BBC Sports Personality of the Year ဆုကို တင်းနစ်မယ်ရာဒူကာနူဆွတ်ခူး

ဗြိတိန်ဆယ်ကျော်သက်အရွယ် နာမည်ကျော်တင်းနစ်မယ်ရာဒူကာနူဟာ

၂၀၂၁ ခုနှစ်အတွက် BBC က ချီးမြှင့်တဲ့ Sports Personality of the Year ဆုကို

ဆွတ်ခူးရရှိခဲ့ပါတယ်။ BBC Sports Personality of the Year ဆုဆိုတာက

၁၉၅၄ ခုနှစ်ကစလို့ နှစ်စဉ်၊ ဒီဇင်ဘာလတိုင်းမှာ ဆုပေးပွဲကျင်းပတာဖြစ်ပြီး

ဗြိတိန်နိုင်ငံသား ဒါမှမဟုတ် ဗြိတိန်နိုင်ငံမှာနေထိုင်ပြီးတော့

ပြည်တွင်းအားကစားကဏ္ဍတွေမှာ အောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့သူကို

ပရိသတ်တွေက မဲပေးရွေးချယ်ဆုချီးမြင့်တာဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ရာဒူကာနူဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက

US အိုးပင်းချန်ပီယံဆုဆွတ်ခူးရရှိခဲ့ပြီး (၆၇)နှစ်အတွင်း အသက်အငယ်ဆုံးချန်ပီယံ၊

(၄၄)နှစ်အကြာမှာ ဂရင်းစလင်းချန်ပီယံဆုတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့

ပထမဆုံးဗြိတိန်တင်းနစ်မယ်စတဲ့ စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့်ပဲ ရာဒူကာနူဟာ တိုကျိုအိုလံပစ်မှာ သူရဲကောင်းဖြစ်ခဲ့သူ

တွမ်ဒါလေ၊ အဒမ်ပီတီတို့အပြင် နာမည်ကျော်လက်ဝှေ့အားကစားသမား

တိုင်ဆင်ဖျူရီ၊ မန်စီးတီးဘောလုံးသမားစတာလင်တို့ကိုကျော်ဖြတ်ပြီးတော့

BBC Sports Personality of the Year ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ရာဒူကာနူဟာ ၁၉၉၈ ခုနှစ်က BBC Sports Personality of the Year ဆုကို

ရရှိခဲ့တဲ့ အင်္ဂလန်နဲ့လီဗာပူးလ်ဂန္ထဝင်တိုက်စစ်မှူးမိုက်ကယ်အိုဝင်နောက်ပိုင်း

အသက်အငယ်ဆုံးဆုပိုင်ရှင်ဖြစ်လာသလို အံ့အားသင့်စရာကောင်းတာက

၂၀၂၀ ၊ ဒီဇင်ဘာလတုန်းက ဒီဆုကို ဖော်မြူလာဝမ်းကားမောင်းသမားဟာလ်မီတန်

ဆွတ်ခူးခဲ့ချိန်မှာ ရာဒူကာနူရဲ့ တင်းနစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်က (၃၄၅)သာရှိနေတဲ့အပြင်

ကျောင်းသူတစ်ဦးဖြစ်နေပြီး (၁၂)လအကြာမှာပဲ ဂုဏ်ယူစရာကောင်းတဲ့

ဆုကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ရာဒူကာနူဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့်

ဆုပေးပွဲအခမ်းအနားကို မတက်ရောက်နိုင်ခဲ့ဘဲ

သူမရဲ့နေအိမ်ကနေ ကျေးဇူးတင်စကားပြောကြားခဲ့ရပါတယ်။

zawgyi

BBC Sports Personality of the Year ဆုကို တင္းနစ္မယ္ရာဒူကာႏူဆြတ္ခူး

ၿဗိတိန္ဆယ္ေက်ာ္သက္အ႐ြယ္ နာမည္ေက်ာ္တင္းနစ္မယ္ရာဒူကာႏူဟာ

၂၀၂၁ ခုႏွစ္အတြက္ BBC က ခ်ီးျမႇင့္တဲ့ Sports Personality of the Year ဆုကို

ဆြတ္ခူးရရွိခဲ့ပါတယ္။ BBC Sports Personality of the Year ဆုဆိုတာက

၁၉၅၄ ခုႏွစ္ကစလို႔ ႏွစ္စဥ္၊ ဒီဇင္ဘာလတိုင္းမွာ ဆုေပးပြဲက်င္းပတာျဖစ္ၿပီး

ၿဗိတိန္ႏိုင္ငံသား ဒါမွမဟုတ္ ၿဗိတိန္ႏိုင္ငံမွာေနထိုင္ၿပီးေတာ့

ျပည္တြင္းအားကစားက႑ေတြမွာ ေအာင္ျမင္ေအာင္စြမ္းေဆာင္ႏိုင္တဲ့သူကို

ပရိသတ္ေတြက မဲေပးေ႐ြးခ်ယ္ဆုခ်ီးျမင့္တာျဖစ္ပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ရာဒူကာႏူဟာ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းက

US အိုးပင္းခ်န္ပီယံဆုဆြတ္ခူးရရွိခဲ့ၿပီး (၆၇)ႏွစ္အတြင္း အသက္အငယ္ဆုံးခ်န္ပီယံ၊

(၄၄)ႏွစ္အၾကာမွာ ဂရင္းစလင္းခ်န္ပီယံဆုတစ္ခုကို ပိုင္ဆိုင္ခဲ့တဲ့

ပထမဆုံးၿဗိတိန္တင္းနစ္မယ္စတဲ့ စံခ်ိန္မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ပဲ ရာဒူကာႏူဟာ တိုက်ိဳအိုလံပစ္မွာ သူရဲေကာင္းျဖစ္ခဲ့သူ

တြမ္ဒါေလ၊ အဒမ္ပီတီတို႔အျပင္ နာမည္ေက်ာ္လက္ေဝွ႔အားကစားသမား

တိုင္ဆင္ဖ်ဴရီ၊ မန္စီးတီးေဘာလုံးသမားစတာလင္တို႔ကိုေက်ာ္ျဖတ္ၿပီးေတာ့

BBC Sports Personality of the Year ဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ ရာဒူကာႏူဟာ ၁၉၉၈ ခုႏွစ္က BBC Sports Personality of the Year ဆုကို

ရရွိခဲ့တဲ့ အဂၤလန္နဲ႔လီဗာပူးလ္ဂႏၴဝင္တိုက္စစ္မႉးမိုက္ကယ္အိုဝင္ေနာက္ပိုင္း

အသက္အငယ္ဆုံးဆုပိုင္ရွင္ျဖစ္လာသလို အံ့အားသင့္စရာေကာင္းတာက

၂၀၂၀ ၊ ဒီဇင္ဘာလတုန္းက ဒီဆုကို ေဖာ္ျမဴလာဝမ္းကားေမာင္းသမားဟာလ္မီတန္

ဆြတ္ခူးခဲ့ခ်ိန္မွာ ရာဒူကာႏူရဲ႕ တင္းနစ္ကမာၻ႔အဆင့္သတ္မွတ္ခ်က္က (၃၄၅)သာရွိေနတဲ့အျပင္

ေက်ာင္းသူတစ္ဦးျဖစ္ေနၿပီး (၁၂)လအၾကာမွာပဲ ဂုဏ္ယူစရာေကာင္းတဲ့

ဆုကိုပိုင္ဆိုင္ႏိုင္ခဲ့ပါၿပီ။ ဒါေပမဲ့ ရာဒူကာႏူဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတာေၾကာင့္

ဆုေပးပြဲအခမ္းအနားကို မတက္ေရာက္ႏိုင္ခဲ့ဘဲ

သူမရဲ႕ေနအိမ္ကေန ေက်းဇူးတင္စကားေျပာၾကားခဲ့ရပါတယ္။