမ္းကိုနမ္းတာသိပ္ခ်ိဳၿမိန္တာေပါ့။

ဒါေပမယ့္ သမီးျဖစ္သူရဲ႕ႏႈတ္ခမ္းကိုေတာ့ ေက်းဇူးျပဳၿပီး မနမ္းပါနဲ႔” လို႔ဆိုပါတယ္။

ေနာက္ထပ္မွတ္ခ်က္ေတြမွာ” ေစာင့္ပါဦးဟ၊ ဘာ ေၾကာင့္မ်ား

မိသားစုခ်င္းႏႈတ္ခမ္းနမ္းေနရတာတုန္း”၊ ” ေက်းဇူးျပဳၿပီးႏႈတ္ခမ္းနမ္းတာကို ရပ္ေပးပါ။

မိဘတစ္ဦးက သူ႔က ေလးရဲ႕ႏႈတ္ခမ္းကိုနမ္းတာ မသင့္ေလ်ာ္ပါဘူး” လို႔တင္ခဲ့ပါတယ္။

ဒါေပမယ့္ ဘက္ခမ္းဘက္ကေနကာကြယ္တဲ့ပရိသတ္ေတြလည္းရွိေနၿပီး

ဖခင္စိတ္နဲ႔ ခ်စ္ျပတာဟာ ပုံမွန္ပါဘဲလို႔ဆိုၾကျပန္ပါ တယ္။

ဒီကာကြယ္တဲ့မွတ္ခ်က္ေတြမွာေတာ့” ခ်က္ မွာေတာ့ဒါမ်ိဳးကပုံမွန္ကိစၥပါ။

သာမန္ကေလးေတြအတြက္ ဘာမွအျပာ ဆန္တဲ့ခံစားမႈေတြမရွိႏိုင္ပါဘူး။

က်ဳပ္ဆိုရင္ မေအနဲ႔ဖေအ ကိုေတြ႕တိုင္းနမ္းေနတာဘဲ။

ဒါက ျပႆနာလားဆိုတာမသိပါဘူး”၊

” ငါ့အေဖနဲ႔ အေမ ကလည္းငါ့ကိုေတြ႕ရင္အခုထိဒီလိုနမ္းေနတုန္းဘဲ။

ဒါေၾကာင့္ ဒါမ်ိဳးျမင္တိုင္း မိဘေတြကိုသတိရတယ္။

လူေတြကဘာေၾကာင့္ရက္စက္တယ္လို႔ ထင္ေနၾကတာလဲ” လို႔ဆိုခဲ့ပါတယ္။

အခုလိုသမီးျဖစ္သူႏႈတ္ခမ္းကိုနမ္းလို႔ ေဝဖန္ခံရတာဟာ

ဘက္ခမ္းအတြက္ပထမဆုံးအႀကိမ္ေတာ့မဟုတ္ပါဘူး။

၂၀၁၇ တုန္းက ဟာပါ အသက္ ၅ ႏွစ္အ႐ြယ္မွာလည္း

ဘက္ခမ္းက အခုလိုနမ္းခဲ့ေသးလို႔ေဝဖန္ခံခဲ့ရပါတယ္။

အသက္ ၄၆ ႏွစ္အ႐ြယ္ဘက္ခမ္း ကေတာ့ သူ႔လုပ္ရပ္နဲ႔ပတ္သက္လို႔

ကာကြယ္ခဲ့ၿပီး သူ႔သားသမီးေတြအားလုံးရဲ႕ႏႈတ္ခမ္းကို နမ္းေနက်လို႔ ဆိုခဲ့ပါတယ္။